
ရန်ကုန် ဒီဇင်ဘာ ၂၃
ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းသည် ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြု ညစာစားပွဲအခမ်းအနား၌ နိုင်ငံတော်သံစုံတီးဝိုင်းမှ ဖျော်ဖြေ တင်ဆက်မည့်အစီအစဉ် ပြင်ဆင် လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး သည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးအား မြန်မာအသံနှင့် ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က နိုင်ငံတော်သံစုံတီးဝိုင်း အင်အားတိုးချဲ့စုဖွဲ့ပြီး လေ့ကျင့် ပြင်ဆင်နေမှု၊ အသံပိုင်းဆိုင်ရာ နည်းပညာများ ဖြည့်ဆည်းဆောင် ရွက်ထားရှိမှုနှင့် အုပ်ချုပ်မှုကိစ္စရပ် များ စီစဉ်ဆောင်ရွက်ထားရှိမှု များကို ရှင်းလင်းတင်ပြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ဆက်လက်၍ နိုင်ငံတော် သံစုံတီးဝိုင်းက ပဏာမတေးသွား၊ တေးသီချင်းများနှင့် သံစဉ်တီးလုံး များ သီဆိုတီးမှုတ်ဖျော်ဖြေပြသမှု အပေါ် ပြည်ထောင်စုဝန်ကြီးက အကြံပြု ဆွေးနွေးပြောကြားပြီး အုပ်ချုပ်မှုကိစ္စရပ်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်သံစုံတီးဝိုင်း နှင့် အဆိုပညာရှင်ဝန်ထမ်းများကို ဆုငွေပေးအပ်ချီးမြှင့်ပြီး အနုပညာ ရှင် / ဝန်ထမ်းများအား ရင်းရင်း နှီးနှီးနှုတ်ဆက်သည်။
ကြိုတင်ပြင်ဆင်လေ့ကျင့်
မြန်မာ့အသံနှင့် ရုပ်မြင် သံကြားရှိ နိုင်ငံတော်သံစုံတီးဝိုင်း ကို နိုင်ငံတော်အဆင့် အခမ်းအနား များ၊ ပြည်ပဧည့်သည်တော်များ အတွက် ဂုဏ်ပြုဧည့်ခံပွဲများနှင့် ပြည်ပခရီးစဉ်များတွင် သွားရောက် ဖျော်ဖြေ တင်ဆက်နိုင်ရန်အတွက် စုဖွဲ့ထားရှိရာ ယခုအခါ (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြု ညစာစားပွဲတွင် ဖျော်ဖြေတင်ဆက် နိုင်ရန်အတွက် လိုအပ်သည်များ ကို ကြိုတင်ပြင်ဆင်လေ့ကျင့်နေ ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်