
ရန်ကုန် ဒီဇင်ဘာ ၂၉
ပြသသူပေါင်း ၅၀၀ ကျော်ပါဝင်၍ ကွန်ရက်ချိတ်ဆက်မှုနှင့် လုပ်ငန်း အခွင့်အလမ်းများ ရရှိနိုင်သည့် အိန္ဒိယနိုင်ငံ၏ တစ်ခုတည်းသော ပို့ကုန်အဓိကထားသည့် ပြပွဲ PLEXCONNECT 2024 သို့ မြန်မာ နိုင်ငံမှ လုပ်ငန်းရှင်များ တက် ရောက်ရန်ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (UMFCCI) မှ သိရသည်။
ပလတ်စတစ်ပို့ကုန်မြှင့်တင်ရေးကောင်စီ (PLEXCONCIL) က ကူးသန်းရောင်းဝယ်ရေးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန အိန္ဒိယအစိုးရနှင့် ပူးပေါင်း၍ PLEXCONNECT 2024 ကို အိန္ဒိယနိုင်ငံ Mumbai တွင် ၂၀၂၄ ခုနှစ် ဇွန် ၇ ရက်မှ ၉ ရက် အထိ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။
အဆိုပါပြပွဲမှာ အိန္ဒိယနိုင်ငံ၏ တစ်ခုတည်းသော ပို့ကုန်အဓိက ထားသည့် ပြပွဲဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှ ဝယ်ယူသူ အဝယ် တော် ၉၀၀ ကျော် ပါဝင်တက် ရောက်ပြီး Trade Visitor ပေါင်း ၂၅၀၀၀ ကျော်၊ ပါဝင်ပြသသူပေါင်း ၅၀၀ ကျော်အတွက် ကွန်ရက် ချိတ်ဆက်မှုနှင့် လုပ်ငန်းအခွင့် အလမ်းများ ရရှိနိုင်မည်ဖြစ် ကြောင်း UMFCCI မှ သိရသည်။
မြန်မာနိုင်ငံမှ အရည်အသွေး ပြည့်မီသော ပလတ်စတစ်ဝယ်ယူ သူများအား PLEXCONNECT 2024 တွင် စီစဉ်ထားသော RBSM သို့ ဖိတ်ခေါ်လိုသည့်အပြင် ဝယ်ယူ သူများကို MAI အစီအစဉ်အရ ဖိတ်ခေါ်မည်ဖြစ်ပြီး အစီအစဉ် ၏ တည်ဆဲစံနှုန်းများအတိုင်း ရွေးချယ်ခံရသော အဝယ်တော် များအား လေယာဉ်ခ၊ ဟိုတယ် (နှစ်ည) နှင့် ground hospita- lity ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်းလည်း သိရသည်။
“PLEXCONNECT 2024” သို့ ပါဝင်ပြသရန်စိတ်ပါဝင်စားသည့် UMFCCI ညီနောင်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် အသေးစိတ်အချက်အလက် များကို Website: www.plexconcil.org/plexconnect/ နှင့် https://www.plexconcil.org/ plexconnect/buyerde-tails သို့ တိုက်ရိုက်ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ပြီး Mr. Ruban Hobday, Regional Director, Email: ruban.hobday@plex-concil.org သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းစုံစမ်း၍ Reg-istration ပြုလုပ်နိုင်မည်ဖြစ် ကြောင်း သိရသည်။
MT