
နေပြည်တော် ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်နေ ဌေးလင်း နှင့် လေးမျက်နှာမြို့နယ်နေ လှသက်ချို (ခ) ချိုကြီး တို့က လေးမျက်နှာမြို့နယ်နေ ကို --- ၊ ၂၇/၁၉နှစ် နှင့် ကို---၊ ၂၂/၁၉နှစ် တို့အား ရေလုပ်ငန်းလုပ်ကိုင် ပါက လုပ်အားခကြိုတင်ငွေ တစ်ဦးလျှင် ခုနစ်သိန်း ကျပ်ရမည်ဟု ပြောဆိုစည်းရုံးပြီး လုပ်အားခများအား ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် လေးမျက်နှာမြို့မရဲစခန်း (ပ) ၅၃၃/ ၂၀၁၈၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ဟင်္သာတခရိုင် တရားရုံးမှ ၂၀၂၀ ပြည့်နှစ်၊ မေ ၅ ရက်တွင် တရားခံ ဌေးလင်းအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၅/၃၂ အရ အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့ပြီး တရားခံပြေး လှသက်ချို (ခ)ချိုကြီး အား ၅-၁၀-၂၃ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးရမိ သဖြင့် တရားစွဲတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၂ ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၅/၃၂ အရ အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ် ကျခံ စေရန် အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်