
ထက်မြတ်
ရှေးယခင်တုန်းက မြို့တစ်မြို့တည်မည် ဆိုလျှင် မြစ်နီး၊ ချောင်းနီးသည့် နေရာကို ရှာဖွေကြလေ့ရှိသည်။ အဘယ်ကြောင့် ဆိုသော် မြစ်နီး၊ ချောင်းနီးပါက သွားရေး၊ လာရေးနှင့် ကူးသန်းရောင်းဝယ်ရေး အဆင်ပြေစေသောကြောင့် ဖြစ်သည်။ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် သဘာဝအရင်း အမြစ်အနေဖြင့် ကမ်းရိုးတန်းတည်ရှိပြီး စနစ်တကျအသုံးပြုတတ်သော နိုင်ငံမှန် လျှင် ချမ်းသာကြွယ်ဝစမြဲဖြစ်သည်။ မြန်မာနိုင်ငံဆိုတာ သဘာဝအရင်းအမြစ် များနှင့်ပြည့်စုံနေသော နိုင်ငံတစ်နိုင်ငံဖြစ် သည်ဟု ပြောနိုင်သည်။ မြန်မာနိုင်ငံ မြေပုံကိုကြည့်လျှင် နယ်နိမိတ်စုစုပေါင်း အနက် အရှည် ၂၂၂၈ ကီလိုမီတာမှာ ပင်လယ်နှင့်ထိစပ်နေသည့် ကမ်းရိုးတန်း များသာ ဖြစ်သည်။
ကမ်းရိုးတန်းဆိုသည်မှာ နိုင်ငံ
တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအရေးပါသော နေရာတစ်ခုဖြစ်
ကမ်းရိုးတန်းဆိုသည်မှာ နိုင်ငံတစ် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက အရေးပါသော နေရာတစ်ခုဖြစ်သော ကြောင့် ကုန်သွယ်ရေးလုပ်ငန်းများ ပိုမို ဆောင်ရွက်နိုင်လေလေ နိုင်ငံ၏ စီးပွား ရေး တိုးတက်လေလေဖြစ်သည်ဟု ဆိုရ မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကမ်းရိုးတန်းများရှိ သည့်အလျောက် ဆိပ်ကမ်းများစွာ လည်းရှိသည်။ နိုင်ငံတော်၏ ပို့ကုန်၊ သွင်းကုန် ၈၅ ရာခိုင်နှုန်းကျော်ကို ကိုင်တွယ်ပေးလျက်ရှိသော အဓိက ဆိပ်ကမ်းမှာ ရန်ကုန်ဆိပ်ကမ်းဖြစ်သည်။
သို့သော် ရန်ကုန်ဆိပ်ကမ်းသည် တန်ချိန် ၁၅၀၀၀၊ သင်္ဘောအလျား ၁၆၇ မီတာနှင့် ရေစူးအနက် ၉ မီတာရှိသော သင်္ဘောများကိုသာ လက်ခံနိုင်သည်။ တခြားသော ဆိပ်ကမ်းများမှာလည်း ရန်ကုန်ဆိပ်ကမ်းနည်းတူ မြစ်တွင်း ဆိပ်ကမ်းများအဖြစ်သာ တည်ရှိနေ သည်။
ပင်လယ်ရေကြောင်းမှ ပို့ကုန်/သွင်းကုန်ပမာဏ အလွန်များပြား
ယနေ့ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ကြည့်လျှင် ပင်လယ်ရေကြောင်းမှ ပို့ကုန်/သွင်းကုန်ပမာဏ အလွန်များပြား လာသည်။ ပင်လယ်ကူးကုန်တင်သင်္ဘောကြီးများမှာလည်း အရွယ်အစားပိုမို ကြီးမားလာကာ ရေစူးအနက်လည်း ပိုမိုများပြားလာသည်။
မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ယခု ထက်ပိုပြီး ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ကို ဆောင်ရွက်လိုပါက ပင်လယ်ကူး ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင် မည့် ရေနက်ဆိပ်ကမ်းများ မဖြစ်မနေ လိုအပ်မည်မှာ အမှန်ပင်ဖြစ်သည်။
ဤအချက်ကို မြန်မာနိုင်ငံရှိ ခေါင်းဆောင်အစဉ်အဆက်က သဘော တူ လက်ခံသည့်အလျောက် ရေနက် ဆိပ်ကမ်းများကို အကောင်အထည်ဖော် ရန် ရည်ရွယ်ကြိုးပမ်းလုပ်ဆောင်ခဲ့သည် ကို တွေ့ရသည်။
ထိုသို့ အကောင်အထည်ဖော်နိုင်ရေး အတွက် သင့်လျော်သောနေရာကို ရှာဖွေရာ နှစ်နေရာကို တွေ့ရှိရသည်။ ယင်းနေရာများမှာ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူဒေသနှင့် တနင်္သာရီတိုင်း ဒေသကြီးရှိ ထားဝယ်ဒေသတို့ဖြစ်သည်။
နိုင်ငံတော်၏ ကောင်းကျိုးကိုလိုလား သော အစိုးရခေါင်းဆောင်များက ထိုနေရာများကို ရေနက်ဆိပ်ကမ်း သီးသန့် တည်ဆောက်ရန်အတွက် သာမကဘဲ အထူးစီးပွားရေးဇုန်များ အဖြစ် အကောင်အထည်ဖော်ရန် စဉ်းစား ခဲ့သည်။
အထူးစီးပွားရေးဇုန်
တစ်ခုထူထောင်ရာတွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာများကို အဓိကအားထား
မြန်မာနိုင်ငံအနေဖြင့် အထူးစီးပွား ရေးဇုန် တစ်ခုထူထောင်ရာတွင် ပြည်တွင်း မှ စီးပွားရေးလုပ်ငန်းရှင်များ၏ အားထက် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာ များကို အဓိကအားထားရသည်။ ပြည်တွင်း မှ ပညာရှင်များက ပြည်ပမှ ပညာရှင်များ နှင့် ပူးပေါင်းခွင့်ရသောကြောင့် အတွေ့ အကြုံကောင်းများကိုလည်း ရရှိနိုင်မည် ဖြစ်သည်။
ထို့ကြောင့်လည်း မြန်မာအစိုးရက ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ထူထောင် ရေးအတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ပွင့်လင်းစွာ ဖိတ်ခေါ်ခဲ့သည်။ ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားသူများ အနက်မှ တရုတ်နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းစုတစ်ခုဖြစ်သည့် CITIC အုပ်စု က စီမံကိန်းကို အကောင်အထည်ဖော် မည့် ရင်းနှီးမြှုပ်နှံသူအဖြစ် ၂၀၁၅ ခုနှစ် တွင် ရွေးချယ်ခံရသည်။
စီမံကိန်းစတင်ရန် နှစ်နှစ်ကျော် နှောင့်နှေးခဲ့
စီမံကိန်းအတွက် အစုရှယ်ယာရှင် များနှင့်သက်ဆိုင်သော သဘောတူ စာချုပ် (Shareholders' Section Agreement) နှင့် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) တို့ကို ၂၀၂၀ ပြည့်နှစ်တွင် ချုပ်ဆိုနိုင်ခဲ့သည်။ မူလက ထိုစာချုပ်များ ချုပ်ဆိုပြီးနောက် တည်ဆောက်ရေး လုပ်ငန်းများကို စတင်ရန်ဖြစ်သော်လည်း ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကြောင့်သာမက နှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက် ဆောင်ရွက်ခဲ့ရခြင်းတို့ကြောင့် စီမံကိန်း စတင်ရန် နှစ်နှစ်ကျော် နှောင့်နှေးခဲ့ရ သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် မှာတော့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို ဆောလျင်စွာ ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်နိုင် စေဖို့အတွက် ယခင်လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်ကို ပိုမိုပြည့်စုံစေရန်နှင့် ပိုမိုရှင်းလင်းတိကျစွာ နားလည်သဘော ပေါက်ရန် လိုအပ်သောကြောင့် ယင်းနှင့် ဆက်စပ်နေသည့် နောက်ဆက်တွဲ စာချုပ်ကို ချုပ်ဆိုလိုက်နိုင်ပြီဖြစ်သည်။
ထို့ကြောင့် လေ့လာဆန်းစစ်မှုများ ပြီးစီးသည့်နောက်ပိုင်း မကြာခင်အချိန် အတွင်းမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းများကို စတင် နိုင်တော့မည်ဖြစ်သည်။ စီမံကိန်းစတင် ဆောင်ရွက်ပြီဆိုသည်နှင့် ထိုအကျိုး ကျေးဇူးကို စတင်ရရှိမည့်သူများမှာ ဒေသခံပြည်သူများသာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တည် ဆောက်ရေးစီမံကိန်းဖြစ်သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများ လာမည်ဖြစ်သောကြောင့်ဖြစ်သည်။ စီမံကိန်းပြီးစီးသွားပြီဆိုလျှင်တော့ ထိုမှရရှိ သည့် အကျိုးကျေးဇူးများကို ဒေသခံ ပြည်သူများသာမက တစ်နိုင်ငံလုံးမှာရှိ သည့် ပြည်သူများအားလုံး ရရှိစံစားရ မည်သာဖြစ်သည်။
အခုဆက်ပြီး ပထဝီအနေအထားအရ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ရှိမှု ကြောင့် ရရှိလာနိုင်သည့် အကျိုးဆက် များကို တင်ပြပါမည်။ ကမ္ဘာ့ကုန်သွယ်ရေး တွင် အသုံးပြုမှု အများဆုံးလမ်းကြောင်း မှာ ရေလမ်းကြောင်းဖြစ်သည်ဟု တင်ပြ ခဲ့ပြီး ဖြစ်သည်။
ကုန်တင်သင်္ဘောကြီးများဖြင့်တင်၍ ရေလမ်းကြောင်းမှ သယ်ယူခြင်းသည် ကုန်ကျစရိတ် အလွန်သက်သာ
ကုန်တင်သင်္ဘောကြီးများဖြင့် တင်၍ ရေလမ်းကြောင်းမှ သယ်ယူခြင်းသည် ကုန်ကျစရိတ် အလွန်သက်သာသည်။ လေကြောင်းလိုင်းထက်စာလျှင် ရေလမ်း ကြောင်းမှသယ်ယူခြင်းက အချိန်အနည်း ငယ်ပိုပေးရသော်လည်း ပစ္စည်းပမာဏ အများအပြားကို တစ်ချိန်တည်းတစ်ပြိုင် တည်းပို့ဆောင်နိုင်ခြင်းကြောင့် တွက်ခြေ ကိုက်သည့် ပို့ဆောင်ရေးနည်းလမ်းဖြစ် သည်။
ကမ္ဘာ့မြေပုံကို ရှေ့မှာချပြီးကြည့်ပါ က ကမ္ဘာ့အရှေ့ခြမ်းမှ ကမ္ဘာ့အနောက် ခြမ်းသို့ ကုန်ပစ္စည်းများ တင်ပို့မှုအတွက် အသုံးပြုနေသည့် ပင်လယ်ရေလမ်း ကြောင်းများကို မြင်တွေ့ရမည်ဖြစ်သည်။ ထိုလမ်းကြောင်း တစ်လျှောက်တွင် ရေနက်ဆိပ်ကမ်းကြီးများရှိသည်။
စင်ကာပူနိုင်ငံက ကမ္ဘာ့အကြီးဆုံး ရေနက်ဆိပ်ကမ်းနောက်တစ်ခု ပိုင်ဆိုင်တော့မည်
အရွယ်အစား သေးငယ်လှပါသည် ဆိုသော စင်ကာပူနိုင်ငံပင်လျှင် ရေနက် ဆိပ်ကမ်းကြီးနှစ်ခုကို ပိုင်ဆိုင်ထားသည့် အတွက် ကုန်သွယ်ရေးဗဟိုချက်လိုဖြစ် နေသည်။ မကြာမီ စင်ကာပူနိုင်ငံက ကမ္ဘာ့အကြီးဆုံး ရေနက်ဆိပ်ကမ်းနောက် တစ်ခုကို ပိုင်ဆိုင်တော့မည်ဖြစ်သည်။
တချို့သော သင်္ဘောများသည် ကုန်စည်ကူးသန်းတင်ပို့ရာတွင် မလိုအပ် ဘဲပတ်သွားနေရသည့်အတွက် စက်သုံး ဆီပိုသုံးရသလို ကုန်ကျစရိတ်လည်း ပိုမိုကျသင့်နေရသည်။
အကယ်၍များ မြန်မာနိုင်ငံမှာ ရေနက်ဆိပ်ကမ်းများ တည်ဆောက်ပြီး ကုန်သွယ်ရေးဗဟိုချက်အဖြစ် ဖန်တီးနိုင် မည်ဆိုလျှင် ဘယ်လောက်တောင် ကောင်းလိမ့်မလဲဟု ကျွန်တော့်အနေဖြင့် ယခင်တုန်းက တွေးမိသည်အထိပင်ဖြစ် သည်။ အခုတော့ ကျွန်တော်တွေးထင် ထားသည့် စီမံကိန်းကြီးက အကောင် အထည်ပေါ်လာတော့မည်ဖြစ်သည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း အပါ အဝင် အထူးစီးပွားရေးဇုန်ကို တည် ဆောက်ပြီးစီးသွားပါက တစ်နှစ်လျှင် ကုန်သေတ္တာအလုံးရေ ခုနစ်သန်းခန့် လက်ခံထားနိုင်မည် ဖြစ်သောကြောင့် ဒေသတွင်း ကုန်သွယ်ရေးအတွက် သာမက ကမ္ဘာ့ကုန်သွယ်ရေးအတွက်ပါ အချက်အချာကျသည့် နေရာဖြစ်လာ မည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာ တစ်ဝန်းတွင် အသုံးပြုနေသည့် ကုန်ပစ္စည်းအများစုကို တရုတ်နိုင်ငံက ထုတ်လုပ်တင်ပို့နေရသောကြောင့် ဖြစ် သည်။ တရုတ်နိုင်ငံက ကုန်ပစ္စည်း များ တင်ပို့ရာတွင် ဝေးလံသော ရေလမ်းကြောင်းများ၊ ကုန်ကျစရိတ် ကြီးမြင့်သော ကုန်းလမ်းကြောင်းများနှင့် လေကြောင်းလိုင်းများကို အသုံးပြုနေရ သည်။
တရုတ်နိုင်ငံအနေဖြင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တစ်ဆင့် ကမ္ဘာတစ်ဝန်းသို့ တင်ပို့လျှင် ကုန်ကျစရိတ်သက်သာမည်
တရုတ်နိုင်ငံအနေဖြင့် သူတို့၏ ကုန် ပစ္စည်းများကို မြန်မာနိုင်ငံထဲမှ ဖြတ်သန်း ကာ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ တစ်ဆင့် ကမ္ဘာတစ်ဝန်းသို့တင်ပို့မည်ဆို လျှင် ကုန်ကျစရိတ် အလွန်သက်သာသွား မည်ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံမှထွက်ရှိသည့် ကုန်ပစ္စည်းများကိုလည်း ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှတစ်ဆင့် တင်ပို့နိုင်ဦး မည်ဖြစ်သည့်အတွက် မိမိတို့၏ ကုန်ပစ္စည်းများကို ကမ္ဘာ့ဈေးကွက်သို့ထိုးဖောက်နိုင်မည်ဖြစ်သည်။
တစ်ဖက်တွင် ကုန်ပစ္စည်းများကို ဖြတ်သန်းခွင့်ပြုမှုအတွက် ဝင်ငွေများရရှိ မည်ဖြစ်သလို အခြားတစ်ဖက်တွင် မိမိ တို့၏ကုန်ပစ္စည်းများကို ကမ္ဘာ့ဈေးကွက် သို့ တင်ပို့နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံအတွင်း စီးပွားရေးတိုးတက်မှုများ ရှိလာမည်ဖြစ်သည်။
ထို့ပြင် ပြည်ပမှ သွင်းကုန်များကိုတင်သွင်းရာတွင် အခြားနိုင်ငံများ၏ ဆိပ်ကမ်းများကို အားကိုးစရာမလိုတော့ သောကြောင့် ပြည်သူများအနေဖြင့် ကုန်ကျစရိတ် သက်သာသွားမည်ဖြစ် သည်။
ထို့ကြောင့် ပြန်ကြည့်မည်ဆိုလျှင် ရေနက်ဆိပ်ကမ်းတစ်ခုတည်ဆောက်မှု က များစွာသောအကျိုးကျေးဇူးများကိုရရှိဖြစ်ထွန်းစေကြောင်းတွေ့ရမည်ဖြစ်သည်။
ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါ ကလည်း မြန်မာနိုင်ငံသည် ကမ္ဘာ့ အလယ်တွင် မျက်နှာပန်းလှသည့် နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံကြီးနှင့်တကွ မြန်မာ နိုင်ငံသူ၊ မြန်မာနိုင်ငံသားများကို မဖွံ့ဖြိုး မတိုးတက်စေလိုသော လူတစ်စုကလည်း သက်သက်ကိုရှိသည်။ ထိုသူတွေကတော့ မြန်မာနိုင်ငံ ကောင်းစားရေးအတွက် အစိုးရနှင့် ပြည်သူလက်တွဲ လုပ်ဆောင်မှု မှန်သမျှကို မကောင်းပြောဖို့ အသင့်စောင့် နေသည်။
တချို့ကလည်း သွေးခွဲစကားဆိုသေး သည်။ ကျောက်ဖြူရေနက်စီမံကိန်းမှ အကျိုးအမြတ်များကို ဒေသခံပြည်သူ များမရရှိဘဲ နစ်နာမှုများသာ ရှိမည်ဟု ဆိုကြခြင်းဖြစ်သည်။ ဒီကိစ္စကဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ အားလုံးအသိပင် ဖြစ်သည်။
ဒေသတစ်ခုတွင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတစ်ခုကို အကောင်အထည် ဖော်ပါက ထိုလုပ်ငန်းမှရရှိသည့်အကျိုး ကျေးဇူးများကို အရင်ဆုံးရရှိသူများမှာ ဒေသခံပြည်သူများပင်ဖြစ်သည်။ မည်သို့ ပင်ဆိုစေကာမူ မြန်မာနိုင်ငံအတွက် ပထမဆုံးသော ရေနက်ဆိပ်ကမ်းဖြစ်လာ မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်တကွ အထူးစီးပွားရေးဇုန်နှင့် စက်မှုဥယျာဉ် စီမံကိန်းကြီးကတော့ မကြာမီအကောင်အထည် ပေါ်လာတော့ မည်ဖြစ်သည်။
စီမံကိန်းကြီးပြီးစီးသွားမှ သာမဟုတ် ဘဲ စီမံကိန်းစတင်ပါပြီဆိုကတည်းက ဒေသခံ ပြည်သူများအတွက်သာမက နိုင်ငံတော်တစ်ဝန်းလုံးတွင် မှီတင်း နေထိုင်ကြသော နိုင်ငံသားများအားလုံး အတွက် အလုပ်အကိုင်အခွင့်အလမ်း များနှင့် များစွာသော ဖွံ့ဖြိုးတိုးတက်မှုများ ကို ဆောင်ကြဉ်းပေးနိုင်တော့မည်မှာ မြေကြီးလက်ခတ် မလွဲပင်ဖြစ်ကြောင်း ဂုဏ်ယူစွာ ရေးသားတင်ပြလိုက်ရ ပါသည်။ ။
- Log in to post comments