ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း မင်းစုဘူတာနှင့် ကျောက်ဆည် ဘူတာအကြား ရထားလမ်းတံတားအနီး PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးထားမှုကြောင့် အမှတ်(၅)အဆန်လူစီးအမြန်ရထားကြန့်ကြာမှုဖြစ်

 

နေပြည်တော်  ဒီဇင်ဘာ   ၁၉


မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မင်းစုဘူတာနှင့်   ကျောက်ဆည်ဘူတာ    အကြား မိုင်တိုင်အမှတ်၊ ၃၅၃/၃ နှင့် ၄ အကြား၊ တံတားအမှတ် (၇၃၆) အနီးတွင် PDF အမည်ခံအကြမ်းဖက်သမား များက     မိုင်းခွဲဖျက်ဆီးထားခြင်းကြောင့်    တံတား ချဉ်းကပ်လမ်းရှိ ကွန်ကရစ်ဇလီဖားတုံးများ ပျက်စီး ပြီး  သံလမ်းများနေရာ   ရွေ့နေမှုကြောင့်  မင်းစုနှင့် ကျောက်ဆည်အကြား     ရထားလမ်းပိုင်းများအား ခေတ္တပိတ်ထားရသဖြင့် အမှတ်(၅)အဆန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် မြစ်သားဘူတာသို့ ယနေ့  နံနက် ၇ နာရီ မိနစ်၂၀ တွင် ရောက်ရှိရပ်တန့် ထားခဲ့ရကြောင်း သိရှိရသည်။


အဆိုပါ   မိုင်းပေါက်ကွဲသည့်နေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်    တာဝန်ရှိသူများက    အချိန်နှင့် တစ်ပြေးညီ  သွားရောက်ကာ  နယ်မြေလုံခြုံရေးနှင့် မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခြင်း၊ မြန်မာ့မီးရထား ဝန်ထမ်းများက လမ်းပိုင်းအား စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီး အစုန်လမ်းအား ပြန်လည် ဖွင့်လှစ်ပေးခဲ့ရာ အမှတ်(၅)အဆန်လူစီးအမြန်ရထား သည်   မြစ်သားဘူတာမှ  နံနက် ၉ နာရီ ၁၀ မိနစ်၌ ဆက်လက်ထွက်ခွာနိုင်ခဲ့ကြောင်း၊  ဘူတာ၌ ရပ်တန့် ထားရမှုကြောင့်  ရထားစီးခရီးသည်များ ခေတ္တအချိန် ကြန့်ကြာမှု ကြုံတွေ့ခဲ့ရကြောင်းနှင့်  လမ်းပိုင်းပျက်စီး မှုကို    အချိန်နှင့်တစ်ပြေးညီ    ပြန်လည်ပြုပြင်ပြီး  ရထားခရီးစဉ်များ ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း   သိရသည်။


အကြမ်းဖက်သမားများအနေဖြင့်  ၂၀၂၁  ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ   ယနေ့အထိ  မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင်  ရထားလမ်းနှင့်ရထား ဘူတာနယ်မြေအတွင်း မိုင်းထောင်မိုင်းခွဲခြင်း အကြိမ် ၁၃၀ ၊  ရထားတံတားများအား   မိုင်းခွဲဖျက်ဆီးခြင်း ၄၆ ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ် များအား  မီးရှို့ဖျက်ဆီးခြင်း   ၁၂  ကြိမ်  ကျူးလွန်ခဲ့ကြ ကြောင်း သိရသည်။


နိုင်ငံတော်အစိုးရအနေဖြင့်      အများပြည်သူ ခရီးသွားလာမှုနှင့်   ကုန်စည်ပို့ဆောင်မှု  အဆင်ပြေ ချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းအခြေခံ အဆောက်အဦများ     ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို   အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍  စီမံ ဆောင်ရွက်ပေးလျက်ရှိသော်လည်း  အကြမ်းဖက် သောင်းကျန်းသူများက နိုင်ငံတော်ပိုင် ရထားစက်ခေါင်း၊ တွဲများနှင့်ခရီးသည်များ၊ ကုန်စည်များထိခိုက်ပျက်စီး စေရေး၊ ပြည်သူများ  အသက်အန္တရာယ်ထိခိုက်ပြီး ရထားဖြင့်ခရီးသွားလာမှုမပြုရဲအောင် ခြိမ်းခြောက် ခြင်းတို့ကို    ရည်ရွယ်ချက်များဖြင့်    အကြိမ်ကြိမ် ကျူးလွန်နေကြသောကြောင့်  အဆိုပါ အကြမ်းဖက် သမားများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ဒေသခံ ပြည်သူတစ်ရပ်လုံးက    ပြင်းထန်စွာ    ဆန့်ကျင် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်