တိုက်ခိုက်ခံရနိုင်ဖွယ်ရှိသည်ဟူသော ခြိမ်းခြောက်မှုများကြောင့် ပင်လယ်နီတွင် သင်္ဘောများသွားလာခြင်း ခေတ္တရပ်နား

 

ဆာနား   ဒီဇင်ဘာ   ၁၆


ယီမင်နိုင်ငံမှ ဟူသီသူပုန်များသည်  အစ္စရေးနိုင်ငံဘက် သို့ သွားလာနေသော   ကုန်တင်သင်္ဘောနှစ်စင်းကို  ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ပြောသည်။  ဒုံးကျည်ဖြင့်   ပစ်ခတ်တိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟူသော ကြေညာချက်ကို ဒီဇင်ဘာ ၁၅ ရက်က လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ ခြင်းဖြစ်သည်။ 


ဂါဇာကမ်းမြောင်ဒေသမှ   ပြည်သူများ   လိုအပ် သည့်ဆေးဝါးနှင့်  အစားအသောက်များ   မရမချင်း အစ္စရေးဆိပ်ကမ်းများဆီသို့ ဦးတည်နေသည့်သင်္ဘော များကို တားဆီးမှုများပြုလုပ်သွားမည်ဟု ဟူသီဘက် မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 
ပစ်မှတ်ထား တိုက်ခိုက်ခြင်းခံရသည့်  သင်္ဘော နှစ်စင်းမှာ    လိုက်ဘေးရီးယား   အလံလွှင့်ထူထား သည့် သင်္ဘောများဖြစ်ကြသည်ဟု သင်္ဘောခြေရာခံ ဝက်ဘ်ဆိုက်ဖြစ်သည့် Marine Traffic က ပြောသည်။ Bab-el-Mandeb  ရေလက်ကြားနှင့်   အနီးနားရှိ ရေပြင်တွင် အစ္စရေးသင်္ဘောများကို လိုက်လံတိုက်ခိုက် သည်ဟု ဟူသီအုပ်စုက ပြောသည်။ 


အဆိုပါ  ရေလက်ကြားသည်    ပင်လယ်နီသို့ ဝင်ရောက်ရာလမ်းကြောင်းလည်းဖြစ်သည်။ တိုက်ခိုက် မှုခြိမ်းခြောက်ခြင်းအန္တရာယ်ကြောင့် ပင်လယ်နီနှင့် အနီးတစ်ဝိုက်တွင်     ရေကြောင်းသွားလာမှုများ  ရပ်ဆိုင်းရန် သင်္ဘောကုမ္ပဏီများ တွန်းအားပေးလျက် ရှိသည်။ ဒိန်းမတ်သင်္ဘောကုမ္ပဏီဖြစ်သည့် A.P. Moller-Maersk သည် အဆိုပါရေလက်ကြားတွင် သင်္ဘောသွားလာမှုကိုဆိုင်းငံ့ရန်  ဒီဇင်ဘာ ၁၅  ရက် က ဆုံးဖြတ်ခဲ့သည်ဟု    မီဒီယာများတွင်  ဖော်ပြကြ သည်။ 


ဂျာမနီရေကြောင်းသွားလာရေး   ကုမ္ပဏီသည် လည်း  ပင်လယ်နီတွင်     သင်္ဘောဖြတ်သန်းသွားလာ ခြင်းကိုဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ 


အင်န်အိတ်ချ်ကေ