ဝါးခယ်မမြို့တွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် လုပ်ငန်းရှင်များကိုသာ လျှပ်စစ်မီးပုံမှန်ပေးလျက်ရှိပြီး အခြားမြို့တွင်းရပ်ကွက်များကို အလှည့်ကျ မီးပေးနေကြောင်း သတင်းတု၊ သတင်းအမှားရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်    ဒီဇင်ဘာ   ၂၁
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင် ဌာန ဆိုင်ရာရုံးများ၊ စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များ ကိုသာ လျှပ်စစ်မီးပုံမှန်ဖြန့်ဝေပေးပြီး အခြားမြို့တွင်း ရပ်ကွက်များကို    အလှည့်ကျ     မီးပေးသည့်ပုံစံဖြင့် ပေးဝေလျက်ရှိကြောင်း   သတင်းတု၊  သတင်းမှား များကို  ပြည်ဖျက်မီဒီယာ   Ayeyarwaddy    Times က    လူမှုကွန်ရက်စာမျက်နှာတွင်      မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါ    သတင်းနှင့်ပတ်သက်၍     ဆေးရုံ၊ ဆေးပေးခန်း၊     စာသင်ကျောင်းများ      အပါအဝင် ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုဆိုင်ရာ ရုံး၊ ဌာနများကို လျှပ်စစ်မီးပုံမှန် ပေးဝေလျက်ရှိပြီး အခြားနေရာများ သို့လည်း    အလှည့်ကျစနစ်ဖြင့်      ပေးဝေလျက်ရှိ ကြောင်းနှင့် မည်သည့် ပုဂ္ဂိုလ်၊ လုပ်ငန်းရှင်များကိုမှ  ငွေကြေးတောင်းခံ၍ လျှပ်စစ်မီးပေးဝေနေခြင်း မရှိ ကြောင်း    ဝါးခယ်မမြို့နေ    တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်သူ လူထု၏ လူမှုစီးပွားဘဝ ထိခိုက်စေရန်နှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်     ရည်ရွယ်၍  လျှပ်စစ်ဓာတ်အားပေးဝေမှုဆိုင်ရာ အဆောက်အဦ များ၊ လျှပ်စစ်တာဝါတိုင်များကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများကြောင့်      အချို့မြို့နယ်များတွင် လျှပ်စစ်ဓာတ်အား လျော့နည်း၍ အလှည့်ကျပေးဝေ နေရခြင်းအပေါ် တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းတု၊ သတင်းမှားများ လုပ်ကြံရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သိရသည်။      သတင်းစဉ်