အထူးကုဆေးရုံကြီး(ခုတင်-၅၀၀) ရန်ကုန်၌ (၃၅) ကြိမ်မြောက် အသည်းအစားထိုး ခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက်

 

နေပြည်တော်  ဒီဇင်ဘာ   ၁၉


ကျန်းမာ‌ရေး       ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ပါမောက္ခ ဒေါက်တာ  သက်ခိုင်ဝင်း    သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန် ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ပိုင်းတွင်    အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)ရန်ကုန်၌ (၃၅)ကြိမ် မြောက်အသည်းအစားထိုးခွဲစိတ် ကုသမှုဆောင်ရွက်ခဲ့သော လူနာ နှင့်    အသည်းအလှူရှင်တို့ကို ကြည့်ရှုအားပေးသည်။ 


ကျန်းမာရေးစောင့်ရှောက်


အသည်းအစားထိုး    ခွဲစိတ် ကုသသည့်လူနာမှာ အသက် ၂၉ နှစ်အရွယ်    အမျိုးသားဖြစ်ပြီး အသည်းအလှူရှင်မှာ ၎င်း၏ညီမ ဝမ်းကွဲတော်စပ်သူ   အသက် ၂၂ နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း၊ အဆိုပါအသည်းအစားထိုးခွဲစိတ်ကုသမှုကို  ယမန်နေ့နံနက် ၇ နာရီ မှ ညနေ ၃နာရီခွဲအထိ အောင်မြင် စွာ      ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသပြီး   လူနာ   နှစ်ဦးကို အထူးကြပ်မတ်     ကုသဌာန၌ ထားရှိ၍ လိုအပ်သောကျန်းမာရေး စောင့်ရှောက်မှုများကို ဆက်လက် ကြီးကြပ်    ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။


အဆိုပါအသည်းအစားထိုးခွဲစိတ်ကုသမှုကို    ကျန်းမာရေး ဝန်ကြီးဌာန၏ ကြီးကြပ်ညွှန်ကြား မှုနှင့် ကုသရေးဦးစီးဌာန၏ အနီး ကပ်ပံ့ပိုးမှုတို့ဖြင့်  ဆေးသုတေသန ဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း ဦးဆောင်သော ပြည်သူ့ဆေးရုံကြီး များတွင် အသည်းအစားထိုးခွဲစိတ် မှုအောင်မြင်စွာ    ပြန်လည်ဆောင် ရွက်နိုင်ရေး      လုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ ဌာနမှူး   (အသည်း  နှင့် သည်းခြေလမ်းကြောင်းခွဲစိတ်) ပါမောက္ခ    ဒေါက်တာစိုင်းအောင် ညွန့်ဦး  ခေါင်းဆောင်သော အသည်း ခွဲစိတ်ကုသမှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ဌာနမှူး    (အသည်း ဆေးကု)    ပါမောက္ခဒေါက်တာ ဝင်းဝင်းဆွေ   ခေါင်းဆောင်သော အသည်း    ဆေးကုသမှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ဌာနမှူး (မေ့ဆေး)   ပါမောက္ခဒေါက်တာ မူမူနိုင် ခေါင်းဆောင်သော မေ့ဆေး ဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ ဌာနမှူး(နှလုံးနှင့် သွေးကြောခွဲစိတ်) ပါမောက္ခဒေါက်တာဝင်းဝင်းကျော် ခေါင်းဆောင်သော  နှလုံးနှင့်သွေးကြောခွဲစိတ်မှုဆိုင်ရာ   လုပ်ငန်း အဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)    ဒေါက်တာဆွေဆက်  ခေါင်းဆောင်သော ရောဂါရှာဖွေ ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ ပါမောက္ခ/ ဌာနမှူး(ဓာတ်မှန်)    ပါမောက္ခ ဒေါက်တာအောင်ချိုထွန်း   ခေါင်း ဆောင်သော ဓာတ်မှန်ပညာဆိုင် ရာလုပ်ငန်းအဖွဲ့၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်    (အမျိုးသားသွေး ဌာန)   ဒေါက်တာသီတာအောင် ခေါင်းဆောင်သော သွေးနှင့် သွေး ပစ္စည်းဆိုင်ရာအထောက်အကူပြု    လုပ်ငန်းအဖွဲ့တို့နှင့်အတူ ပါမောက္ခ/ဌာနမှူး(အသည်းခွဲစိတ်) (ငြိမ်း) ဒေါက်တာတင်တင်မာ၊  ပါမောက္ခ/ဌာနမှူး(မေ့ဆေး)(ငြိမ်း) ဒေါက်တာ ကြည်ကြည်စန်း၊ အထူးကုဆေးရုံ ကြီး    (ခုတင်-၅၀၀)     ရန်ကုန်မှ ဆေးရုံအုပ်ကြီး     ဒေါက်တာ အောင်လင်းအေး၊ တွဲဖက်ပါမောက္ခ (မေ့ဆေး)   ဒေါက်တာမောင်မောင် ဆွေ၊      အထူးကုဆရာဝန်ကြီး (ဓာတ်ခွဲ) ဒေါက်တာ ယဉ်မူယာ၊ အထူးကုဆရာဝန်ကြီး (ဓာတ်မှန်) ဒေါက်တာသဇင်သန်းနှင့်ဆရာဝန် များ၊ သူနာပြုအုပ်များဖြစ်သော ဒေါ်စန်းစန်းရင်နှင့် ဒေါ်ပိုပိုအောင်၊ ကျွမ်းကျင်သူနာပြု    ဆရာမကြီး များဖြစ်သော ဒေါ်ကေသီနွယ်နှင့် ဒေါ်ယုယုလင်း   ဦးဆောင်သော သူနာပြုများအဖွဲ့၊   ဆေးဘက် ကျွမ်းကျင်ဝန်ထမ်းများ၊ အထောက် အကူပြုဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြစ်သည်။


 လက်ဆောင်များပေးအပ်


ထို့နောက်      ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်   အသည်း အစားထိုးခွဲစိတ်ကုသမှုကိုဆောင် ရွက်ခဲ့ကြသော ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊  သူနာပြုများ၊ ဆေးကုသရေး    လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များနှင့်    ပူးပေါင်း ဆောင်ရွက်သော Seoul National University Hospital   မှ   Pro-fessor Kwang Woong Lee နှင့် Dr.  Jaeyoon   Kim    တို့ကို တွေ့ဆုံ၍ ကျေးဇူးတင်စကားပြော ကြားကာ    အသည်းအစားထိုး ခွဲစိတ်ကုသမှုများ     ဆက်လက် ဆောင်ရွက်နိုင်မည့်  အခြေအနေ များကိုဆွေးနွေးပြီး   အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။


အသည်းအစားထိုးခွဲစိတ်နိုင်


အသည်းအစားထိုး    ခွဲစိတ် ကုသမှုများကို ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီး၌ ၂၀၀၄ ခုနှစ်တွင် တစ်တွဲ၊ ၂၀၀၉ ခုနှစ်တွင် တစ်တွဲဖြင့် စတင်ဆောင်ရွက်ပြီး အထူးကုဆေးရုံကြီး    (ခုတင်-၅၀၀) ရန်ကုန်  ဖွင့်လှစ်ပြီးနောက် ၂၀၁၅ ခုနှစ်တွင် တစ်တွဲ၊ ၂၀၁၆ ခုနှစ်တွင် လေးတွဲ၊ ၂၀၁၇ ခုနှစ် တွင် ခြောက်တွဲ၊ ၂၀၁၈ ခုနှစ်တွင် ၁၁ တွဲ၊ ၂၀၁၉ ခုနှစ်တွင်   ၁၀  တွဲ စုစုပေါင်း ၃၄ တွဲကို လည်းကောင်း၊ မန္တလေး    ပြည်သူ့ဆေးရုံကြီး၌ ၂၀၁၇ ခုနှစ်တွင် သုံးတွဲ၊ ၂၀၁၈ ခုနှစ်တွင် ခုနစ်တွဲ၊   ၂၀၁၉ ခုနှစ် တွင် လေးတွဲ စုစုပေါင်း ၁၄ တွဲကို လည်းကောင်း၊    ကလေးဆေးရုံ ကြီး- ရန်ကုန်၌ ၂၀၁၉ ခုနှစ်တွင် သုံးတွဲကိုလည်းကောင်း   ဆောင် ရွက်နိုင်ခဲ့ကာ  ကိုဗစ်-၁၉   ရောဂါ ဖြစ်ပွားမှုအခြေအနေအရ ရပ်နား ခဲ့ရရာမှ ယခုပြန်လည်ဆောင်ရွက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြည်တွင်း၌   အသည်းအစားထိုး ခွဲစိတ်ကုသမှုများ   ဆောင်ရွက်နိုင် ခြင်းဖြင့်    ပြည်သူများအတွက် လိုအပ်သောကုသမှုကို လက်လှမ်း မီရရှိစေကာ ပြည်ပသို့သွားရောက် ကုသရမည့်   ကုန်ကျစရိတ်များ သက်သာစေနိုင်မည်ဖြစ်ကြောင်း နှင့် အသည်းအစားထိုး     ခွဲစိတ် ကုသမှုများ    ပုံမှန်ဆက်လက် ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 


သတင်းစဉ်