ဒုတိယဝန်ကြီး ဦးလွင်ဦး ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ ဗန်ကောက်မြို့အခြေစိုက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Mr. Pio Smith အား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဒီဇင်ဘာ   ၁၉


နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလွင်ဦးသည် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ ဗန်ကောက်မြို့အခြေစိုက်   အာရှ နှင့်        ပစိဖိတ်ဒေသဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူး  Mr. Pio Smith အား   ယနေ့ညနေ  ၄  နာရီတွင် နေပြည်တော်ရှိ    နိုင်ငံခြားရေး ဝန်ကြီးဌာန၌    လက်ခံတွေ့ဆုံ သည်။  


ထိုသို့တွေ့ဆုံရာတွင်  UNFPA ၏  မြန်မာနိုင်ငံတွင်  ဆောင်ရွက် လျက်ရှိသည့်   စီမံကိန်းနယ်ပယ် များနှင့်  UNFPA  နှင့်  မြန်မာနိုင်ငံ အစိုးရတို့အကြား    အနာဂတ်တွင် ပူးပေါင်း          ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်    စပ်လျဉ်း၍ အမြင်ချင်းဖလှယ်  ဆွေးနွေးခဲ့ကြ သည်။ 


အစည်းအဝေးသို့  UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ်ဖြစ်သူ Mr. Ramanathan    Balakrishnan နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ကြီးများ  တက်ရောက်ကြကြောင်း သိရသည်။                

သတင်းစဉ်