(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော် ဒုတိယနေ့ဆက်လက်ကျင်းပ

 

နေပြည်တော်  ဒီဇင်ဘာ ၂၁
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော်   ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ စည်ကားသိုက်မြိုက်စွာဆက်လက် ကျင်းပလျက်ရှိရာ ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများ၊  ပုဂ္ဂလိက ကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်တို့မှ ဆရာ ဆရာမများ၊ ကျောင်းသား၊ လူငယ်များနှင့်ပြည်သူများ စိတ်ပါဝင်စားစွာဖြင့်  တစ်ခဲနက်လာရောက်လ့လာ ကြည့်ရှုကြသည်။
ယနေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်း ပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ လျှပ်စစ်သုံးယာဉ်စစ်ဆေးပြုပြင်ခြင်းနှင့် သင်ထောက် ကူပစ္စည်းဆိုင်ရာပြခန်း၌ ပြင်ပမော်တော်ယာဉ်တစ်စီး အား လက်တွေ့ပြုပြင်ဆောင်ရွက်နေရသကဲ့သို့ Quiz များ၊ Simulator များဖြင့်  ပြသသင်ကြားပို့ချနေမှု ပြကွက်ကို ကျောင်းသား၊ လူငယ်များ အထူးစိတ်ဝင် တစား ကြည့်ရှုကြပြီး ပြခန်းတာဝန်ရှိသူများကလည်း လျှပ်စစ်သုံးယာဉ်ဆိုင်ရာ   ပြစ်ချက်ရှာဖွေခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းပြောကြားပေးကြသည်။
ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံအတွင်းနေထိုင်သူ အသက် ၁၀နှစ်အထက်ရှိ နိုင်ငံသားများအား စမတ် ကတ်များထုတ်ပေးနိုင်ရေးအတွက် ကိုယ်ရေးအချက် အလက်များကောက်ယူစိစစ်ပြီး ဂဏန်း ၁၀ လုံးပါဝင် သည့် UID နံပါတ်များ တစ်ချိန်တည်းထုတ်ပေးခြင်း များကို  ပြခန်းဖွင့်လှစ်   ဆောင်ရွက်ပေးလျက်ရှိရာ လာရောက်ဆောင်ရွက်ကြသည့်    ကျောင်းသား ကျောင်းသူများဖြင့်လည်း ကြိတ်ကြိတ်တိုးစည်ကား လျက်ရှိသည်။
အလားတူ  ယနေ့ခေတ်သည်   အင်တာနက်ကို အသုံးပြု၍ ကမ္ဘာတစ်ဝန်း ချိတ်ဆက်ဆောင်ရွက်နေရ သည့် နည်းပညာခေတ်သို့ ရောက်ရှိနေပြီဖြစ်သော ကြောင့် ပြည်သူများအနေဖြင့်   မိမိတို့၏သတင်း အချက်အလက်များ လုံခြုံစေရေးအတွက်   ဆိုင်ဘာ လုံခြုံရေးဆိုင်ရာ အသိပညာပေးပြခန်းကို  ဖွင့်လှစ် ထားရှိပြီး အင်တာနက် သုံးစွဲရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ၊ စမတ်ဖုန်းလုံခြုံရေးနှင့် ကြိုးမဲ့ကွန်ရက် လုံခြုံရေးဆိုင်ရာ   ပြကွက်များကို   လက်တွေ့ သင်ထောက်ကူပစ္စည်းများဖြင့် ရှင်းလင်းပြသပေးရာ နည်းပညာကို   စိတ်ဝင်စားကြသည့်  ကျောင်းသား လူငယ်များကလည်း    မိမိတို့   သိရှိလိုသည်များကို ကဏ္ဍများအလိုက် အလှည့်ကျမေးမြန်းကြသည်။
ထို့နောက် ရေကြောင်း၊ လေကြောင်းနှင့် မြန်မာ့ မီးရထားဆိုင်ရာပြခန်း၊ ရွေ့လျားသိပ္ပံနှင့် နည်းပညာ ပြခန်း၊ နည်းပညာတက္ကသိုလ်များ၏ ကဏ္ဍအလိုက် ဆန်းသစ်တီထွင်မှုပြခန်း၊   အားကစားနှင့်လူငယ် ရေးရာပြခန်းနှင့် E-Sports ပြခန်းတို့တွင်လည်း စိတ်ဝင်စားဖွယ်ရာ ပြကွင်းပြကွက်များဖြင့် ခင်းကျင်း ပြသထားရှိရာ လာရောက်လေ့လာကြည့်ရှုကြသည့် ပွဲတော်လာပြည်သူများဖြင့် စည်ကားခဲ့သည်။
ထို့ပြင်  အမျိုးသားယဉ်ကျေးမှုနှင့်   အနုပညာ တက္ကသိုလ်(ရန်ကုန်)ပြခန်းတွင်လည်း မြန်မာ့ရိုးရာရုပ်သေးရုပ်အသုံးပြုကာ လှပငြိမ့်ညောင်းလှသည့် ကကြိုးကကွက်များဖြင့်    ရုပ်သေးကြိုးဆွဲအက ဖျော်ဖြေမှုနှင့် ကျွမ်းကျင်သေသပ်လှပသည့် ပန်းချီ ပညာရပ်ဖြင့် ပုံတူပန်းချီများ  ရေးဆွဲပေးမှုကြောင့် လည်း ပွဲတော်လာပြည်သူများ၏ စိတ်ဝင်စားမှုကို အထူးရရှိခဲ့သည်။ 
အလားတူစာအုပ်စာပေများဖတ်ရှု၍ အသိပညာ၊ အတတ်ပညာဗဟုသုတများ   ရယူရန်   စိတ်အား ထက်သန်ကြသည့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များအတွက် ပြန်ကြားရေး ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊  မြဝတီစာပေတိုက်နှင့် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး ဝန်ထမ်းသက်သာစာအုပ်အရောင်းဆိုင်တို့မှ စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်ထားပြီး စာပေ ဆုရစာအုပ်များ၊ ရသစာအုပ်များ၊ ဘဝအောင်မြင်ရေး စာအုပ်များ၊ ကျန်းမာရေးကဏ္ဍစာအုပ်များ၊ ပညာရပ် ဆိုင်ရာစာအုပ်များ၊ ဘာသာပြန်စာအုပ်များ၊ အနုပညာ စာအုပ်များ၊ ဆောင်းပါးများ၊ ရုပ်ပြစာအုပ်များ၊ စီးပွား ရေးစီမံခန့်ခွဲမှုစာအုပ်များနှင့်  သမိုင်းစာအုပ်များ ခင်းကျင်းပြသရောင်းချလျက်ရှိရာ စာပေဗဟုသုတ များနှင့် စာပေအသိဉာဏ်များစွာ ရရှိစေသည့်အတွက် စာပေချစ်သူများဖြင့် စည်ကားလျက်ရှိသည်။
ပွဲတော်အတွင်း၌လည်း (၇၆)နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြပွဲနှင့် ၂၀ ရာစု မြန်မာစာရေးဆရာ၊ ဆရာမကြီးတို့၏  ဓာတ်ပုံများ၊    တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ တန်ခိုးကြီးဘုရားစေတီများ၊ သဘာဝအလှရှုခင်းများ၊   ရိုးရာဓလေ့ပွဲတော်များ နှင့် အထင်ကရနေရာများ၏     မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားရှိရာ     ဓာတ်ပုံအနုပညာကို ချစ်မြတ်နိုးကြသည့် ပညာရှင်များနှင့် ဝါသနာရှင်များ ကလည်း စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာကြ သည်။
ထိုသို့ အသိပညာဗဟုသုတရရှိစေမည့်အစီအစဉ် ကောင်းများအပြင်    စိတ်ပျော်ရွှင်ချမ်းမြေ့စေမည့် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန နှင့် မြဝတီရုပ်မြင်သံကြားတို့မှ ဝန်ထမ်းများနှင့်နိုင်ငံ ကျော်အနုပညာရှင်များ၏    သီဆိုဖျော်ဖြေမှုများ ကြောင့်လည်း ပြပွဲကြီးကို ပိုမိုအသက်ဝင်စေခဲ့ကာ ပြပွဲလာရောက်ကြသူများက စိတ်အားထက်သန်စွာ ကြည့်ရှုအားပေးကြသည်။
ထို့ပြင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ စိတ်ဝင် စားဖွယ်အစီအစဉ်တစ်ခုအဖြစ်   ပြည်သူများ  တီဗွီ ဖန်သားပြင်မှသာ တွေ့မြင်နိုင်သည့်သတင်းစတူဒီယို အတွင်း  သတင်းကြေညာသည့်ပုံစံများကို   ပြပွဲသို့ လာရောက်လေ့လာကြသူများ ကိုယ်တိုင်ဝင်ရောက် သတင်းကြေညာဟန် သရုပ်ဆောင်နိုင်ပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကူးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထား သည့်အတွက် လူကြိုက်များသည့် ပြခန်းတစ်ခုလည်း ဖြစ်ခဲ့သည်။
ထို့ပြင် နေပြည်တော် ရဲတပ်ဖွဲ့မှ မှုခင်းပညာပေး ပြခန်းယာဉ်ကို အသိပညာပေးပြသထားပြီး လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းဖော်ထုတ်နိုင်မှု များ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းနှင့် စွမ်းရည်တိုးတက် မြင့်မားရေးဆောင်ရွက်မှုများ၊ ယာဉ်ထိန်းလုပ်ငန်း ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း   အသိပညာပေး   ကာတွန်းပုံများ၊ လောင်းကစားပြစ်မှုပြစ်ဒဏ်များ၊ သိသင့်သိထိုက် သော ဥပဒေနှင့်ပြစ်မှုပြစ်ဒဏ်များကို ပြသထားရာ ကျောင်းသား ကျောင်းသူများနှင့် လူငယ်များ စိတ်ပါ ဝင်စားစွာဖြင့် လေ့လာကြသည်။
ထို့ပြင်  လူငယ်နှင့်စာပေအနုပညာပွဲတော်သို့ လာရောက်ကြသည့် ကလေးများအတွက် စကားပုံ ဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ အိမ်တည်ဆောက် မှုပြိုင်ပွဲများ၊ စုပေါင်းယှဉ်ပြိုင်ရသည့် ဂိမ်းကစားနည်း ပြိုင်ပွဲများနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပပေးလျက်ရှိသည်။ 
ပွဲတော်သို့လာရောက်ကြသည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် မိဘပြည်သူ များအနေဖြင့် စိတ်ဝင်စားဖွယ်ရာ   ပြသထားသည့် အစီအစဉ်များကို   လှည့်လည်ကြည့်ရှုလေ့လာရင်း တိုင်းရင်းသားများ၏ ရိုးရာအစားအသောက်များအား ချစ်ခင်နှစ်သက်မြတ်နိုးစွာဖြင့် အလွယ်တကူစားသုံးနိုင်ရန်အတွက်လည်း တိုင်းရင်းသားရိုးရာစားသောက် ဆိုင်များကို ဈေးနှုန်းချိုသာစွာဖြင့်  ဖွင့်လှစ်ရောင်းချ ပေးခဲ့ရာ  အစားအသောက်များ ပြတ်လပ်သည်အထိ လာရောက်စားသုံးဝယ်ယူသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
ထို့ပြင် ပွဲတော်သို့ လာရောက်ကြသူများ တစ်စုံ တစ်ရာ ကျန်းမာရေးချို့ယွင်းမှုဖြစ်ပေါ်ပါကလည်း အရေးအပေါ် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် များနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာဆင်နွှဲနိုင်ရေးအတွက်လည်း လုံခြုံရေးအစီအမံများကိုလည်းစနစ်တကျ ဆောင်ရွက်ထားသည်။
ယနေ့ကျင်းပသည့် လူငယ်နှင့်စာပေအနုပညာ ပွဲတော်  ဒုတိယနေ့သို့ ကျောင်းသား ကျောင်းသူများ အပါအဝင် ပြည်သူ ၁၀၀၀၀ ကျော်  စိတ်ပါဝင်စားစွာ ဖြင့် လာရောက်ပါဝင်ဆင်နွှဲခဲ့ကြပြီး စာအုပ်စာစောင် အရောင်းဆိုင်များတွင် ငွေကျပ် ၂၇ သိန်းကျော်နှင့် တိုင်းရင်းသားရိုးရာစားသောက်ဆိုင်များတွင်လည်း  ငွေကျပ်သိန်း ၁၄၀ ကျော် ရောင်းချခဲ့ရကြောင်းနှင့် ဒီဇင်ဘာ ၂၂ ရက်တွင်လည်း စည်ကားသိုက်မြိုက်စွာ ဆက်လက်  ကျင်းပပေးသွားမည်ဖြစ်သည့်အတွက် မည်သူမဆို  အခမဲ့လာရောက်လေ့လာနိုင်ကြောင်း သိရှိရသည်။ 
သတင်း - သန်းမင်းအောင်၊ အောင်ရဲသွင်
ဓာတ်ပုံ -ကိုကြီးထိန်၊ ဖိုးပြည့်စုံ