လူငယ်နှင့်စာပေအနုပညာပွဲတော် အရောက်လာဖို့ တို့ဖိတ်ခေါ်

 

နေပြည်တော်   ဒီဇင်ဘာ  ၁၉
“ပြည်ထောင်စုအကျိုးသယ်ပိုးဖို့    အသိ ပညာမြှင့်တင်စို့” ဆိုသည့် ဆောင်ပုဒ်နှင့် အညီ  (၇၆)နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  လူငယ်နှင့်စာပေအနုပညာ ပွဲတော်ကို    နေပြည်တော်ရှိ    ဝဏ္ဏသိဒ္ဒိ အားကစားရုံ (B) ၌  ဒီဇင်ဘာ ၂၀   ရက်မှ   ၂၂   ရက်အထိ    စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။ 
ထည့်သွင်းပြသ
အဆိုပါပွဲတော်ကြီး၌  မြန်မာနိုင်ငံ၏ အနာဂတ်ခေါင်းဆောင်များဖြစ်ကြသည့် လူငယ်များနှင့်  ကလေးများ လွတ်လပ်ရေး နေ့နှင့်     လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း ကြောင်းများကို   သိမြင်နိုင်စေရန်၊   နိုင်ငံ ချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာ စေရန်နှင့်  စာပေနှင့် အနုပညာရပ်များ၏ အကျိုးကျေးဇူးသိရှိစေပြီး    နိုင်ငံတည် ဆောက်ရေးလုပ်ငန်းများတွင်  ပါဝင်ကူညီ ဆောင်ရွက်လာစေရန်အတွက်     ဝန်ကြီး ဌာန  ၁၅  ခုမှ   သက်ဆိုင်ရာကဏ္ဍအလိုက် ခင်းကျင်းပြသထားသည့်           ပြခန်းများ၊ စာပေဗိမာန်          စာအုပ်အရောင်းဆိုင်နှင့် ပြင်ပစာအုပ်အရောင်းဆိုင်များ၊     လှပ သာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြိုင်ပွဲ မှ   တန်ခိုးကြီးဘုရားစေတီများ၊  သဘာဝ အလှရှုခင်းများ၊    ရိုးရာဓလေ့ပွဲတော်များ နှင့်  အထင်ကရနေရာများ၏   မှတ်တမ်း ဓာတ်ပုံများနှင့်  ဆုရဓာတ်ပုံများ၊ ၂၀ ရာစု မြန်မာစာရေးဆရာ၊  ဆရာမတို့၏ ဓာတ်ပုံ များကို   ထည့်သွင်းပြသသွားမည်   ဖြစ် ကြောင်း သိရသည်။
ပြင်ဆင်ဆောင်ရွက်
အားကစားနှင့်  လူငယ်ရေးရာဝန်ကြီး ဌာန    ပြခန်းပြင်ဆင်ဆောင်ရွက်ထားရှိမှု များနှင့် စပ်လျဉ်း၍ အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဦးဌေး အောင်က  “ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအနေနဲ့   အားကစားနှင့်ကာယ ပညာဦးစီးဌာနပြခန်းနဲ့      လူငယ်ရေးရာ ဦးစီးဌာနပြခန်းဆိုပြီး အပိုင်းနှစ်ပိုင်းခွဲပြီး ခင်းကျင်းပြသသွားမှာ        ဖြစ်ပါတယ်။ အားကစားနှင့်    ကာယပညာဦးစီးဌာန ပြခန်းမှာ       အထိမ်းအမှတ်ပစ္စည်းများ ပြခန်း၊  အားကစားနှင့် ကာယပညာဦးစီး ဌာနက ထုတ်ဝေတဲ့  စာအုပ်စာတမ်းများ ပြခန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်  အားကစားအောင်မြင်မှုများ ပြခန်းနဲ့    နိုင်ငံ့ဂုဏ်ဆောင်   အားကစား သမားဟောင်းတွေရဲ့       ရုပ်တုများကို ခင်းကျင်းပြသထားပါတယ်။    ပွဲတော်ကို လာရောက်လည်ပတ်ကြတဲ့  ကျောင်းသား လူငယ်တွေ အားကစားလှုပ်ရှားမှု ပျော်ရွှင် စွာကစားနိုင်ဖို့   အားကစားနည်းငါးမျိုးကို လည်း   ပြခန်းအဖြစ်   ထည့်သွင်းထားပါ တယ်။    ပထမဆုံးအထိမ်းအမှတ်ပစ္စည်း များပြခန်းမှာ အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ၊  အာရှအားကစားပြိုင်ပွဲနဲ့ အိုလံပစ် ပြိုင်ပွဲတွေမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပ တဲ့  နိုင်ငံတိုင်းက  ဖွင့်ပွဲအခမ်းအနားတွေလုပ်တဲ့အခါမှာ မီးရှူးတိုင်ကို   သယ်ယူခွင့် ရရှိတဲ့သူတွေဟာ  အိမ်ရှင်အဖြစ်  လက်ခံ ကျင်းပတဲ့     နိုင်ငံရဲ့   နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေ ဖြစ်ပါတယ်။  နိုင်ငံ့ ဂုဏ်ဆောင်    အားကစားသမားကြီးတွေ ကိုယ်တိုင်သယ်ယူခဲ့တဲ့      မီးရှူးတိုင်ကို ကျွန်တော်တို့နိုင်ငံက ကျောင်းသားလူငယ် တွေ တွေ့မြင်ပြီး အားကျအတုယူစိတ်တွေ ဖြစ်လာအောင် မီးရှူးတိုင်တွေကို ခင်းကျင်း ပြသထားခြင်း ဖြစ်ပါတယ်” ဟုပြောသည်။
 ဖွင့်လှစ်ရောင်းချ
ထို့ပြင် ပွဲတော်သို့ လာရောက်လေ့လာ ကြသည့်    ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာကစားနိုင်ရန် ဝန်ကြီးဌာနများ မှ     စိတ်ဝင်စားဖွယ်    ကစားနည်းများ၊ စကားပုံဆက်၊  အရုပ်ဆက်၊   ဆေးရောင် ခြယ်၊      အိမ်ဆောက်ကစားနည်းများနှင့် ဉာဏ်စမ်းပဟေဠိ          ကစားနည်းများကို အသိပညာပေးနည်းလမ်းများနှင့် တွဲဖက် ၍ ကစားစေမည့်အစီအစဉ်များ ထည့်သွင်း ကျင်းပမည့်အပြင် ပွဲတော်သို့ လာရောက် လည်ပတ်ကြမည့်    ကျောင်းသားလူငယ် များနှင့်   မိဘပြည်သူများ   အလွယ်တကူ ဝယ်ယူစားသုံးနိုင်ရန်  တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်များကိုလည်း    ဖွင့်လှစ် ရောင်းချပေးသွားမည်     ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍     ညွှန်ကြားရေးမှူး ဦးဌေးအောင်က “နိုင်ငံတကာ  အားကစား ပြိုင်ပွဲတွေကို    သွားရောက်ယှဉ်ပြိုင်တဲ့ အခါမှာ   အိမ်ရှင်အဖြစ်     လက်ခံကျင်းပတဲ့  နိုင်ငံတွေက အထိမ်းအမှတ်ပစ္စည်းတွေ ကိုလည်း    ခင်းကျင်းပြသထားပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး       ကောင်စီ    လက်ထက်မှာ ကမ္ဘာ့အဆင့်၊ အာရှအဆင့်  ပြိုင်ပွဲတွေမှာ ရရှိခဲ့တဲ့ ရွှေဆုတံဆိပ်တွေ အပြင် ကျွန်တော်တို့ဌာနက  ထုတ်ဝေ ထားတဲ့ အားကစားနည်းအလိုက်  နည်းပြ လက်စွဲစာအုပ်တွေ၊ လစဉ်ထုတ် အားကစား သတင်းလွှာနဲ့ မဂ္ဂဇင်းတွေ၊   အခြားထုတ်ဝေ ထားတဲ့စာအုပ်တွေကိုလည်း  ပြသထား ပါတယ်။       နိုင်ငံတော်စီမံအုပ်ချုပ်ရေး        ကောင်စီလက်ထက်မှာ      အားကစား အောင်မြင်မှုရရှိရေးအတွက်  နိုင်ငံတော် အဆင့် အားပေးအားမြှောက်မှုမှတ်တမ်း၊     မှတ်ရာတွေ၊  ကမ္ဘာ့အဆင့်၊    အာရှအဆင့် ပြိုင်ပွဲတွေမှာ        အောင်မြင်မှုရရှိခဲ့တဲ့     အားကစားသမားတွေရဲ့    မှတ်တမ်းပုံရိပ် တွေဖြစ်တဲ့         မှတ်တမ်းဓာတ်ပုံတွေ၊ မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့(၃၂) ကြိမ် မြောက်   အရှေ့တောင်အာရှအားကစား ပြိုင်ပွဲရဲ့    မှတ်တမ်းဓာတ်ပုံတွေနဲ့   ၂၀၂၃ ခုနှစ် ဒီဇင်ဘာလူထုအားကစား  လှုပ်ရှား မှုမှတ်တမ်းဓာတ်ပုံကိုလည်း     ခင်းကျင်း ပြသထားပါတယ်”
“အားကစားနှင့်   လူငယ်ရေးရာဝန်ကြီး ဌာနနဲ့ ပြခန်းကိုလာရောက်လေ့လာကြမယ့် ကျောင်းသားလူငယ်တွေ  စိတ်ပါဝင်စား စွာ  ပျော်ရွှင်စေဖို့အတွက်   အားကစားနည်း ငါးမျိုးဖြစ်တဲ့       ဘောလုံး၊        မြားပစ်၊ ဘတ်စကက်ဘော၊   ဂေါက်နဲ့   သဲကွင်းပစ် တို့ ဆော့ကစားနိုင်ဖို့ကိုလည်း ထည့်သွင်း ထားပါတယ်။      


ဒီအားကစားနည်းတွေကို ကစားတဲ့အခါ မှာ     သတ်မှတ်တဲ့  အကြိမ်အရေအတွက် အတိုင်း        ကစားနိုင်မယ်ဆိုရင်  တီရှပ်၊ အချိုရည်ဘူးတွေ ဆုချီးမြှင့်ဖို့ စီစဉ်ထားပါ တယ်။ ဒီပွဲတော်ကို  နိုင်ငံတော်က     နှစ်စဉ် စီစဉ်ကျင်းပပေးတဲ့    ပွဲတော်လည်းဖြစ် သလို   ပြန်ကြားရေးဝန်ကြီးဌာနက   ဦးစီး ဦးဆောင်ပြီး    ကျင်းပတဲ့  ပွဲတော်လည်း  ဖြစ်ပါတယ်။  ဒီပွဲတော်မှာ ဝန်ကြီးဌာန   ၁၆ ခုကနေ ဝန်ကြီးဌာနအလိုက်  လှုပ်ရှား မှုတွေကို  ပြည့်ပြည့်စုံစုံ  ခင်းကျင်းပြသ ထားတဲ့အတွက်   ကျောင်းသားလူငယ် တွေအနေနဲ့   ဒီပွဲတော်ကို   လာရောက် လေ့လာကြဖို့   ဖိတ်ခေါ်ပါတယ်။ ပွဲတော် မှာပြသထားတဲ့   ကျောင်းသားလူငယ် တွေအတွက်    သိသင့်သိထိုက်တဲ့ စာအုပ် စာပေကိုလည်း       ပွဲတော်ကတစ်ဆင့် ဝယ်ယူပြီး အသိပညာဗဟုသုတတိုးပွား စေဖို့ နောင်တစ်ခေတ်ရဲ့ ပခုံးပြောင်းတာဝန် ယူကြရမယ့် လူငယ်တွေဟာ ဘက်စုံဖွံ့ဖြိုး တိုးတက်စေဖို့ လူငယ်နှင့် စာပေအနုပညာ ပွဲတော်ကို   မပျက်မကွက်    လာရောက် လေ့လာကြဖို့   ဖိတ်ခေါ်ပါတယ်”    ဟု ပြောကြားသည်။
လူငယ်စကားဝိုင်းထည့်သွင်းကျင်းပ
အလားတူ  ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့်      စိတ်ဓာတ် စစ်ဆင်ရေးရုံးမှ ဝန်ထမ်းများ၊ ပြန်ကြား ရေးဝန်ကြီးဌာန   မြန်မာ့အသံနှင့်  ရုပ်မြင် သံကြားမှဝန်ထမ်းများနှင့်  သာသနာရေး နှင့်  ယဉ်ကျေးမှုဝန်ကြီးဌာနမှ   ဝန်ထမ်း များ၏     ဖျော်ဖြေရေးအစီအစဉ်များ၊ အသိပညာဗဟုသုတရဖွယ်      လူငယ် စကားဝိုင်း     ဆွေးနွေးပွဲများကိုလည်း      ထည့်သွင်း  ကျင်းပသွားမည်ဖြစ်ကြောင်း      သိရသည်။ 
နည်းပညာတွေသိရှိနိုင်
သိပ္ပံနှင့်      နည်းပညာဝန်ကြီးဌာန ပြခန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍  အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီ က      “ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အနေနဲ့     လူငယ်နှင့်စာပေအနုပညာ ပွဲတော်မှာ အပိုင်းသုံးပိုင်း  ခင်းကျင်းပြသ သွားမှာပါ။  ပထမပိုင်းအနေနဲ့ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာပြခန်း၊  ဒုတိယ အပိုင်းအနေနဲ့    အဏုမြူစွမ်းအင်ဆိုင်ရာ ပြခန်း၊ တတိယအပိုင်းအနေနဲ့ လျှပ်စစ်ကား နည်းပညာဆိုင်ရာပြခန်းတို့ကို  ခင်းကျင်း ပြသသွားမှာဖြစ်ပါတယ်။       အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာပြခန်းမှာICT ၊  Technology    တွေနဲ့    ပတ်သက်တဲ့ အကြောင်းတွေ ပါဝင်ပါတယ်။ တက္ကသိုလ်  ကျောင်းသား ကျောင်းသူတွေ ပြုလုပ်ထား တဲ့  Project တွေကိုလည်း  ပြသသွားမှာ ဖြစ်ပါတယ်။     အဏုမြူစွမ်းအင်ဆိုင်ရာ ပြခန်းမှာ     ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေ  အဏုမြူစွမ်းအင်ဆိုင်ရာတွေ သိဖို့အတွက်     အသေးစိတ်ပြသထားပါ တယ်။     လျှပ်စစ်ကားနည်းပညာဆိုင်ရာ ပြခန်းမှာဆိုရင် အခုလက်ရှိမှာ  EV ကား တွေကို အသုံးများလာတဲ့အတွက် ဘယ်လို အသုံးပြုရတယ်ဆိုတာကို  နမူနာပုံစံငယ် လေးတွေနဲ့    အသေးစိတ်ပြသမှာဖြစ်ပါ တယ်။ နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ တီထွင်ထားတဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ် အဆင့်တွေပါဝင်ဆင်နွှဲလို့ရတဲ့  စုံထောက် လုပ်ကြမယ်  ဉာဏ်စမ်းပဟေဠိကို  ပါဝင် ဆင်နွှဲပြီး အနိုင်ရရင် ဆုတွေကိုချီးမြှင့်သွား  မှာ  ဖြစ်ပါတယ်။  ဒါကြောင့် ကျောင်းသား လူငယ်တွေနဲ့   ပြည်သူတွေအားလုံး သိပ္ပံ နှင့်    နည်းပညာဝန်ကြီးဌာန    ပြခန်းကို ကြည့်ရှုခြင်းအားဖြင့်      ခေတ်နဲ့အညီ ပြောင်းလဲနေတဲ့ နည်းပညာတွေကို သိရှိ နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်  လာရောက် လေ့လာကြဖို့   ဖိတ်ခေါ်ပါတယ်”     ဟု ပြောသည်။
မြတ်နိုးတန်ဖိုးထားစိတ်များဖြစ်ပေါ်
အဆိုပါ     ပွဲတော်အား    လူငယ်များ ဉာဏ်ရည်ဉာဏ်သွေးနှင့်  အယူအဆများ ထက်မြက်လာစေရေးအတွက်   စာအုပ် စာစောင်များကို  တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့်   လူငယ်များ စာပေ နှင့်  ရင်းနှီးပြီး   စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင်စေရန်၊     စာပေနှင့်အနုပညာမှ တစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေပြီး     လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းများ၊     ကိုလိုနီ လက်အောက်ခံဘဝတွင်   တွေ့ကြုံခံစား ရမှုများကို   သိမြင်စေကာ   မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို     လေးစားတန်ဖိုးထား တတ်စေရန်၊     ဓာတ်ပုံအနုပညာပြပွဲမှ တစ်ဆင့်      မြန်မာနိုင်ငံ၏     အေးချမ်း တည်ငြိမ်မှု၊ သာယာလှပမှုနှင့်ဖွံ့ဖြိုးတိုးတက် မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသ အလှ အပများကို သိရှိခံစားပြီး  မိမိတို့၏ တိုင်း ဒေသကြီး/ပြည်နယ်များအပေါ်   မြတ်နိုး တန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် ပြခန်းများ   ခင်းကျင်းပြသမှုများမှတစ်ဆင့် ဝန်ကြီးဌာနအသီးသီးက     ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများကို အလွယ်တကူ သိမြင်နိုင်စေရန်  ရည်ရွယ်၍  ကျင်းပခြင်း ဖြစ်သည်။
စီစဉ်ဆောင်ရွက်
ထိုသို့  ကောင်းမွန်သည့် ရည်ရွယ်ချက် များဖြင့်    နိုင်ငံတော်အစိုးရက စေတနာ အပြည့်ဖြင့်  စီစဉ်ဆောင်ရွက်ထားသည့်  (၇၆)နှစ်မြောက်    လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  လူငယ်နှင့်စာပေအနုပညာ ပွဲတော်သို့    နောင်အနာဂတ်တွင်     နိုင်ငံ တာဝန်များကို   ပခုံးပြောင်းတာဝန်ထမ်း ဆောင်ကြရမည့်     ကျောင်းသားလူငယ် များအနေဖြင့်    တက်ကြွသည့်     ခြေလှမ်း များဖြင့်    လှမ်းလာကြပါရန်   ဖိတ်ခေါ် လိုက်ရပါသည်။


သတင်း- အေးအေးသန့်/ဟိန်းမင်းစိုး 
ဓာတ်ပုံ ရွှေကိုလေး