မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်

 

နေပြည်တော်  ဒီဇင်ဘာ  ၂၈
ရှမ်းပြည်နယ် မိုင်းဆတ်မြို့နေ အဲလေနှင့် နန်းမွေ ကျောက်တို့က  တာချီလိတ်မြို့နယ်နေ   မ----၊ ၂၈/၂၃  နှစ်  အား  တရုတ်ဇနီးမယား   ပြုလုပ်ပါက ငွေကြေး   အမြောက်အမြားရရှိမည်ဟု   လိမ်လည် စည်းရုံးပြောဆို ခေါ်ဆောင်ကာ တရုတ်နိုင်ငံဘက်သို့  ယွမ်သုံးသောင်းဖြင့်     ပို့ဆောင်ရောင်းစားခဲ့သဖြင့်  တာလေမြို့မရဲစခန်း (ပ) ၄/၂၀၂၃၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှု ရေးဖွင့်၍ တာချီလိတ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ ခဲ့ရာ  ဒီဇင်ဘာ ၂၆  ရက်တွင်  တရားခံ  အဲလေနှင့် နန်းမွေကျောက်တို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေး ပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ အသီးသီးကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း  သိရသည်။
သတင်းစဉ်