ဂျပန်နိုင်ငံ၏အထင်ကရ H3 ဒုံးပျံသစ်ကို ဖေဖော်ဝါရီ ၁၅ ရက်တွင် လွှတ်တင်နိုင်ရန် ဂျာဆာကြိုးစား

 

တိုကျို   ဒီဇင်ဘာ    ၂၈ 


ဂျပန်နိုင်ငံ၏ အထင်ကရဖြစ်သည့်  H3     ဒုံးပျံသစ်ကို    ဖေဖော်ဝါရီ ၁၅    ရက်တွင်   လွှတ်တင်နိုင်ရန် ဒုတိယအကြိမ် ကြိုးစားသွားမည် ဟု      ဂျပန်အာကာသအေဂျင်စီ  (ဂျာဆာ) က ပြောကြားလိုက်သည်။ 


ဂျပန်နိုင်ငံ အာကာသစူးစမ်း လေ့လာရေးအေဂျင်စီ (ဂျာဆာ)က ဒီဇင်ဘာ ၂၈ ရက်တွင် ဒုံးပျံသစ် လွှတ်တင်မည့်    အချိန်ဇယားကို ကြေညာခဲ့သည်။   H3    ဒုံးပျံကို ဂျပန်နိုင်ငံ    အနောက်တောင်ပိုင်း  ကာဂိုရှီမာခရိုင်ရှိ    တာနီဂါရှီမာ  အာကာသစခန်းမှ နံနက် ၉ နာရီ ၂၂ မိနစ်တွင် လွှတ်တင်ရန် စီစဉ် ထားသည်။ 


၂၀၂၃     ခုနှစ်    မတ်လတွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် H3 ဒုံးပျံလွှတ်တင်မှုတွင်      ဒုံးပျံ၏ ဒုတိယအဆင့် အင်ဂျင်ကို မီးမကူး ခဲ့သည့်အတွက်        လွှတ်တင်မှု မအောင်မြင်ခဲ့ပေ။ 


H3   ဒုံးပျံ    ပျံသန်းမှုဆိုင်ရာ အချက်အလက်များကို အကဲဖြတ် လေ့လာမှုများ   ပြုလုပ်ပြီးနောက် လွှတ်တင်မှု  မအောင်မြင်ခဲ့သည့် အဓိကအကြောင်းရင်း သုံးချက်ကို  ဂျာဆာက ထုတ်ဖော်ခဲ့သည်။ 


ထို့နောက် ၂၀၂၄ ခုနှစ် မတ်လ မကုန်မီ ဒုတိယအကြိမ် လွှတ်တင် နိုင်ရန် H3 ဒုံးပျံ၏ အစိတ်အပိုင်း များနှင့် စက်ပစ္စည်းများကို တိကျ စွာ စစ်ဆေးခြင်းများအပါအဝင်  လိုအပ်သည့် လုပ်ဆောင်မှုများကို ဂျာဆာက လုပ်ဆောင်ခဲ့သည်။ 


H3 ဒုံးပျံသည် H2A နောက် ပိုင်း  တီထွင်ခဲ့သည့်  ဒုံးပျံဖြစ်ပြီး နှစ်ပေါင်း ၃၀ ခန့်အတွင်း ဂျပန် နိုင်ငံက တီထွင်ခဲ့သည့် ပထမဆုံး အကြီးစား ဒုံးပျံဖြစ်သည်။ 


ဒုံးပျံသစ်၏     လွှတ်တင်မှု ကုန်ကျစရိတ်ကို      ထက်ဝက်ခန့် လျှော့ချခဲ့သော်လည်း အများဆုံး သယ်ဆောင်နိုင်သည့်      ပမာဏကို  H2A ထက် ၁ ဒသမ ၃ ဆရှိအောင် ဒီဇိုင်းရေးဆွဲထားသည်။ 

အင်န်အိတ်ချ်ကေ