၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

 

နေပြည်တော်    ဒီဇင်ဘာ   ၂၅


အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်  (၇၆) နှစ်မြောက်  လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ နံနက် ၈နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပသည်။


ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ  ပွဲစဉ်အဖြစ်  အားကစားနှင့်   လူငယ် ရေးရာဝန်ကြီးဌာနအသင်းနှင့်     ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း တို့   ယှဉ်ပြိုင်ကစားကြရာ     ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို ငါးဂိုး - တစ်ဂိုး ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အသင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ    သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသင်းကို နှစ်ဂိုး - တစ်ဂိုး ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းနှင့်   လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအသင်းတို့  ယှဉ်ပြိုင်ကစားကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို  လေးဂိုး - တစ်ဂိုးဖြင့် လည်း ကောင်း၊ ပညာရေးဝန်ကြီးဌာနအသင်းနှင့်  နိုင်ငံခြားရေးဝန်ကြီးဌာန အသင်းတို့   ယှဉ်ပြိုင်ကစားကြရာ   ပညာရေးဝန်ကြီးဌာနအသင်းက နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းကို ရှစ်ဂိုး - ဂိုးမရှိ ဖြင့်လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့   ယှဉ်ပြိုင်ကစား ကြရာ စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်း ကို သုံးဂိုး - တစ်ဂိုးဖြင့်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်း နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့  ယှဉ်ပြိုင် ကစားကြရာ  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို ခုနစ်ဂိုး - နှစ်ဂိုး ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိကြသည်။


ဒီဇင်ဘာ ၂၆ ရက် နံနက် ၈ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌  ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့်   ဟိုတယ်နှင့်  ခရီး သွားလာရေးဝန်ကြီးဌာနအသင်း၊  လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းနှင့်  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအသင်း၊    ပညာရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်း နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အသင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနအသင်းတို့    ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး    အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။     

 မြန်မာ့အလင်း