မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အတွက် လုံခြုံရေးအစီအစဉ်များ စနစ်တကျဆောင်ရွက်ထား

 

ရန်ကုန်    ဒီဇင်ဘာ   ၁၆
မကြာမီကျင်းပမည့်      မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်တွင်  လုံခြုံရေးအစီအစဉ်များကို စနစ်တကျဆောင်ရွက်ထားကြောင်း ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီနှင့် နီးစပ်သည့် အသိုင်း အဝိုင်းမှ သိရသည်။
‘‘တပို့တွဲလဆန်း ၅ ရက်မှာ   ဖွင့်ပွဲကျင်းပမယ်။ ကိုဗစ်ကာလတုန်းကလည်း ပွဲတော်အနေနဲ့ ကျင်းပ တာမဟုတ်ပေမယ့် အစဉ်အလာမပျက်ဘဲ အထက် စက်တော်ရာနဲ့ အောက်စက်တော်ရာတွေကို ဖွင့်ပြီး အပူဇော်ခံတာမျိုး လုပ်တာရှိတယ်။    အခုဖွင့်ပွဲနဲ့ အတူလုပ်မယ်။ အောက်စက်တော်ရာ အရင်ဖွင့်မယ်၊ ပြီးမှ အထက်စက်တော်ရာဖွင့်မယ်။ ပြီးရင် မြန်မာ နှစ်ဆန်း ၁  ရက်နေ့ဆို ပြန်ပိတ်မယ်။ ဘုရားဖူးပြည်သူ တွေအတွက်တော့ လုံခြုံရေးအစီအစဉ်တွေ  စနစ် တကျ ဆောင်ရွက်ထားပါတယ်’’ဟု မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး    လုပ်ငန်းကော်မတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား  ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှစတင်ကာ စည်ကား  သိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း၊    တည်းခို ဆောင်နှင့် ဈေးဆိုင်ခန်းများ  ဆောက်လုပ်နေပြီး    ဘုရားဖူးများအား သတ်မှတ်ထားသည့် တည်းခိုဆောင် များတွင် ညအိပ်တည်းခိုခွင့်ပြုရန်   စီစဉ်ဆောင်ရွက် ထားကြောင်း    မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီမှ သိရသည်။
‘‘အခုနှစ်လည်းပုံမှန်ပါပဲ။  တည်းခိုခန်း အလုံး ပေါင်း ၈၀၀ လောက်နဲ့  ဈေးဆိုင်ခန်းက ၄၀၀ ခန့် လောက်ပေါ့၊ စပါယ်ရှယ်ခန်းတွေပါမယ်။ သာမန်ခန်း တွေပါမယ်’’ဟု စကုမြို့နယ်မှ     ဒေသခံတစ်ဦးက ပြောသည်။
မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာ နှစ်ဆန်း ၁ ရက်အထိ ရက်ပေါင်း ၈၀ ကြာ စည်ကား သိုက်မြိုက်စွာ  ကျင်းပလေ့ရှိကြောင်း၊   မြန်မာနိုင်ငံ အတွင်း   ရက်အရှည်ကြာဆုံး   သမိုင်းဝင်ဘုရား ပွဲတော်ကြီးဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင်လူ ပြည်သူများ နှစ်စဉ်စည်ကား များပြားစွာ လာရောက်ဖူးမြော်လေ့ရှိကြောင်း၊  ပြီးခဲ့ သည့် ၂၀၂၂ ခုနှစ်ကလည်း  ကိုဗစ်စည်းကမ်းချက်များ နှင့်အညီ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
‘‘ဘုရားဖူးရင်း   တောတောင်ရေမြေသဘာဝကို တွေ့ရတော့ လာကြတာပေါ့။     မြန်မာနိုင်ငံမှာ အထင်ကရကျင်းပတဲ့ ရက်ရှည်ဘုရားပွဲတော်လည်း ဖြစ်တယ်။  ပွဲတော်ကို တစ်နိုင်ငံလုံးက ပုံမှန်လာကြ တယ်။ ဒါပေမယ့် သီးသန့်ခရီးသွားလုပ်ငန်းအနေနဲ့ ရှိနေတာတော့ မဟုတ်ဘူး။ ဘုရားဖူးအနေနဲ့ လာကြ တာ’’ဟု ခရီးသွားလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။                                
 သစ်တော်
 ဓာတ်ပုံ -ဇေယျာထက်(မင်းဘူး)