“လူငယ်နှင့် စာပေ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ ကျောင်းသားလူငယ်များ စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေး

 

နေပြည်တော်   ဒီဇင်ဘာ   ၂၀


(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေ အနုပညာပွဲတော်ကို      ယနေ့ နံနက်ပိုင်းတွင်     နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဒိအားကစားရုံ (B)       ၌ စည်ကားသိုက်မြိုက်စွာ     စတင် ကျင်းပခဲ့ပြီး           မွန်းလွဲပိုင်းတွင် “လူငယ်နှင့် စာပေ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ (ယာပုံ) ကျောင်းသား လူငယ်များ  စိတ်ပါဝင်စားစွာဖြင့်   ပါဝင်ဆွေးနွေးကြသည်။


ဦးစွာ           လူငယ်စကားဝိုင်း ဆွေးနွေးပွဲမစတင်မီ ဖျော်ဖြေရေး အစီအစဉ်များအဖြစ်   တိုင်းရင်း သားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်     လူငယ်ရေးရာ ဝန်ကြီးဌာနနှင့်       ပြန်ကြားရေး ဝန်ကြီးဌာနတို့မှ ဝန်ထမ်းများနှင့် အနုပညာရှင်များက    “ထာဝရ သစ္စာ”၊   “လူငယ်ဆိုတာ”   တေး သီချင်းများနှင့် ပရိသတ်အကြိုက် ခေတ်ပေါ်    တေးသီချင်းများဖြင့်        ဖျော်ဖြေတင်ဆက်ကြသည်။


ထို့နောက်   MRTV-4   ရုပ်သံ လိုင်းမှ အစီအစဉ်တင်ဆက်သူများ နှင့်    ဇာတ်လမ်းတွဲသရုပ်ဆောင် များက စာပေနှင့် အနုပညာဆိုင်ရာ သိမှတ်ဖွယ်ရာများ၊   လူငယ်နှင့် စာပေအနုပညာ    ဆက်စပ်မှုရှိပုံ၊ အသက်အရွယ်      အပိုင်းအခြား အလိုက် စာပေလေ့လာဖတ်ရှုခြင်း ဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊  လူငယ်ဘဝတွင်   နေထိုင်ပြုမူ ရမည့် အမူအကျင့်များနှင့်တွေ့ကြုံ ရမည့်    အခက်အခဲများ၊      မိမိတို့ ဝါသနာပါရာ   အတတ်ပညာကို တစိုက်မတ်မတ်    ဇွဲရှိရှိကြိုးစား ပါက အောင်မြင်မှု ရရှိနိုင်ကြောင်း တို့နှင့်စပ်လျဉ်း၍        ဆွေးနွေး ကြသည်။


ယင်းနောက် လူငယ်စကား ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် ကျောင်းသား ကျောင်း သူများက     သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးကြသူများက လူငယ်များ သိသင့်သိထိုက်သည့်  အသိပညာ ဗဟုသုတအကြောင်း အရာများကို ထပ်ဆင့်မျှဝေပေးခဲ့  ကြသည်။ 


အလားတူ ဒီဇင်ဘာ ၂၁ ရက် တွင်  “လူငယ်နှင့် အကောင်းမြင် စိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒီဇင်ဘာ ၂၂  ရက်တွင်  “လူငယ် နှင့်    ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်ဖြင့်     လည်းကောင်း လူငယ်စကားဝိုင်း ဆွေးနွေးပွဲများ ကို ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။  

မျိုးဆက်သစ်