တရားမဝင်စားသောက်ကုန်ပစ္စည်းများ၊  လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စက်သုံးဆီများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်ဖမ်းဆီးရမိ

 

နေပြည်တော်   ဒီဇင်ဘာ   ၂၃


တရားမဝင်    ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့်    တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ   ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး    ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး    တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန် ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ရာ ဒီဇင်ဘာ ၂၀ ရက်တွင် ချမ်းမြသာစည်မြို့နယ် ၄၈ လမ်း ၁၁၇(ဘီ)လမ်းထောင့် မြရည်နန္ဒာအိမ်ရာ တိုက်အမှတ်(၁၃) အခန်း(၁၂)ရှိ ဂိုဒေါင်၌ တရားဝင် စာရွက်စာတမ်းအထောက်အထား  တင်ပြနိုင်ခြင်း မရှိသည့် Marlboro စီးကရက်တောင့် ၅၀၀ အပါအဝင် ကုန်ပစ္စည်း  ခြောက်မျိုး   ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၅၀၀၀၀၀ ကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၁ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ် ၆၃လမ်း ၁၃၇ လမ်း x ၁၃၈ လမ်းကြားရှိ  ငွေခြင်္သေ့ဂိုဒေါင်၌  တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Dutch Mill နို့ဒိန်ချဉ် ဘူး ၄၈၀၀၀ ၊ Lipo အားဖြည့် အချိုရည်ပုလင်း ၁၀၀၀၀ ၊ Diablo Beer ဘူး ၂၄၀၀၀ ခန့်မှန်းတန်ဖိုး   ငွေကျပ်  ၃၉၉၀၀၀၀၀    ကိုလည်း ကောင်း၊ မန္တလေးမြို့အဝင် ရွှေကျင်တိုးဂိတ်အနီး၌ ဗန်းမော်မြို့မှ  မန္တလေးမြို့သို့  မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ   တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Room Heater   ၃၂၆  လုံး အပါအဝင် ကုန်ပစ္စည်း ခြောက်မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၈၀၃၀၀၀ နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck   တစ်စီး   ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀ ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၉၉၂၀၃၀၀၀ ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်    လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဒီဇင်ဘာ ၂၁ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့ များက စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ   သီလဝါ ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံး အတွင်းမှ    တရားဝင်စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့်  ဆွယ်တာအထည် ၄၁၀ ၊ Face Wash ၂၆ ဘူး၊ Fruit Juice ၂၆၂၄၄ ဘူး အပါအဝင်ကုန်ပစ္စည်း ၁၇ မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၉၉၈၀၀၀   ကိုလည်းကောင်း၊   အေးရှားဝေါလ် ဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင်     ကြေညာထားခြင်းမရှိသည့် နိုင်လွန်ငါးဖမ်းပိုက်  ၇၀၉၃  ကီလိုဂရမ်၊ Floating Foam For Fishing Net ကီလိုဂရမ် ၁၆၀၀  အပါအဝင် ကုန်ပစ္စည်းသုံးမျိုးခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၅၀၆၉၆၀ ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉၅၀၄၉၆၀ ကို   ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။


ထို့အတူ   ရန်ကုန်တိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့်  တာဝန်ကျပူးပေါင်းအဖွဲ့က   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၁ ရက်တွင် သန်လျင်ခရိုင် သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ၆၅ ဂါလန် ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၇၅၉၀၀ ကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၂ ရက်တွင်    ကျောက်တန်းမြို့နယ်   ရွှေပြည်သာ ရပ်ကွက်၌ တရားမဝင် စက်သုံးဆီ ဓာတ်ဆီဂါလန် ၃၂၅၀ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၂၈၀၀၀၀ နှင့် ဒီဇယ် ဆီဂါလန် ၅၂၅၀ ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၆၁၀၀၀၀ ကိုလည်းကောင်း  စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၄၆၅၉၀၀ ကို  ဖမ်းဆီးရမိခဲ့ပြီး  ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။


ထို့အတူ ဒီဇင်ဘာ ၂၂  ရက်တွင်  နေပြည်တော် ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ လယ်ဝေး မြို့နယ်၌    လိုင်စင်မဲ့   LUOIJIA-110   မော်တော် ဆိုင်ကယ်တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀ ကို  ဖမ်းဆီးရမိခဲ့ပြီး   ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်ပါ၍  ဒီဇင်ဘာ ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ  ၁၃ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၈၃၇၇၃၈၆၀ ဖြစ်ကြောင်း        တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး     ဦးဆောင် ကော်မတီမှ သိရသည်။        
             

 သတင်းစဉ်