ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော် ဒီဇင်ဘာ ၂၉


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ   နေပြည်တော်  ဒက္ခိဏသီရိမြို့နယ်ရှိ  ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင်  တည်ထားပူဇော်သည့်  ကမ္ဘာပေါ်ရှိ  ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်  ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ကြည်ညိုကြသည်။


ရှေးဦးစွာ ဘုရားဖူးလာဂေါပကအဖွဲ့ ဝင်များသည်  ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ထားရှိသည့် မော်ကွန်းတိုက် ၌ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်   ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပပြုလုပ်ခဲ့ သည့် မဟာမင်္ဂလာအခမ်းအနားများတွင် အသုံးပြုခဲ့သည့် ပစ္စည်းများ၊  ဘုရားရှင် ဓာတ်တော်၊    ရဟန္တာဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့သည့်   ရွှေဖလားများ၊ မာရဝိဇယဆင်းတုတော်ကြီးအား အစိတ် အပိုင်းလေးပိုင်းခွဲ၍   တည်ဆောက်ထား သော    ဆင်းတုတော်ကြီးပုံစံငယ်များ၊ မြန်မာ့ရိုးရာ ပန်းဆယ်မျိုးလက်ရာပုံစံငယ် များ၊  ရုပ်ပွားတော်မြတ်ကြီး  တည်ထား ပူဇော်မှုမှတ်တမ်းဓာတ်ပုံများနှင့် အခြား လေ့လာသင့်သည်များကို     လှည့်လည် ကြည့်ရှုကြသည်။


လေ့လာကြည့်ရှု


ထို့နောက် ဘုရားဖူးလာဂေါပကအဖွဲ့ ဝင်များသည် မာရဝိဇယရုပ်ပွားတော်မြတ် ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြ ပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင် ကျောက်များ အသုံးပြု၍ တည်ဆောက် ထားသည့်    ဂန္ဓကုဋိတိုက်များအတွင်း၌ လေ့လာကြည့်ရှုကြသည်။ 


ယင်းနောက် ရှင်းလင်းဆောင်၌ မာရ ဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပက အဖွဲ့နှင့်       ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့်     ထိန်းသိမ်း ခြင်းလုပ်ငန်းများတွင်  ပါဝင်ဆောင်ရွက် ခဲ့ကြသည့်    ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ် ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော် မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ    တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိ      ထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများ     အသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထား ဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက် စွာ  ကျင်းပနိုင်ခဲ့မှု   အခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး    မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန်     အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို  ပြသ သည်။


ရှင်းလင်းဖြေကြား 


ဆက်လက်၍ ဘုရားဖူးလာဂေါပက အဖွဲ့ဝင်များက    ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ    တည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည် များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြား ကြပြီး   ဘုရားဖူးလာဂေါပကအဖွဲ့ဝင် များကိုယ်စား   ဂေါပကအဖွဲ့ဝင်တစ်ဦးက ယခုကဲ့သို့   ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမြော် နိုင်ရေးအတွက်   စီစဉ်ဆောင်ရွက်ပေး မှုများနှင့်        ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု      လုပ်ငန်းစဉ် အဆင့်ဆင့်ကို    အသေးစိတ်ရှင်းလင်း ပြောကြားပေးမှုများအပေါ် ကျေးဇူးတင် စကားပြောကြားသည်။ 


ထို့နောက် ဂေါပကအဖွဲ့ဝင်များသည် အလှူခံဌာန၌ ဘုရားကြီးဘက်စုံပြုပြင် မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြပြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း အံ့မခန်း     ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ  တည်ထားပူဇော်ထား သည့်  အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော် ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက  အဆောက်အဦများ ကို ဆက်လက်ဖူးမြော်လေ့လာကြည်ညို ခဲ့ကြကြောင်း သိရှိရသည်။        

သတင်းစဉ်