မောင်းသူမဲ့လေယာဉ် ကိုင်တွယ်အသုံးပြုခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော်  ဒီဇင်ဘာ  ၂၃ 


မဲခေါင်-လန်ချန်း   အထူးရန်ပုံငွေ (၂၀၂၂)ဖြင့်   ဆောင်ရွက်သော “စားနပ်ရိက္ခာဖူလုံမှုကို ခန့်မှန်းရန် ကောင်းကင်ဓာတ်ပုံ       အသုံးပြု သီးနှံအထွက်နှုန်း ဆန်းစစ်အကဲ ဖြတ်စင်တာ ထူထောင်ခြင်း” စီမံ ကိန်းတွင်  ပါဝင်သည့်  မောင်းသူမဲ့ လေယာဉ် ကိုင်တွယ်အသုံးပြုခြင်း ဆင့်ပွားအလုပ်ရုံ   ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၀ ရက်က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ   သီးနှံအထွက် နှုန်း  ဆန်းစစ်အကဲဖြတ်စင်တာ၌ ကျင်းပရာ          အခမ်းအနားသို့ လယ်ယာမြေ     စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန  ညွှန်ကြား ရေးမှူးချုပ်     ဦးသက်နိုင်ဦးနှင့် တာဝန်ရှိသူများ   တက်ရောက်ကြ သည်။


လူအင်အား   အသုံးပြုသီးနှံ စိုက်ပျိုးမှုစာရင်းများ ကောက်ယူမှု အခြေအနေမှ       မောင်းသူမဲ့ လေယာဉ် (Drone) အသုံးပြု၍ သီးနှံစိုက်ပျိုးမှုစာရင်း ကောက်ယူ သည့် စနစ်တစ်ခု ထူထောင်ရန် “စားနပ်ရိက္ခာဖူလုံမှုကို ခန့်မှန်းရန် ကောင်းကင်ဓာတ်ပုံ    အသုံးပြု သီးနှံအထွက်နှုန်း        ဆန်းစစ် အကဲဖြတ်စင်တာ ထူထောင်ခြင်း” စီမံကိန်းကို  မဲခေါင် - လန်ချန်း အထူးရန်ပုံငွေ   (၂၀၂၂)  ဖြင့် ဆောင်ရွက်ခဲ့ရာ   စီမံကိန်းအရ ကောင်းကင်ဓာတ်ပုံ   အသုံးပြု သီးနှံအထွက်နှုန်း     ဆန်းစစ် အကဲဖြတ်စင်တာ အဆောက်အဦ တစ်လုံး တည်ဆောက်ခြင်း၊ သီးနှံ စိုက်ပျိုးမှုအခြေအနေကို စောင့် ကြည့်ရန် မောင်းသူမဲ့ လေယာဉ် တစ်စင်းဝယ်ယူခြင်းတို့ ဆောင်ရွက် ခဲ့ကြောင်း၊  လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်         စာရင်းအင်းဦးစီးဌာန အနေဖြင့်    “လယ်ယာကဏ္ဍ စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက် ရေးအတွက်  လယ်ယာကဏ္ဍနှင့် မြေအသုံးချမှုဆိုင်ရာ စာရင်းအင်း၊ သတင်းအချက်အလက်များ ပံ့ပိုး ပေးရေး” ကို အလေးထားဆောင် ရွက်လျက်ရှိရာ  ကွက်စိတ်မြေပုံ၊ ဧရိယာ မှတ်ပုံစာရင်း၊ ဦးပိုင်မှတ်ပုံ စာရင်းနှင့် အခွန်စည်းကြပ်မှတ်ပုံ စာရင်းများကို အခြေခံ၍လယ်ယာ ကဏ္ဍဆိုင်ရာ        စာရင်းများနှင့် မြေယာအသုံးချမှု   စာရင်းများ ကောက်ယူပြုစုခြင်း လုပ်ငန်းအား လစဉ်၊ သုံးလပတ်၊ အကြိုနှစ်ချုပ် နှင့်        နှစ်ချုပ်စာရင်းများအား ကောက်ယူပြုစုထုတ်ပြန် ဆောင် ရွက်လျက်ရှိကြောင်း၊   လက်ရှိ အချိန်တွင်  ဌာနအနေဖြင့်  သီးနှံ စိုက်ပျိုးမှု         စာရင်းများအား လူအင်အားအသုံးပြု  ကောက်ယူ ပြုစုလျက်ရှိရာ  အနာဂတ်ကာလ တွင်         မောင်းသူမဲ့လေယာဉ် (Drone) အသုံးပြုလျက်  သီးနှံ စိုက်ပျိုးမှုစာရင်း ကောက်ယူသည့် စနစ်တစ်ခုထူထောင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။


အဆိုပါ မောင်းသူမဲ့ လေယာဉ် အား   ကျွမ်းကျင်စွာ   ကိုင်တွယ် အသုံးပြုတတ်စေရန်          ဗဟိုမြေ စာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း  တိုက်ကြီး မြို့တွင် နိုဝင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်ကြာ သင်တန်း ဖွင့်လှစ်ပို့ချခဲ့ပြီး အဆိုပါသင်တန်း တွင်    ဝန်ထမ်း   ၃၀    တို့ကို   နည်းပညာ    သဘောတရားများ  ဆွေးနွေးပို့ချခြင်း၊   လက်တွေ့ ပျံသန်းစေခြင်း နည်းလမ်းများဖြင့် သင်ကြား  ပို့ချခဲ့ပြီးဖြစ်ကြောင်း၊ မောင်းသူမဲ့လေယာဉ် အသုံးပြု၍ ရရှိလာသည့်    Data    များကို ပထဝီဝင်  အချက်အလက်များဖြင့် ပေါင်းစပ်ပြီး      ပထဝီဝင်ဆိုင်ရာ သတင်း      အချက်အလက်စနစ် (Geographical Information System-GIS) ကိုပါ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း             သိရသည်။

သတင်းစဉ်