
နေပြည်တော် ဒီဇင်ဘာ ၂၃
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅) နှစ်အောက် ဘောလုံး(အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဝင် များ တက်ရောက်ကြည့်ရှုအားပေး ပြီး ဆုများပေးအပ်ချီးမြှင့်ကြ သည်။
ကြည့်ရှုအားပေး
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည် ထောင်စုစာရင်းစစ်ချုပ်၊ တပ်မ တော်မှ အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ဝန်ကြီး ဌာနများမှ ပြိုင်ပွဲဝင်အသင်းများ အလိုက် အုပ်ချုပ်သူ၊ နည်းပြများ နှင့် အားကစားသမားများ၊ဝန်ထမ်း များနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြ သည်။
ရှေးဦးစွာ ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံ အသက် (၂၅) နှစ်အောက် ဘောလုံး (အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် ကာကွယ် ရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက ကာကွယ် ရေးဝန်ကြီးဌာနအသင်းကို ၁ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
ဆုများပေးအပ်ချီးမြှင့်
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်း အနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရန်ကျော်နှင့် ဦးရွှေကြိမ်း က အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံး နောက်တန်းကစား သမားဆု၊ အကောင်းဆုံး အလယ် တန်းကစားသမားဆု၊ အကောင်း ဆုံး ရှေ့တန်းကစားသမားဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမား ဆုရရှိကြသူများကို တစ်ဦးချင်းအကောင်းဆုံး ဂုဏ်ပြု ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေ များကို လည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ က စတုတ္ထဆုရရှိ သည့် နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းအား ဂုဏ်ပြုဆုငွေကိုလည်း ကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာမှုထန်က တတိယဆု ရရှိသည့် အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန အသင်းကို လည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်းက ဒုတိယဆု ရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းကို လည်းကောင်း၊ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူက ပထမဆုရရှိ သည့် ပြည်ထဲရေးဝန်ကြီးဌာန အသင်းအားလည်းကောင်း တစ်ဦး ချင်း ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ကြသည်။
တံခွန်စိုက်ဆုဖလား ချီးမြှင့်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပထမဆုရရှိသည့် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းအား တံခွန် စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့် သည်။
၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက် (၂၅) နှစ်အောက် ဘောလုံး(အမျိုးသမီး) ပြိုင်ပွဲကို တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးအတွက် အထောက် အကူဖြစ်စေရေး၊ ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး ဖြင့် ချစ်ခင်ရင်းနှီးမှု ရရှိစေရေးနှင့် ဝန်ထမ်းများ တက်ကြွရွှင်လန်း စွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ ဒီဇင်ဘာ ၁၄ ရက်မှ ၂၃ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏ သိဒ္ဓိအားကစားကွင်း၊ လေ့ကျင့် ရေး ဘောလုံးကွင်းများနှင့် လယ်ဝေး အားကစားကွင်း (TC-2) တို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် ဝန်ကြီးဌာန ဘောလုံးအသင်း ငါးသင်းမှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ စုစုပေါင်း ၁၅၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်