ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ ထိုင်းနိုင်ငံ ဗန်ကောက်မြို့အခြေစိုက် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Mr. Pio Smith နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်  ဒီဇင်ဘာ  ၁၉ 


လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏   ထိုင်းနိုင်ငံ    ဗန်ကောက်မြို့အခြေစိုက်  အာရှနှင့်   ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Mr. Pio Smith နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင်   နေပြည်တော်ရှိ   အဆိုပါဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။


အမြင်ချင်းဖလှယ်ဆွေးနွေး


ထိုသို့ တွေ့ဆုံရာတွင် ဝန်ကြီး ဌာနနှင့်  UNFPA  တို့အကြား နှစ်ကာလရှည်ကြာစွာ  လက်တွဲ ပူးပေါင်း      ဆောင်ရွက်ခဲ့မှုနှင့် UNFPA ၏ မျိုးဆက်ပွားကျန်းမာ ရေး၊ လူငယ်လူရွယ်ကဏ္ဍ၊ HIV နှင့် AIDS ၊ ကျား/မ တန်းတူညီမျှမှုနှင့် ကျား/မ အခြေပြုအကြမ်းဖက်မှုလုပ်ငန်းများကို ကူညီဆောင်ရွက် ရာတွင်   လူဦးရေဆိုင်ရာ  ကိန်း ဂဏန်းများ     မှန်ကန်ရန်လိုအပ် သဖြင့်  ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ လူဦးရေဆိုင်ရာ     လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည့်  အခြေ အနေ၊ မြန်မာနိုင်ငံ၏ လူဦးရေနှင့် မိသားစုစီမံကိန်းအတွက်  လိုအပ် ချက်များကို တုံ့ပြန်ဖြေရှင်းနိုင်ရန် အသိပညာနှင့်       စွမ်းဆောင် ရည်တည်ဆောက်ရေး၊ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံ၏ လူဦးရေပြဿနာ များနှင့် အဆိုပါပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ဖြစ်နိုင် သည့်       နည်းဗျူဟာများနှင့် ပတ်သက်သည့်       အသိပညာ မြှင့်တင်ရေး၊           မြန်မာနိုင်ငံ၏ လူဦးရေပြဿနာများကို ဖြေရှင်း ရာတွင်          လိုအပ်ချက်များနှင့် ကိုက်ညီသည့်   ပုံစံအမျိုးမျိုးဖြင့် ကူညီဆောင်ရွက်ပေးရေး၊   လူဦးရေ ဆိုင်ရာ    လုပ်ငန်းအစီအစဉ်များ မြှင့်တင်    ဆောင်ရွက်ပေးရေး၊ ဝန်ကြီးဌာနနှင့်       UNFPA    တို့ အကြား  လုပ်ငန်းများဆက်လက် ပူးပေါင်း   ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်      စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ   အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။ 


တွေ့ဆုံပွဲသို့  ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနနှင့် ပြည်သူ့အင်အား      ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန် ရှိသူများ တက်ရောက်ကြသည်။


သတင်းစဉ်