
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့မှ ဗိုလ်မှူးကောင်းထက်စံက MRTV မှ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းလာမှုများကို အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ပါသည်-
မေး။ မြောင်းမြမြို့က စာသင်ကျောင်းတွေမှာ
ကိုဗစ်ရောဂါကူးစက်မှု မြင့်မားလာတာ
ကြောင့် မိဘတွေက သူတို့ကလေးတွေ
ကို ပြန်လိုက်ခေါ်ရာမှာ ကျောင်းသားတွေ
ကို မိဘတွေလာခေါ်လည်း ပြန်မလွှတ်ဖို့
တပ်မတော်က ဖိအားပေးတယ်ဆိုတဲ့
သတင်းနဲ့ ပတ်သက်ပြီး Mizzima-news
in Burmese က ဖော်ပြထားတာကို သတင်း
အမှန် ပြန်လည်ဖြေကြားပေးစေလိုပါတယ်။
ဖြေ။ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်
လှစ်ရာမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး
ဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး
လုပ်ငန်းလမ်းညွှန်များရေးဆွဲပြီး စနစ်တကျ
ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနဲ့ သံသယ
လူနာတွေ့ရှိပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်
မှုတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွေ က ပညာရေးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။
လက်ရှိအနေနဲ့ Stay at Home
ကြေညာထားတဲ့မြို့နယ်တွေမှာ အခြေခံ
ပညာကျောင်းတွေကို ခေတ္တယာယီပိတ်ထား ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
မြောင်းမြမြို့က စာသင်ကျောင်းတွေမှာ ကိုဗစ်ရောဂါကူးစက်မှု မြင့်မားလာတာ ကြောင့် မိဘတွေက သူတို့ကလေးတွေကို ပြန်လိုက်ခေါ်ရာမှာ ကျောင်းသားတွေကို မိဘတွေလာခေါ်ရင် ပြန်မလွှတ်ဖို့ တပ်မတော် ကနေ ဖိအားပေးတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး လုံးဝမရှိပါဘူးလို့ ဖြေကြား လိုပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်လျက် ရှိတယ်လို့ ပြောကြားလိုပါတယ်။
မေး။ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်
တရော်ကျင်းကျေးရွာနားမှာ ဇွန်လ ၂၂ ရက် တုန်းက တပ်မတော်နဲ့ PDF တွေ တိုက်ပွဲဖြစ် ခဲ့တယ်လို့ DVB TV News က ရေးသားထား တာတွေ့ရပါတယ်။ အဲဒီသတင်းနဲ့ ပတ်သက် ပြီး သိချင်ပါတယ်။
ဖြေ။ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေဟာ တရော်ကျင်းကျေးရွာအပြင်က အပြစ်မဲ့ ပြည်သူတွေရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီး နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် တွေက နယ်မြေတည်ငြိမ်လုံခြုံရေး ဆောင်ရွက်ဖို့အတွက် သွားရောက်စဉ် ဇွန်လ ၂၂ ရက်နေ့မှာ ယင်းမာပင်မြို့နယ် တရော် ကျင်းကျေးရွာရဲ့ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာကို ရောက်ရှိတဲ့အခါ အကြမ်းဖက် လက်နက်ကိုင်အင်အား ၈၀ ခန့်ကနေပြီး တော့ တူမီးသေနတ်၊ လက်လုပ်မိုင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာရှိပါတယ်။ ဖြစ်စဉ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး တူမီးခဲစထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိတာသာ ရှိပါတယ်။
အဲဒီနေရာကို နောက်ထပ်လုံခြုံရေး
တပ်ဖွဲ့ဝင်တွေ စစ်ကူသွားရောက်စဉ်မှာ ဘန့်ဘွေးရွာရဲ့ အနောက်မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာကိုအရောက် အကြမ်းဖက် လက်နက်ကိုင်အင်အား ၃၀ ခန့်က တူမီး သေနတ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးတော့ အဲဒီဖြစ်စဉ်မှာ အကြမ်းဖက်လက်နက်ကိုင် တွေရဲ့ လက်လုပ်သေနတ်တစ်လက်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ အကြမ်းဖက် သောင်းကျန်းသူများကြောင့် အိမ်ရှစ်လုံး မီးလောင်ပျက်စီးတယ်လို့ သိရပါ တယ်။
တိကျသေချာတဲ့ သတင်းဆိုရာမှာ ခိုင်လုံတဲ့ သတင်းအရင်းအမြစ်က လာရ မယ်။ မှန်ကန်တဲ့ သတင်းဓာတ်ပုံပါမှသာ မှန်ကန်တဲ့သတင်း ဖြစ်မယ်ဆိုတာ ပြော ကြားလိုပါတယ်။