
နယူးယောက် ဒီဇင်ဘာ ၂၈
နယူးယောက်မြို့သို့ ရွှေ့ပြောင်းနေထိုင်သူများ အပြည့်တင်ဆောင်လာသည့် ဘတ်စ်ကားများ ဝင်ရောက်လာ မှုကို နယူးယောက်မြို့တော်ဝန် အဲရစ်အဒမ် က ဒီဇင်ဘာ ၂၇ ရက်တွင် ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။
နယူးယောက်မြို့သို့ ရွှေ့ပြောင်းနေထိုင်သူ များကို လိုက်လံပို့ဆောင်ပေးသည့် စင်းလုံးငှား ဘတ်စ်ကား ကုမ္ပဏီများသည် နယူးယောက်မြို့သို့ မဝင်မီ ၃၂ နာရီ ကြိုတင်သတိပေးရမည်ဖြစ်ပြီး ကားပေါ်တွင် တင်ဆောင်လာသည့် လူဦးရေသတင်း အချက်အလက်များကို ကြိုတင်သတင်းပို့ရမည်ဟု ကန့်သတ်ချက်တွင် ပါဝင်သည်။
သတ်မှတ်ထားသည့်အချိန်အတွင်း မက်ဟက် တန်ရှိ သတ်မှတ်ထားသည့်နေရာတွင်သာ ရွှေ့ပြောင်း နေထိုင်သူများကို ကားပေါ်မှ ချထားပေးရမည် ဖြစ်သည်။ နယူးယောက်မြို့တော်ဝန်သည် စင်းလုံး ငှားဘတ်စ်ကားကုမ္ပဏီများသို့ သတိပေးစာများ ပေးပို့ထားသည်။ အဆိုပါ သတိပေးချက်များကို သိလျက်ဖြင့် ချိုးဖောက်ခဲ့ပါက ထောင်ဒဏ်သုံးလ ချမှတ်နိုင်ပြီး တစ်ဦးချင်းစီအတွက် ဒဏ်ငွေ အမေ ရိကန်ဒေါ်လာ ၅၀၀မှ ၂၀၀၀ အထိ ချမှတ်နိုင်ကြောင်း နယူးယောက်ပြည်နယ် ဥပဒေအရ သိရသည်။ နိုဝင် ဘာလအတွင်းက နယူးယောက်မြို့သို့ ရွှေ့ပြောင်း နေထိုင်သူများ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်တွင်းကလည်း တစ်ည ထဲတွင်ပင် ကားအစီးရေ ၁၄ စီးဖြင့် ရွှေ့ပြောင်း နေထိုင်သူများ ဝင်ရောက်လာခဲ့သည်ဟု နယူးယောက် မြို့တော်ဝန်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခု ထုတ်ပြန်လိုက်သည့် အုပ်ချုပ်မှုအမိန့်ကြောင့် မြို့တော်တွင် ကြုံတွေ့ရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို စနစ် တကျ စီမံခန့်ခွဲနိုင်ရေး အထောက်အကူဖြစ်စေ မည်ဟုဖော်ပြချက်တွင် ပါဝင်သည်။
၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်တွင် နယူးယောက်မြို့၌ ရွှေ့ပြောင်းနေထိုင်သူများအပေါ် အသုံးပြုရသည့် ပမာဏကို ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်ရေး စီစဉ်ထား သည်။ နယူးယောက်မြို့သို့ ရွှေ့ပြောင်းနေထိုင်သူ များ အလုံးအရင်းလိုက်ဝင်ရောက်လာခြင်းကြောင့် သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ ကုန်ကျမည်ဟု ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ခန့်မှန်း ထားသည်။
ဆင်ဟွာ