
နေပြည်တော် ဒီဇင်ဘာ ၂၃
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့ မဟာ ဇနကကျောင်း ပရိယတ္တိစာသင် တိုက်၌ ကျင်းပသည့် အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်သည်။
ဦးစွာ တပ်ကုန်းမြို့ မဟာ ဇနက ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဝဏ္ဏာရဟမထေရ်မြတ်ထံမှ ငါးပါး သီလ ခံယူဆောက်တည်ပြီး ပြည်ထောင်စုဝန်ကြီးက သာသနာ ရေးဆိုင်ရာများ လျှောက်ထား သည်။
ထို့နောက် မဟာဇနက ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော်က ဥပ္ပါတသန္တိ ပါဠိတော် ရွတ်ဖတ်ပူဇော်ရခြင်းအကျိုးကြောင့် နိုင်ငံသူ၊ နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသားများအားလုံး အန္တရာယ်ခပ်သိမ်း ဘေးခပ်သိမ်း ကင်းငြိမ်းပါစေကြောင်း အနုမော ဒနာတရား ဟောကြားချီးမြှင့်ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဥပ္ပါတသန္တိပါဠိတော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲမင်္ဂလာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး အလှည့်ကျဘာဏက သံဃာတော် က ဥပ္ပါတသန္တိပါဠိတော်ကို စတင် ရွတ်ဖတ်ပူဇော်သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်း မြို့ မိုဃ်းကောင်းဆုတောင်းပြည့် ဘုရားကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုပြီး ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်း သည်။
သတင်းစဉ်