စစ်ကိုင်းတိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ

 

မုံရွာ     ဒီဇင်ဘာ    ၂၅


စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်း အမှတ်  ဌာနပေါင်းစုံ  အမျိုးသား/အမျိုးသမီး   ပြေးခုန်ပစ်ပြိုင်ပွဲနှင့်  ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင်   မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌  ကျင်းပရာ   အခမ်းအနားသို့   တိုင်းဒေသကြီး  ဝန်ကြီးချုပ်   ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ အဆင့်မြင့် ပညာကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်    အခမ်းအနားသို့ တက်ရောက်လာသူများက  ၂၀၂၃  ခုနှစ် ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး မီတာ ၈၀၀၊ မီတာ ၄၀၀၊ မီတာ ၂၀၀၊ မီတာ ၁၀၀  အပြေးပြိုင်ပွဲများနှင့် အလျားခုန်ပြိုင်ပွဲ၊   သံလုံးပစ်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို    ကြည့်ရှုအားပေး ကြသည်။ 
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသားမီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယ ဆုရရှိကြသော အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ကို   လည်းကောင်း၊   တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက   အမျိုးသမီး  မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင်   ပထမ၊  ဒုတိယ၊ တတိယဆုရရှိကြသော အားကစားသမား များအား      တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို  ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး    အမျိုးသား  မီတာ ၄၀၀   အပြေးပြိုင်ပွဲ၊  အမျိုးသမီး မီတာ ၄၀၀ အပြေးပြိုင်ပွဲ၊    အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊  အမျိုးသမီး  မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊  အမျိုးသား   မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊   အမျိုးသား  မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊   အမျိုးသမီး  မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊  အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား အလျားခုန်ပြိုင်ပွဲ တို့တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြ သော  အားကစားသမားများအား တိုင်း ဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသ ကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ကို ပေးအပ်ချီးမြှင့်သည်။      
ဆက်လက်ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်    မုံရွာစီးပွားရေး တက္ကသိုလ်၊ မုံရွာတက္ကသိုလ်ကျောင်းတို့မှ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ် များက အမျိုးသား အမျိုးသမီး သံလုံးပစ် ပြိုင်ပွဲများနှင့် အမျိုးသမီး အလျားခုန်ပြိုင်ပွဲ များတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိ ကြသော    အားကစားသမားများအား တစ်ဦးချင်း   ဆုတံဆိပ်များနှင့်   ငွေသား ဆုများကို   ပေးအပ်ချီးမြှင့်ကြခဲ့ကြောင်း သိရသည်။    
  တိုင်းဒေသကြီး(ပြန်/ဆက်)