
နေပြည်တော် ဒီဇင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ သီတဂူဇီဝိတစက္ခုဒါနဆေးရုံတော်၌ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ပုလောနှင့် ဘုတ်ပြင်းမြို့တို့မှ မျက်စိဝေဒနာရှင် ဒေသခံပြည်သူများကို မျက်စိအထူးကုဆရာဝန်ကြီးများ၊ ပါရဂူများ၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက မျက်စိရောဂါနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၃ ရက်မှစတင်၍ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ယနေ့နံနက် ပိုင်းတွင် ကမ္ဘာ့သာသနာပြု ရွှေကျင်နိကာယ သာသနာပိုင် နိုင်ငံတော်ဩဝါဒါစရိယ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ Ph.D.D.Litt သီတဂူဆရာတော် ဘဒ္ဒန္တ ဉာဏိဿရ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကျော်စွာဦးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ မျက်စိရောဂါကုသပေးခြင်းများ ဆောင် ရွက်လျက်ရှိရာ ယနေ့အထိ စုစုပေါင်းလူနာ ၄၇၅ ဦး ကို ကုသပေးနိုင်ခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်အထိ ဆက်လက်ကုသပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်