
နေပြည်တော် ဒီဇင်ဘာ ၂၀
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှု ကိုလိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူ များသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့မီးရှို့ ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက် ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီခန့် တွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် သူဌေးကုန်းကျေးရွာ အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာ၏အရှေ့ မြောက်ဘက် သုံးမိုင်ခန့်အကွာမှနေ၍ အမြင့် မီတာ ၅၀၀ ခန့်မှ Drone အသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း Drop Bomb တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ရာ အဆိုပါကျေးရွာနေ အပြစ်မဲ့ပြည်သူ အမျိုးသမီးနှစ်ဦး ဗုံးစထိမှန်ဒဏ်ရာများဖြင့် သေဆုံး ခဲ့ကာ အသက် (၂) နှစ်အရွယ် ကလေးငယ်တစ်ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။
အထက်ပါဖြစ်စဉ်မှ ထိခိုက် ဒဏ်ရာရရှိခဲ့သည့် ကလေးငယ် အား ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေး ကုသမှု ခံယူစေလျက်ရှိကြောင်း နှင့် အပြစ်မဲ့ပြည်သူများ သေဆုံး ထိခိုက်ဒဏ်ရာရရှိအောင် လုပ် ဆောင်ခဲ့သည့် အကြမ်းဖက်သမား များအား ထိရောက်စွာ အရေးယူ နိုင်ရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်