ဒီဇင်ဘာ အားလပ်ရက်တွင် လွိုင်လင်တောင် တက်ရောက်သူများပြား

လွိုင်လင် ဒီဇင်ဘာ ၂၅ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့ရှိ လွိုင်လင်တောင်သို့ တက်ရောက်သူများဖြင့် စည်ကား များပြားလျက် ရှိကြောင်း သိရသည်။ (အောက်ပုံ) ယနေ့သည် ဒီဇင်ဘာလ ၂၅ ရက်၊ ခရစ္စမတ်နေ့ဖြစ်ရာ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက် ဖြစ်၍ ဌာနဆိုင်ရာများ ၊ ကျောင်း သား ကျောင်းသူများသည် အဖွဲ့လိုက်သော် လည်းကောင်း၊ အုပ်စုလိုက် သော်လည်းကောင်း လွိုင်လင်တောင်သို့ တက်ရောက် ကြပြီး တောင်ထိပ်ပေါ်ရှိ စေတီ တော်နှစ်ဆူအား ဖူးမြော်ခြင်း၊ တိမ်ပင်လယ်ကြည့်ရှုခြင်း၊ အပန်း ဖြေအနားယူခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းများ၊ ကျန်းမာ ရေးအရ ခြေလျင်တောင်တက်ခြင်း များဖြင့် စည်ကားလျက်ရှိသည်။ အဆိုပါ လွိုင်လင်တောင်သည် လွိုင်လင်မြို့နှင့် ၇ မိုင်ခန့် ကွာဝေး ပြီး မော်တော်ကား၊ ဆိုင်ကယ် များဖြင့် တောင်ခြေအထိ သွား ရောက်ပြီးနောက် တောင်ခြေမှ တောင်ထိပ်ပေါ်သို့ ခြေကျင်ဖြင့် မိနစ် ၃၀ ခန့် လမ်းလျှောက်တက် ရသည်။ လွိုင်လင်တောင်သည် အမြင့်ပေ ၆၂၆၂ ပေရှိကာ ဒေသ တွင်း အမြင့်ဆုံးတောင်ဖြစ် ကြောင်း သိရသည်။ လွိုင်လင်မိုး