မြန်မာနိုင်ငံ၏ ပထမဆုံးအဖြစ် အသွင်ဆန်းပြားသော မြန်မာ့အနုပညာ ကနုတ်ဒီဇိုင်းနှင့် Electronic Music ကို ပေါင်းစပ်ပုံဖော်ဖန်တီးထားသည့် စတိတ်စင်ကို Yangon New Year Countdown ပွဲကြီးတွင် အသုံးပြုမည်

 

ရန်ကုန်   ဒီဇင်ဘာ   ၂၉


မြန်မာနိုင်ငံ၏  ပထမဆုံးအဖြစ်   မြန်မာ့ အနုပညာ ကနုတ်ဒီဇိုင်းနှင့် Electronic Music ကို ပေါင်းစပ် ပုံဖော်ဖန်တီးထားသည့် စတိတ် စင်ကို  Yangon   New  Year   Countdown ပွဲကြီးတွင် အသုံးပြုသွားမည်ဟု စတိတ်စင်ကို ပုံဖော်ဖန်တီးသည့် Stage Design by Art of Nature မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 


Yangon New Year Countdown ပွဲကြီး ဒီဇင်ဘာ ၃၀ မှ  ၃၁  ရက်အထိ   ရန်ကုန်မြို့ရှိ Thuwanabumi Event Park ၌ ကျင်းပမည် ဖြစ်ကာ ပွဲတွင်အသုံးပြုမည့် အဆိုပါစတိတ်စင် သည် Electronic Music နှင့် မြန်မာ့ယဉ်ကျေးမှု အနုပညာအငွေ့အသက်တို့ ပေါင်းစပ်မှုတို့ကို တွေ့မြင်ခံစားနိုင်စေရန် ဖန်တီးထားခြင်းဖြစ်ကြောင်း သိရသည်။


“အဓိကကတော့   ကနုတ်ပါ။    ကနုတ်ကိုမှ အများကြီးရှိတယ်။  ထိုင်းနိုင်ငံမှာလည်း ရှိတယ်။ တရုတ်မှာလည်းရှိတယ်။ နိုင်ငံတိုင်းရဲ့ရိုးရာမှာ ဒီလို ဒီဇိုင်းကတော့   ရှိကြတယ်။  ဒါပေမယ့်   ကျွန်မတို့ ယူထားတာ မြန်မာ့ကနုတ်လက်ရာနဲ့ပါ။ဒါက မြန်မာ့ ယဉ်ကျေးမှုနဲ့ပေါင်းစပ်ထားတာ အများသိအောင် ဖြန့်ချင်တဲ့သဘောပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
Yangon  New  Year   Countdown   ပွဲတွင် ပြည်တွင်းနှင့် ပြည်ပမှ ဂီတပညာရှင်များက ဖျော်ဖြေ မည်ဖြစ်ကြောင်း သိရသည်။


“အများစုလာမှာက    လူငယ်တွေဖြစ်တယ်။ သာမန်ဆိုရင်တော့ စိတ်မဝင်စားဘူး။  ကနုတ်တွေ ဘာတွေကျ ဒီဟာနဲ့ပေါင်းပြီးပြလိုက်တဲ့အခါကျတော့ ဒါက ဒီလိုပါလားဆိုပြီး လူငယ်တွေသတိထားသွား မယ်။ နောက်ပြီး အဓိကက မြန်မာ့ယဉ်ကျေးမှု  အနု ပညာကိုပြချင်တဲ့သဘောပေါ့။ တော်ရုံလူတွေအနေနဲ့ ကတော့  ဒီနှစ်ခုကို   တွဲပြီးမြင်နိုင်ဖို့က  ခက်ခဲတယ် လေ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။


သစ်တော်