နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံ RIA သတင်းဌာနမှ သိရှိလိုသည်များအား လက်ခံဖြေကြား

နေပြည်တော်    ဇွန်    ၂၄


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ  RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana အား ခေတ္တတည်းခိုလျက်ရှိသည့် Metropol Hotel ၌ လက်ခံတွေ့ဆုံ၍ သိရှိလိုသည်များကို ဖြေကြားသည်။


ရှင်းလင်းပြောကြားခဲ့


ထိုသို့ တွေ့ဆုံမေးမြန်းရာတွင် ယခုလာရောက်သည့် (၉)ကြိမ် မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021))သို့ တက်ရောက်ခဲ့ သည့်  အခြေအနေများနှင့်   မော်စကိုတွင်  တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့သည့်အခြေအနေ၊ ရုရှား-မြန်မာ စစ်ဘက်နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် အခြားကဏ္ဍပေါင်းစုံတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ၏ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေ၊ COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ လုပ်ဆောင် ထားရှိမှုအခြေအနေနှင့် အခြားသိရှိလိုသည်များကို မေးမြန်းရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည့်ပြည့်စုံစုံ  ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့်  မေးမြန်းဖြေကြားမှု အပြည့်အစုံကို  ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း  သတင်းရရှိ သည်။                                                                  

 

    သတင်းစဉ်