၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းဆောင်ရွက်မည့် ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက် လိုအပ်သည်များနှင့်ပတ်သက်၍ ကြိုတင်မျှော်တွေးစီစဉ်ဆောင်ရွက်ထားကြရန်လို

 

နေပြည်တော်   ဒီဇင်ဘာ ၂၉


၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာ  သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းအတွက် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်   တတိယအကြိမ်   လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲက နေပြည်တော်ရှိ  လူဝင်မှုကြီးကြပ် ရေးနှင့်    ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။ 
အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ  လူဝင်မှုကြီးကြပ်ရေး နှင့်       ပြည်သူ့အင်အားဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး     ဦးမြင့်ကြိုင်၊ ကော်မရှင်အဖွဲ့ဝင်များ     ဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသ ကြီး / ပြည်နယ်ဦးစီးမှူးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသ ကြီး/ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ် မှုကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့်  တိုင်း ဒေသကြီး / ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ    ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက  သန်းခေါင်စာရင်း  ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ   အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နေပြည်တော်၊  တိုင်း ဒေသကြီး / ပြည်နယ်  သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအပါအဝင်   ခရိုင်၊ မြို့နယ်၊   ရပ်ကွက် /  ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့် ကို  ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး  ဖြစ် သော်လည်း အချို့မြို့နယ်များ၌ဖွဲ့စည်းရန် အနည်းငယ်ကျန်ရှိနေသည့်  ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီ များကိုလည်း  ဆက်လက်ဖွဲ့စည်းဆောင် ရွက်၍ ကော်မတီအဆင့်ဆင့်က  အချင်း ချင်း ညှိနှိုင်းပေါင်းစပ်ကာ   လုပ်ငန်းများ လျာထားချက်အတိုင်း    ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်   ဖြစ်ပါ ကြောင်း၊ သန်းခေါင်စာရင်းမေးခွန်းပုံစံနှင့် ပတ်သက်၍ မေးခွန်း ၆၈  ခုပါဝင်သည့် အိမ်ထောင်စုမေးခွန်းပုံစံနှင့် မေးခွန်း ၁၈ ခုပါဝင်သည့် အဖွဲ့အစည်းမေးခွန်းပုံစံများ ကို စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမေးမြန်းကောက်ယူခဲ့ပြီး ဖြစ်ပါကြောင်း။  
ရာနှုန်းပြည့်ကောက်ယူနိုင်
စမ်းသပ်သန်းခေါင်စာရင်းကို ရွေးချယ် သတ်မှတ်ထားသည့် မြို့နယ် ၂၀ မှ စာရင်း ကောက်ကွက် ၁၀၀  ၌   Mobile  Tablet များဖြင့်      မိမိတို့ဌာနဝန်ထမ်းများက  သက်ဆိုင်ရာသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့်  ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းက ကောက်ယူခဲ့ရာ ရာနှုန်းပြည့်အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ပါကြောင်း၊   နေပြည် တော်၊ တိုင်းဒေသကြီး/ပြည်နယ် သန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီများ အနေဖြင့် ၂၀၂၄ ခုနှစ်   အောက်တိုဘာလအတွင်း ဆောင်ရွက်မည့် ပြည်လုံးကျွတ်လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအတွက် လိုအပ် သည့်အုပ်ချုပ်မှုကိစ္စများ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊  စာရင်းစစ် စာရင်းကောက် များ ရွေးချယ်ခန့်ထားနိုင်ရေးနှင့် သန်းခေါင် စာရင်းသင်တန်းများ    ဖွင့်လှစ်နိုင်ရေး၊ အသုံးပြုမည့်   ပစ္စည်းကိရိယာများကို သက်ဆိုင်ရာဒေသသို့ အချိန်မီပေးပို့နိုင် ရေး၊   ပြည်သူလူထုအသိပညာပေးရေး စသည့်လုပ်ငန်းများနှင့်   ပတ်သက်၍ ကြိုတင်မျှော်တွေး စီစဉ်ဆောင်ရွက်ထားကြရန်လိုအပ်ပါကြောင်း၊    ယခုပြည်လုံး ကျွတ် သန်းခေါင်စာရင်းကို   နိုင်ငံတကာ အကူအညီမပါရှိဘဲ   နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် မိမိတို့ပြည်တွင်းအင်အား ဖြင့်သာ   ဆောင်ရွက်နေခြင်းဖြစ်သည့် အပြင်   ရရှိလာမည့်သန်းခေါင်စာရင်း အချက်အလက်များကို မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့် လူဦးရေစာရင်းများနှင့် နှိုင်းယှဉ်တိုက်ဆိုင်ကာ   ရွေးကောက်ပွဲ အတွက် မဲစာရင်းပြုစုရာတွင် အထောက် အကူဖြစ်စေရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည့်အတွက်  အားလုံးက ဝိုင်းဝန်းပူးပေါင်း   ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လက်ရှိအခြေအနေအရ ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများ၊ တွေ့ကြုံ နိုင်သည့်အခက်အခဲများကို    ဝိုင်းဝန်း အဖြေရှာ   ဖြေရှင်းဆောင်ရွက်နိုင်ရေး အတွက် ညှိနှိုင်းသုံးသပ်ဆွေးနွေးပေးကြရန်နှင့်    လုပ်ငန်းများအောင်မြင်ရေး အတွက်     တတ်ညီလက်ညီ    ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်  တိုက်တွန်း ပါကြောင်း ရှင်းလင်းပြောကြားသည်။ 
ထို့နောက်   ဗဟိုသန်းခေါင်စာရင်းကော်မရှင်အတွင်းရေးမှူး (၁)  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန  ဒုတိယဝန်ကြီး   ဦးဌေးလှိုင်က ပြည်လုံးကျွတ်      သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ လက်ရှိ   ဆောင်ရွက်နေမှုအခြေအနေ များကိုလည်းကောင်း၊ အတွင်းရေးမှူး(၂) ဒုတိယဝန်ကြီး    ဒေါက်တာမျိုးသန့်က သန်းခေါင်စာရင်း   အချက်အလက်များ လုံခြုံမှုရှိစေရေးအတွက် ဆောင်ရွက်သွား မည့်အစီအစဉ်များကို   လည်းကောင်း ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြ သည့်  ဗဟိုသန်းခေါင်စာရင်းကော်မရှင် အဖွဲ့ဝင်များ၊    ကိုယ်စားလှယ်များက သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အောင်မြင်ရေးအတွက်   ဌာနအလိုက် အကောင်အထည်ဖော်  ဆောင်ရွက်နေမှု အခြေအနေများကို    ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ 
ရှင်းလင်းတင်ပြ
ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက် ပြည်လုံးကျွတ် သန်းခေါင်စာရင်း    ကောက်ယူနိုင်ရေး အတွက်   ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း များဆောင်ရွက်နေမှု၊  စာရင်းစစ်စာရင်းကောက်များဖွဲ့စည်းမှု၊   သင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့် ပြည်သူအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေ အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။ 
ထို့နောက် ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ်   ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ   ပြည်ထောင်စုဝန်ကြီး က  လိုအပ်သည်များ    ညှိနှိုင်းဆွေးနွေး ဖြည့်စွက်ရှင်းလင်း ပြောကြားပြီး နိဂုံးချုပ် အမှာစကား  ပြောကြားခဲ့ကြောင်း   သိရ သည်။                              

သတင်းစဉ်