အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ပြန်လည်သုံးသပ်ရေး အစည်းအဝေးကျင်းပ

 

နေပြည်တော်    ဒီဇင်ဘာ    ၂၉


အမျိုးသားပို့ကုန်   မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ပြန်လည်သုံးသပ် ရေးအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင်  စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ချုပ်နှင့်   စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်    တက်ရောက်အမှာ စကား ပြောကြားသည်။


အစည်းအဝေးသို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး   ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး   ဦးအောင် နိုင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေး    ဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး  ဒေါက်တာကံဇော်၊   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊  ပြည်ထောင်စုစာရင်း စစ်ချုပ်    ဒေါက်တာခင်နိုင်ဦး၊ စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီး ဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီး များနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။


အစည်းအဝေး၌    ဒုတိယ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးက လက်ရှိကျင့်သုံးဆောင် ရွက်လျက်ရှိသော  မြန်မာနိုင်ငံ၏ ပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅)ကို  ပကတိအခြေအနေများနှင့် ကိုက်ညီစေရေးအတွက် ပြန်လည် သုံးသပ်ဆောင်ရွက်ရန်၊ နိုင်ငံတော် ၏ စီးပွားရေးဦးတည်ချက်များနှင့် လတ်တလော အကျိုးဖြစ်ထွန်းရရှိ နိုင်မည့်  ဦးစားပေးနယ်ပယ်များ ကို အလေးထားဆောင်ရွက်ရန်နှင့် ယင်းသို့     ဆောင်ရွက်ရာတွင် လက်ရှိ    ပို့ကုန်တင်ပို့နိုင်သည့် အခြေအနေများကို  သုံးသပ်ပြီး လက်တွေ့ကျကျ အချိန်တိုအတွင်း အောင်မြင်မှုရရှိနိုင်မည့်   ကိစ္စရပ် များအတွက် နှစ်စဉ်၊ ကာလတို၊ ကာလရှည်   ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များရေးဆွဲ၍  ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များပါဝင်ပြီး    ဘက်ပေါင်းစုံမှ  အားလုံးပေါင်းစည်း  ဆောင်ရွက် နိုင်မည့်မဟာဗျူဟာ (Integrated Strategy)  တစ်ရပ်   ဖြစ်ပေါ်ရေး အတွက်    သုံးသပ်ဆောင်ရွက် သွားရန်တို့ကို   ဆွေးနွေးမှာကြား သည်။


ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီးများနှင့်    အစည်းအဝေး တက်ရောက်လာသူများက အမျိုး သားပို့ကုန်    မဟာဗျူဟာနှင့် ဆက်စပ်သည့်ကိစ္စရပ်များအပေါ် အကြံပြုဆွေးနွေး    တင်ပြရာ  ဒုတိယဝန်ကြီးချုပ်နှင့်   စီမံကိန်း နှင့်    ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သက်ဆိုင် ရာကဏ္ဍအလိုက် လိုအပ်ချက်များ အား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်