
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မြို့တော် နေပြည်တော်တွင် “ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး”ကို နိုင်ငံတော်အစိုးရနှင့်ပြည်သူတို့က သဒ္ဓါထက်သန်စွာဖြင့် စုပေါင်းပါဝင်လှူဒါန်းပူဇော် တည်ထားကိုးကွယ်ခဲ့ရာ စေတီတော်မြတ်ကြီး၏ ဖောင်းရစ်သုံးခုအနက် တတိယဖောင်းရစ်နှင့် ဒုတိယ ဖောင်းရစ်အား ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ ဆက်လက်၍ ကျန်သော ပထမဖောင်းရစ်ဧရိယာ (၃၄၈၅.၇၈) စတုရန်းပေအား ရွှေစင်ရွှေပြား ကပ်လှူရန် စီစဉ်လျက်ရှိပါသည်။ ရွှေစင်ရွှေပြား(၁)ချပ် (အရွယ် တစ်ပေ x တစ်ပေ၊ အလေးချိန် ရွှေတစ်ကျပ် သား) ၏ ကုန်ကျစရိတ်မှာ ၂၅,၀၀,၀၀၀/- (ကျပ် နှစ်ဆယ့်ငါးသိန်း တိတိ) ဖြစ်ပါ၍ ပြည်ထောင်စုဝန်ကြီး ဌာနများ၊ ရုံးအဖွဲ့အစည်းများ၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ကုမ္ပဏီအဖွဲ့အစည်းများနှင့် ပြည်သူတစ်ဦးချင်းမှ သဒ္ဓါတတ်အား နည်းများမဆို ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါရန်နှင့် ကုသိုလ်ပါဝင်လှူဒါန်း လိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ဖြစ်စေ၊ ပျဉ်းမနားမြို့ မြန်မာ့စီးပွားရေးဘဏ် ရွှေသင်္ကန်း ငွေစာရင်းအမှတ် CF.000873 သို့ ပေးပို့၍ဖြစ်စေ ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည် -
ဆက်သွယ်ရန်လိပ်စာ
(၁) ဦးမြင့်စိုး၊ အဖွဲ့ဝင်၊ နေပြည်တော် ကောင်စီ
၀၉-၂၆၁၁၇၉၀၀၃
(၂) ဦးမောင်မောင်၊ ဒုတိယမြို့တော်ဝန်
နေပြည်တော်စည်ပင်သာယာရေးကော်မတီ
ဝ၉-၄၀၄၄၃၄၄၉၉
(၃) ဦးထွန်းကြည်၊ ဂေါပကအဖွဲ့ဝင်၊ ဥပ္ပါတသန္တိစေတီတော်
၀၉-၅၁၃၅၆၉၈
(၄) ဦးတင်မောင်ကြည်၊ ဂေါပကအဖွဲ့ဝင်၊ ဥပ္ပါတသန္တိစေတီတော်
၀၉-၅၀၇၈၁၇၃
(၅) ဦးခင်မောင်ထွန်း၊ ဂေါပကအဖွဲ့ဝင်၊ ဥပ္ပါတသန္တိစေတီတော်
၀၉-၄၄၈၁၂၇၉၀၇