ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၁၅/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

 

နေပြည်တော်   ဒီဇင်ဘာ   ၂၉    

 

ပြည်ထဲရေးဝန်ကြီးဌာန    မြန်မာ နိုင်ငံရဲတပ်ဖွဲ့  ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၁၅/၂၀၂၃)ရဲသူရတပ်ခွဲ     သင်တန်းဆင်းပွဲ အခမ်းအနားကို      ယနေ့နံနက် ၇ နာရီခွဲတွင်  မန္တလေးတိုင်းဒေသ ကြီး  ပြင်ဦးလွင်မြို့နယ်  ရဲအရာရှိ လေ့ကျင့်ရေးကျောင်း      စစ်ရေး ပြကွင်း၌ ကျင်းပသည်။


သင်တန်းဆင်းပွဲ အခမ်းအနား သို့        ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး     မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်  ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊   ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ်     အောင်နိုင်သူ   နှင့် ရဲအရာရှိကြီးများ၊   နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်)ပါမောက္ခချုပ် ဦးကျော်စိုး၊   ဗဟို မီးသတ်        သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်     ဖိတ်ကြား ထားသူများ      တက်ရောက်ကြ သည်။


အခမ်းအနားတွင်     ဒုတိယ ဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် သည် ဒုတိယရဲအုပ်လောင်းများ ၏    အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲအား စစ်ဆေး ပြီး  ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊    အမြန်လျှောက် ဖြင့်         ချီတက်       အလေးပြု ကြသည်။


ယင်းနောက်  ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့       ရဲချုပ်က အကောင်းဆုံးကျောင်းသား ဆုရ ဒုတိယရဲအုပ်လောင်း      ဇော်မျိုး သက်၊      ကွန်ပျူတာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း စီစီခိုင်၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း     ဇော်မျိုး သက်၊     အင်္ဂလိပ်စာဘာသာရပ် ထူးချွန်ဆုရ  ဒုတိယရဲအုပ်လောင်း ညီညီဇင်နှင့်     ဥပဒေဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဇော်မျိုးသက်တို့ကို ဆုများ ပေးအပ် ချီးမြှင့်သည်။


ထို့နောက်       ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့       ရဲချုပ်က သင်တန်းဆင်း      ဒုတိယရဲအုပ် လောင်းများအနေဖြင့်     တပ်ဖွဲ့ အသီးသီးတွင်   ခေါင်းဆောင်ငယ် များအဖြစ်     စတင်တာဝန်ထမ်း ဆောင်ကြရမည့်သူများ  ဖြစ်သည့် အတွက်    ခေါင်းဆောင်မှုအင်္ဂါရပ် (၁၆)ရပ်နှင့်အညီ မိမိလက်အောက် ကို  ကွပ်ကဲအုပ်ချုပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်သည့်  ပြည်တွင်း လုံခြုံရေးနှင့်      ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊  မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး၊   ပြည်သူ့အကျိုးပြု လုပ်ငန်းများ   ဆောင်ရွက်ရေးတို့ကို အလေးထားပြီး  အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် သွားကြရန်        လိုအပ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည်   ပြည်တွင်း လုံခြုံရေးကို နောင်တော်တပ်မတော် နှင့်အတူ    ဆောင်ရွက်နေကြခြင်း ဖြစ်သည့်အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့်      လုံခြုံရေး ကျိုးပေါက်မှုများ        မရှိစေရေး အလေးထား ကြပ်မတ်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊       ရပ်ရွာ အေးချမ်းသာယာရေးနှင့်   တရား ဥပဒေစိုးမိုးရေးသည်    အဓိကကျ သောကြောင့် ပြည်သူလူထုအတွင်း ကိုယ်ချင်းစာတရားနှင့်  စေတနာ တို့ထားရှိကာ    ကောင်းမွန်သော ဝန်ဆောင်မှုဖြင့်   မှုခင်းအသိပညာ ပေးလုပ်ငန်းများကို  ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ပြီး     ပြစ်မှု တိုက်ဖျက်ရေးဆိုင်ရာ  လုပ်ငန်းစဉ် များကို ဥပဒေနှင့်အညီ ဘက်ပေါင်းစုံ မှ  ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်        ဖြစ် ကြောင်း။


မူးယစ်ဆေးဝါးနှင့်     စိတ်ကို ပြောင်းလဲစေသော     ဆေးဝါးများ အန္တရာယ်ကို          အမျိုးသားရေး တာဝန်တစ်ရပ်       အနေဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့်  ပြည်သူလူထုတစ်ရပ် လုံး  ပူးပေါင်းလက်တွဲ၍  မူးယစ် ဆေးဝါး        ပပျောက်သည်အထိ တားဆီးကာကွယ်ရေး၊      စုံစမ်း ဖော်ထုတ်   အရေးယူရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့်ဆောင်ရွက် သွားကြရန်နှင့်  လူမှုရေးလုပ်ငန်း များ၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း များ၊          သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး   လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း စိတ်အားထက်သန်စွာဖြင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။


ရဲတပ်ဖွဲ့ဝင်တိုင်း      စွမ်းရည် ပြည့်ဝထက်မြက်နေစေရန်အတွက် “လေ့လာ၊  လေ့ကျင့်၊  လိုက်နာ” ဆိုသည့်    လေ့ကျင့်ရေးမူဝါဒနှင့် အညီ      ပြောင်းလဲတိုးတက်လာ သည့် ရဲလုပ်ငန်းစနစ်များ၊ စစ်နည်း ဗျူဟာများနှင့်   စစ်အတတ်ပညာ များကို   စဉ်ဆက်မပြတ်လေ့လာ နေရန်လိုအပ်ကြောင်း၊    တပ်ဖွဲ့ဝင် အားလုံး လေ့ကျင့်သားပြည့်ဝနေ စေရန် တပ်ဖွဲ့အလိုက် တစ်ဦးချင်း ကိုင်တွယ်ရမည့်      လက်နက်နှင့် ရဲတပ်ဖွဲ့သုံး            ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်ရေး  လိုအပ်သည့် လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ဆန်းသစ်ပြောင်းလဲတိုးတက်နေ မှုနှင့်အညီ လိုက်ပါဆောင်ရွက်နိုင် ရန်  အင်္ဂလိပ်ဘာသာစကားအပါ အဝင်  အခြားဘာသာစကားများ၊ ကွန်ပျူတာ၊      အင်တာနက်၊ နည်းပညာဆိုင်ရာ       ပညာရပ် များကိုလည်း     ပိုမိုတိုးတက် ကျွမ်းကျင်အောင်   စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်     လိုအပ် ကြောင်း၊ အမျိုးသမီးရဲအရာရှိများအနေဖြင့်လည်း  မိမိတို့ရောက်ရှိ တာဝန်          ထမ်းဆောင်ကြရမည့် လက်တွေ့နယ်ပယ်တွင်  လေ့ကျင့် သင်ကြား ပျိုးထောင်ပေးလိုက်သည့်  ပညာရပ်များကို           အခြေခံပြီး လက်တွေ့ဘဝနှင့်         ပေါင်းစပ် အကောင်အထည်ဖော်      ဆောင် ရွက်သွားကြရမည်    ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ    ရဲတပ်ဖွဲ့သင်တန်း ကျောင်းများက သင်ကြားလေ့ကျင့် ပေးမှုများနှင့် ကိုယ်တိုင်အားထုတ် မှုများက    ရရှိလာသည့်    လေ့လာ၊ လေ့ကျင့်မှုများကို သင်တန်းကာလ အတွက်သာမဟုတ်ဘဲ     စဉ်ဆက် မပြတ် လိုက်နာကျင့်သုံးသွားကြ ရန်    အလေးနက်ထား   မှာကြား လိုကြောင်း ပြောကြားသည်။


အဆိုပါ  ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၁၅) ရဲသူရ တပ်ခွဲတွင်        တပ်တွင်းဘွဲ့ရ အမျိုးသား ၁၉၉ ဦး၊   တပ်တွင်း ဘွဲ့ရ အမျိုးသမီး ၁၄၂ ဦး စုစုပေါင်း ၃၄၁ ဦးတို့ကို  သင်တန်းဆင်းပေး ခဲ့ကြောင်း သိရသည်။

သတင်းစဉ်