
နေပြည်တော် ဒီဇင်ဘာ ၂၉
(၇၆)နှစ်မြောက် လွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော် ကောင်စီနယ်မြေ ရန်ကုန် - မန္တလေး ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ် ၂၂၃ မိုင် တစ်ဖာလုံရှိ အရှည်ပေ ၂၁၀၊ လေးလမ်းသွား ဆင်သေချောင်း တံတား(ကျောက်ချက်) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် အဆိုပါတံတား၌ ကျင်းပ သည်။
ဖွင့်ပွဲ အခမ်းအနားသို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်နှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင် များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြ သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးဗိုလ် ဗိုလ်ကျော်၊ ဦးဝင်းဖေနှင့် ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်တို့ က ဆင်သေချောင်းတံတား (ကျောက်ချက်) ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။(အပေါ်ပုံ)
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့သည် ဆင်သေချောင်း တံတား (ကျောက်ချက်) ကမ္ပည်း မော်ကွန်း ကျောက်စာတိုင်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပြီး တာဝန် ရှိသူများနှင့်အတူ အမွှေးနံ့သာရည် ပက်ဖျန်း၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ တံတားအား ဖြတ်သန်းကြည့်ရှုသည်။
ယခင် ဆင်သေချောင်းတံတား (ကျောက်ချက်)၏ တစ်လမ်း မောင်း သံပေါင်တံတားဟောင်း သည် အသုံးပြုခဲ့သည့် နှစ်ကာလ ကြာမြင့်ပြီဖြစ်၍ ကြံ့ခိုင်မှု အားနည်းလာခြင်း၊ ကုန်တင်ယာဉ် ကြီးများ၏ ဝန်အားပိုမိုလာခြင်း နှင့် နှစ်လမ်းမောင်းကားလမ်းတွင် တစ်လမ်းမောင်း သံပေါင်တံတား ဖြစ်နေ၍ ယာဉ်များ သွားလာမှု ကြန့်ကြာခြင်းတို့ကြောင့် ၎င်း တံတားနေရာတွင် နှစ်လမ်းမောင်း သံကူကွန်ကရစ် တံတားအား အသစ်တည်ဆောက်၍ လေးလမ်း မောင်း သံကူကွန်ကရစ်တံတား အဖြစ် ဆောက်လုပ်ရေးဝန်ကြီး ဌာန တံတားဦးစီးဌာန တံတား အထူးအဖွဲ့(၆)က ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်တည်ဆောက် ခဲ့ရာ ယနေ့တွင် ဖွင့်လှစ်ပေးနိုင် ခဲ့ခြင်းဖြစ်သည်။
ရန်ကုန် - မန္တလေး ပြည်ထောင်စု လမ်းမကြီးသည် ယာဉ်သွားလာမှု များပြားလာ သဖြင့် လက်ရှိ လေးလမ်းသွားမှ ခြောက်လမ်းသွားသို့ အဆင့် မြှင့်တင်နိုင်ရေး လမ်းတာပေါင် ပေ ၉၀ အကျယ် တိုးချဲ့ခြင်း ဆောင်ရွက်ပြီးစီး၍ မိုးရာသီ ကာလအတွင်း လမ်းဘေးဝဲ၊ ယာ၌ သစ်ပင် သုံးတန်းစိုက်ပျိုးခြင်းများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရှိရသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဆင်သေ ချောင်းတံတား (ကျောက်ချက်)တံတားအဝင်၊ အထွက်နေရာ နှင့် ဘောဂသီရိကားဝင်းလမ်းဆုံ (Y-Junction) နေရာသည် ကုန်တင် ယာဉ်ကြီးများနှင့် မြို့တွင်း သွားလာသည့် ယာဉ်ငယ်များ၊ အနှေးယာဉ်များဆုံသည့် နေရာ ဖြစ်သဖြင့် တံတားအသစ် တည်ဆောက်ပြီးဖြစ်၍ ယာဉ် ကြောပိတ်ဆို့မှု လျော့နည်းစေရေး နှင့် ယာဉ်များသွားလာမှု စနစ် တကျဖြစ်စေရေး ယာဉ်ကြောများ ပြင်ဆင်သတ်မှတ်ရေးဆွဲပေးခြင်း၊ မီးပွိုင့်အသစ်များ တပ်ဆင်ပေး ခြင်းတို့ကို မြို့တော်အင်္ဂါရပ်နှင့် အညီ ဆောင်ရွက်ပေးထားသည့် အတွက် မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာ စနစ်တကျ သွားလာနိုင်ပြီဖြစ်သည်။
ထို့ပြင် နိုင်ငံတော်အကြီးအကဲ ၏ လမ်းညွှန်ချက်နှင့်အညီ ဆင်သေ ချောင်းတံတား (ကျောက်ချက်) ၏ အောက်ဘက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနမှ ယာယီရေထိန်းတမံပြုလုပ် ၍ ချောင်းရေ Level ထိန်းသိမ်းခြင်း နှင့် ချောင်းဘေးဝဲ၊ ယာ ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများ၊ ကမ်းပါး များ သန့်ရှင်းသပ်ရပ်လှပရေး အစီအမံများလည်း ဆောင်ရွက် လျက်ရှိသဖြင့် ရေ Level ထိန်းသိမ်းထားခြင်းဖြင့် ရေထိန်း တမံ၏ အထက်ဘက် ဆင်သေ ချောင်းတစ်လျှောက် ချောင်းဘေး ဝဲ၊ ယာရှိ လယ်မြေ၊ ယာမြေနှင့် အခြားစိုက်ပျိုးမြေများကို တစ်နှစ် ပတ်လုံး စိုက်ပျိုးရေ ရရှိအောင် ဆောင်ရွက်ပေးလျက် ရှိသော ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖြင့် အသက်မွေးဝမ်းကျောင်းပြု သည့် ဒေသခံပြည်သူများအနေဖြင့် အကျိုးကျေးဇူး များစွာရရှိမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်