
တိုကျို ဒီဇင်ဘာ ၂၅
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဆေးရုံတစ်ရုံ၌ အယ်လ်ဇိုင်းမားရောဂါကို ကုသရန် ဆေးဝါးသစ်တစ်မျိုးကို ပထမဆုံးအကြိမ် အသုံးပြု၍ ကုသမှုများဆောင်ရွက်နေပြီဖြစ်သည်။
လက်ကာနီမက်ဘ်ဟုခေါ်သည့် အဆိုပါဆေးဝါး ကို ဂျပန်ဆေးဝါးကုမ္ပဏီ အီဆိုင်နှင့် အမေရိကန် ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် ဘိုင်အိုဂျန်တို့က ပူးပေါင်းတီထွင်ခဲ့ခြင်းဖြစ်သည်။ ဆေးဝါးသည် ဦးနှောက်အတွင်း အေမီလွိုက်ဘီတာ ပရိုတင်းစုပုံ ခြင်းကို လျှော့ချခြင်းဖြင့် ရောဂါ၏တိုးတက်မှု ကို နှေးကွေးစေရန် ထုတ်လုပ်ထားသည်ဟု ဆိုသည်။
အဆိုပါဆေးဝါးသည် ဒီဇင်ဘာ ၂၀ ရက်က ပြည်သူ့ကျန်းမာရေး အာမခံစနစ်အောက်၌ အကျုံးဝင်လာခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက်တွင် သက်ကြီး ရွယ်အိုလေ့လာရေးဆိုင်ရာ အင်စတီကျုနှင့် တိုကျို မြို့တော် သက်ကြီးဘိုးဘွားများဆေးရုံရှိ အသက် ၅၀ ကျော် အမျိုးသမီးလူနာတစ်ဦးအား လက်ကာ နီမက်ဘ်အစက်ချဆေးကို စတင်အသုံးပြုကုသပေး ခဲ့သည်။
ဆေးဝါးသည် အပျော့စားမှတ်ဉာဏ် ချို့ယွင်း သူများနှင့် ဦးနှောက်ထိခိုက် ခံစားရသူများ အတွက် ရည်ရွယ်ထုတ်လုပ်ထားပြီး လူနာများအား ဘေးထွက်ဆိုးကျိုးရှိ မရှိ ပုံမှန်စစ်ဆေးရန် လိုအပ် သောကြောင့် အထူးစစ်ဆေးမှုများပြုလုပ်နိုင်သည့် ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများကိုသာ ဆေးဝါး ကို အသုံးပြုခွင့်ပြုထားသည်။
အင်န်အိတ်ချ်ကေ