
ညီညွတ်ရေးဆိုတာ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသောရည်ရွယ်ချက်ရှိရမယ်။ တစ်တိုင်းပြည်လုံး လူတစ်မျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတစ်မျိုးလုံးရဲ့အကျိုး၊ အဲဒီလိုတူညီတဲ့ ရည်ရွယ် ချက်၊ တူညီတဲ့အကျိုး၊ တူညီတဲ့အလုပ်၊ တိုင်းသူပြည်သားတွေရအောင် တူညီတဲ့အလုပ်လုပ်တဲ့ ညီညွတ်ရေး မျိုးဖြစ်ရမယ်။ ပါးစပ်က ညီညွတ်ချင်ပါတယ် ပြောလို့မဖြစ်ဘူး။ အလုပ်မှာလည်းတူရမယ်။ အကျိုးမှာ လည်း တူရမယ်။ ရည်ရွယ်ချက်မှာလည်း တူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်။
[ဗိုလ်ချုပ်အောင်ဆန်း၏ ၂၃-၁-၁၉၄၆ ရက်နေ့တွင် ကျင်းပသော ဖဆပလ ပြည်လုံးကျွတ်
ညီလာခံသဘင်ကြီး၌ ပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နုတ်ချက်]