၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရဌနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

 

နေပြည်တော်   ဒီဇင်ဘာ    ၂၃ 


ရခိုင်ပြည်နယ်     တောင်ကုတ် မြို့နယ်ရှိ   မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ     ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး တစ်စီးအား၂၀၂၂ ခုနှစ် ဇူလိုင်၂၃ ရက် မင်္ဂလာအချိန် နံနက် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ        ဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင်  အရပ်အမြင့် ၂ ပေ ၅ လက်မ၊  ကိုယ်လုံး  လုံးပတ် ၃ ပေ  ၁ လက်မ၊    ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိသည်။


ဆင်ဖြူတော်ကလေး၏ ဘွဲ့ နာမံတော်မှာ “ရဌနန္ဒက” ဖြစ်ပြီး အဆိုပါ     ဆင်ဖြူတော်ကလေး သည်  ရတနာဆင်ဖြူတော်များ၏  ကြန်အင်လက္ခဏာ ရှစ်ချက်အနက်  မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊   ကျောကုန်းမှာ   ငှက်ပျောကိုင်းသဏ္ဌာန် ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြား မှာသြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ငါးခုစီနှင့် နောက်ခြေသည်း လေးခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့်   ရတနာဆင်ဖြူတော်များ၏   ကြန်အင်လက္ခဏာခုနစ်ချက် ကိုက်ညီသော ဆင်ဖြူတော်လေးဖြစ်သည်။


အထက်ပါ ဆင်ဖြူတော်လေး “ရဌနန္ဒက” မှာ ယခုအသက် ၁ နှစ်၊ ၅ လသားအရွယ်တွင် အရပ်အမြင့် ၄ ပေ၊  ကိုယ်လုံးလုံးပတ် ၆ ပေ ၅ လက်မ၊ ကိုယ်အလေးချိန် ၁၀၄၅ ပေါင်ရှိလာပြီး ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော်ရှိ ရတနာဆင်ဖြူတော် ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း နှင့် ဆင်ဖြူတော်ကလေး “ရဌနန္ဒက” မှာ ငယ်စဉ်ကတည်းကပင် လူနှင့် ယဉ်ပါးသည့် ဆင်ဖြူတော်ကလေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် ဆင်နှင့် လူသားတို့အကြား   ကောင်းမွန်စွာဆက်ဆံတတ်စေရန်   လေ့ကျင့် သင်ကြားခြင်းစနစ်   “Peace Human  and Elephant Interaction Training” ဖြင့်   လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း  သတင်းရရှိ သည်။                               

သတင်းစဉ်