နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ ဒီဇင်ဘာစတုတ္ထပတ် လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ

 

နေပြည်တော်    ဒီဇင်ဘာ    ၂၃


အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ စတုတ္ထပတ်    လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်   စုပေါင်း လမ်းလျှောက်ပွဲကို   ယနေ့နံနက်ပိုင်းတွင်   နေပြည်တော်ရှိ    ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပသည်။


ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲ


စုပေါင်းလမ်းလျှောက်ပွဲသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာ မှုထန်၊ ဒေါက်တာဘရွှေနှင့် ခွန်စံလွင်၊ ပြည်ထောင်စု ဝန်ကြီးများ၊    နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊     ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊      ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့်  ဝန်ထမ်းမိသားစုဝင်များ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲ ကြသည်။


ရေသန့်ဘူးများနှင့် အစားအစာများ ပေးဝေ


၂၀၂၃ ခုနှစ်    ဒီဇင်ဘာစတုတ္ထပတ်    လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်း လမ်းလျှောက်ပွဲကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးရာ ပါဝင်ဆင်နွှဲကြ သူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဂိတ်အမှတ်(၁)မှ စတင်တာထွက် ကြပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းများအတိုင်း ဂိတ်(A)ရှေ့အထိ ပျော်ပျော်ပါးပါး လမ်းလျှောက်ကာ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်း  အတွဲ(၁)၊ (၂) နှင့်   Physical Fitness Dance လေ့ကျင့်ခန်းများကို စုပေါင်းလှုပ်ရှားဆောင်ရွက်ကြကာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရေသန့်ဘူးများနှင့် အစား အစာများ ပေးဝေခဲ့ကြသည်။


အဆိုပါ  စုပေါင်းလမ်းလျှောက်ပွဲ ပဉ္စမပတ်ကို ဒီဇင်ဘာ ၃၀ ရက်တွင်  ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ ပါဝင်ဆင်နွှဲကြ မည်ဖြစ်ကြောင်း သိရသည်။                        

              
     သတင်းစဉ်