မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ( ၇၅၉ /၂၀၂၃ ) ၁၃၈၅ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ( ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် ) ပြည်ထဲရေးဝန်ကြီးဌာနသည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ ပုဒ်မခွဲ (က)အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။ (ယမန်နေ့မှအဆက်) (၅) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ အတွက်ဖြစ်လျှင် တပ်ဖွဲ့မှူး သို့မဟုတ် ဒုတိယ တပ်ဖွဲ့မှူး သို့မဟုတ် ဌာနမှူး (တားဆီး) သို့မဟုတ် တပ်ဖွဲ့ခွဲမှူး သို့မဟုတ် တပ်ဖွဲ့စုမှူး တာဝန်ထမ်းဆောင်သူအရာရှိ၊ (၆) ရထားရဲတပ်ဖွဲ့အတွက်ဖြစ်လျှင် တပ်ဖွဲ့မှူး သို့မဟုတ် ဒုတိယတပ်ဖွဲ့မှူး သို့မဟုတ် တပ်ဖွဲ့ ခွဲမှူး၊ (၇) ပြည်ထဲရေးဝန်ကြီးဌာနက သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ သတ်မှတ်တာဝန် ပေးသော ပြန်တမ်းဝင်အရာရှိ အဆင့်ထက် မနိမ့်သော အရာရှိ။” ( ခ ) ဗဟိုအဖွဲ့က အမိန့်​ကြော်ငြာစာ ထုတ်ပြန်သတ်မှတ် သည့် သွားလာ​ရေးခက်ခဲ​သော သို့မဟုတ် အ​ခြေ အ​နေတစ်ရပ်ရပ်​ကြောင့် ရှာဖွေအမိန့်ရယူရန် ခက်ခဲ နိုင်​သော​ ​ ဒေသနှင့် သတ်မှတ်ကာလအတွင်းတွင် ရဲအုပ်အဆင့်​အောက် မနိမ့်သည့် စခန်းမှူးသည် ရှာဖွေအမိန့်မပါဘဲ ဝင်​ရောက်ရှာ​ဖွေနိုင်သည်။ ၂၁။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၂၆ တွင်- (က) နည်းဥပဒေခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်- “(က) ရှာဖွေရေးအရာရှိသည် တွေ့ရှိသည့် ဆေးဝါးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဆေးဝါးများကို ထုတ်လုပ်ရာ၌ အသုံးပြု သည့် ပစ္စည်းဖြစ်သည်ဟု ကြေညာထားသည့် ဓာတု ပစ္စည်းများကို သက်သေများရှေ့တွင် သက်သေခံ ပစ္စည်းအဖြစ် သိမ်းဆည်းပြီး ချိန်တွယ်ရာတွင် ထုပ်ပိုး ခွံမပါဘဲ အသားတင်အလေးချိန်ကိုသာ မှတ်သား ဖော်ပြရမည်။ ထို့နောက် ယင်းသက်သေများရှေ့တွင် အဆိုပါ ဆေးဝါးများ၊ ဓာတုပစ္စည်းများကို ညွှန်ကြား ချက်နှင့်အညီ ဓာတ်ခွဲစမ်းသပ်စစ်ဆေးရေးအတွက် နမူနာထုတ်ယူရမည်၊” ( ခ ) နည်းဥပဒေခွဲ (ဇ) ၌ ပါရှိသော “သက်ဆိုင်ရာ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအုပ်စု ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရုံး” ဆိုသည့်စကားရပ်ကို “သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။ ( ဂ ) နည်းဥပဒေခွဲ (ဍ) ၏ နောက်တွင် နည်းဥပဒေခွဲ (ဎ) နှင့် (ဏ) တို့အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်- “(ဎ) မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဥပဒေပါပြစ်မှုတစ်ရပ်ရပ် နှင့် စပ်လျဉ်း၍ သက်ဆိုင်သည့် ငွေကြေး၊ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင် သော ပစ္စည်းများကို ငွေကြေးခဝါချမှုနှင့်စပ်လျဉ်း၍ စိစစ်ဖော်ထုတ်ရန်လိုအပ်ပါက ဗဟိုအဖွဲ့နှင့် ငွေကြေး ခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့သို့ တင်ပြရမည်၊ (ဏ) နည်းဥပဒေခွဲ (ဎ) အရ စိစစ်ဖော်ထုတ်သိမ်းဆည်း ရမိသော ငွေကြေး၊ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများသည် ငွေကြေး ခဝါချမှုနှင့် သက်ဆိုင်ခြင်း မရှိပါက ဥပဒေပုဒ်မ ၂၄ နှင့်အညီ ဆောင်ရွက်နိုင်ရန် တရားစွဲ အဖွဲ့အစည်းက သက်ဆိုင်ရာတရားရုံးသို့ တင်ပြရမည်။ ၂၂။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၃၀ ကို အောက်ပါအတိုင်း အစားထိုးရမည်- “၃ဝ။ ပြစ်မှုတစ်ခုခုအတွက် ရှာဖွေအမိန့် ထုတ်ပေးခြင်း၊ ရှာဖွေ ခြင်း၊ ဖမ်းဆီးခြင်း၊ သက်သေခံ ပစ္စည်းအဖြစ် သိမ်းဆည်းခြင်း နှင့်စပ်လျဉ်း၍ ဤနည်းဥပဒေများတွင် အတိအလင်း ပြဋ္ဌာန်းထားခြင်းမရှိလျှင် ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ရဲလက်စွဲပါ ပြဋ္ဌာန်းချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ သို့ရာတွင် လုံခြုံရေးအရ စိုးရိမ်ဖွယ်ရာ အခြေအနေရှိပါက ရှာဖွေရေးအရာရှိသည် သက်သေခံပစ္စည်းများကို ချိန်တွယ် ချိပ်ပိတ်ထုပ်ပိုးခြင်းနှင့် စပ်လျဉ်း၍ လုံခြုံစိတ်ချရသည့် နေရာသို့ ပြောင်းရွှေ့ဆောင်ရွက်နိုင်သည်။ ယင်းသို့ ဆောင်ရွက်ရသည့် အခြေအနေကို ရှာဖွေရေးအရာရှိက ရှာဖွေပုံစံတွင် ကျိုးကြောင်းဖော်ပြရမည့်အပြင် အထက် ဌာနသို့ ပြန်လည်အစီရင်ခံ တင်ပြရမည်။” ၂၃။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၃၃ တွင်- (က) နည်းဥပဒေခွဲ (ခ) ကို အောက်ပါအတိုင်းအစားထိုးရမည်- “(ခ) ပြစ်မှုကျူးလွန်သူများအား ထိန်းချုပ်သယ်ဆောင် ခြင်းနည်းလမ်းဖြင့် စုံစမ်းဖော်ထုတ်ဖမ်းဆီးခြင်း၊” ( ခ ) နည်းဥပဒေခွဲ (ဂ) ၏နောက်တွင် နည်းဥပဒေခွဲ (ဃ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်- “(ဃ) လျှို့ဝှက်အမာခံသတင်းပေးသူကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးခြင်း။” ၂၄။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၃၅ ကို အောက်ပါအတိုင်း အစားထိုးရမည်- “၃၅။ ရှာဖွေရေးအရာရှိများသည် ပြစ်မှုကိုနောက်ကွယ်မှ အဓိက ကျူးလွန်သူများ၊ ပြည်တွင်းပြည်ပဂိုဏ်းနှင့် အုပ်စုဝင်များကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ပြစ်မှုကျူးလွန်သူများ အား ထိန်းချုပ်သယ်ဆောင်ခြင်းနည်းလမ်းဖြင့် စုံစမ်း ဖော်ထုတ်ဖမ်းဆီးခြင်း၊ လျှို့ဝှက်အမာခံသတင်းပေးအား အသုံးပြု၍ ဖော်ထုတ်ဖမ်းဆီးခြင်း၊ လျှို့ဝှက်အမာခံ သတင်း ပေးသူကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးခြင်းတို့နှင့်စပ်လျဉ်း၍ ဗဟိုအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အစီအစဉ်များ ချမှတ်၍ ဆောင်ရွက်ရမည်။” ၂၅။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၃၅ ၏ နောက်တွင် နည်းဥပဒေ ၃၅-က နှင့် ၃၅-ခ တို့အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်- “၃၅-က။ (က) ရှာဖွေရေးအရာရှိ သို့မဟုတ် အမှုစစ်အရာရှိသည် ပြစ်မှုနှင့်သက်ဆိုင်သည့် နည်းပညာဆိုင်ရာ သတင်းအချက်အလက် မှတ်တမ်းများ၊ တယ်လီဖုန်းဆက်သွယ်မှု မှတ်တမ်းများ တောင်းခံရန် သတ်မှတ်ထားသည့်အတိုင်း ဗဟိုအဖွဲ့သို့ တင်ပြရမည်။ (ခ) ဗဟိုအဖွဲ့သည် တောင်းခံချက်အပေါ် စိစစ်၍ ပြစ်မှုနှင့်သက်ဆိုင်သည့် နည်းပညာဆိုင်ရာ သတင်းအချက်အလက် မှတ်တမ်းများ၊ ဆက်သွယ်မှုမှတ်တမ်းများကို ထုတ်ပေးရန် သက်ဆိုင်ရာဆက်သွယ်ရေးလုပ်ငန်းသို့ အမိန့် ထုတ်ဆင့်နိုင်သည်။ အမိန့်စာမိတ္တူကို ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ သိသာ ရန် ပေးပို့ရမည်။ (ဂ) ဗဟိုအဖွဲ့၏ အမိန့်ရရှိသည့်အခါ သက်ဆိုင်ရာ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူသည် ပြစ်မှုနှင့်သက်ဆိုင်သည့် နည်းပညာဆိုင်ရာ သတင်းအချက်အလက် မှတ်တမ်းများ၊ ဆက်သွယ်မှုမှတ်တမ်းများကို နှောင့်နှေး ကြန့်ကြာမှုမရှိစေဘဲ ကြည့်ရှုစစ်ဆေးခွင့်နှင့် မိတ္တူကူးယူခွင့်ပြုရမည်။ ၃၅-ခ။ (က) ပြစ်မှုကို အဓိကကျူးလွန်သူကိုဖြစ်စေ၊ ပြည်တွင်းပြည်ပရှိအဖွဲ့နှင့် အုပ်စုဝင်များကို ဖြစ်စေ၊ ကွင်းဆက်ကျူးလွန်သူကိုဖြစ်စေ ဖော်ထုတ်ဖမ်းဆီးရေးအတွက် ထိန်းချုပ် သယ်ဆောင်ခြင်းနည်းလမ်းကို အသုံးပြုရန် လိုအပ်ပါက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး သို့မဟုတ် နေပြည်တော် ရဲတပ်ဖွဲ့ မှူး သို့မဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးက မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်သို့ တင်ပြ၍ ဗဟိုအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ရမည်။ ( ခ ) ဗဟိုအဖွဲ့သည် နည်းဥပဒေခွဲ (က) အရ ထိန်းချုပ် သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူအား လိုအပ်ပါက ပြစ်မှုတွင် အစိုးရသက်သေအဖြစ် ထည့်သွင်းနိုင်ရေးအတွက် တည်ဆဲဥပဒေများ နှင့်အညီ ဆောင်ရွက်ရန် စိစစ်ခွင့်ပြုနိုင်သည်။” ၂၆။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၃၆ နည်းဥပဒေခွဲ (က) နှင့် နည်းဥပဒေခွဲ (ခ) တို့၏ ခြေဆင်းတွင် ပါရှိသော “အတွင်းရေးမှူး” ဆိုသည့် စကားရပ်ကို ပယ်ဖျက်ရမည်။ ၂၇။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၃၉ နည်းဥပဒေခွဲ (ခ) ၏ နောက်တွင် နည်းဥပဒေခွဲ (ဂ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်- “(ဂ) ဓာတုဗေဒစစ်ဆေးရေးဌာနမှ ဓာတ်ခွဲစစ်ဆေးပြီး ပြန်လည် ပေးပို့သော ချိပ်ပိတ်ထားသည့် သက်သေခံပစ္စည်းများကို အကြောင်းကိစ္စတစ်ခုခုကြောင့် ဖွင့်ဖောက်စစ်ဆေးရန် လိုအပ်ပါက သက်ဆိုင်ရာရဲစခန်းမှူးသည် ဓာတုဗေဒ စစ်ဆေးရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဖွင့်ဖောက် စစ်ဆေး၍ တွေ့ရှိသည့် အခြေအနေကို မှတ်တမ်းတင်ပြီး ဖွင့်ဖောက်စစ်ဆေးရာတွင် ပါဝင်သူများက လက်မှတ် ရေးထိုးရမည်။” ၂၈။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၄ဝ ကို အောက်ပါအတိုင်း အစား ထိုးရမည်- “၄ဝ။ ဆေးဝါးသုံးစွဲခြင်း ရှိ မရှိ ပဏာမ စစ်ဆေးခြင်းနှင့် ဆေးဝါး သုံးစွဲကြောင်း စစ်ဆေးခြင်းတို့နှင့်စပ်လျဉ်း၍ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ စစ်ဆေးရမည်။” ၂၉။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၄၁ နည်းဥပဒေခွဲ (ခ) ကို ပယ်ဖျက်ရမည်။ ၃၀။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၄၂ နည်းဥပဒေခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်- “(က) ဓာတ်ခွဲစမ်းသပ်ရန်ပေးပို့သူသည် ဆေးဝါး၊ ဓာတုပစ္စည်းနှင့် အမှာစာပါ စာအိတ်တို့ကို ညွှန်ကြားချက်နှင့်အညီ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးရေးဌာနမှ တာဝန်ရှိသူထံသို့ စနစ်တကျ လုံခြုံစွာ ပို့ဆောင်ပေးအပ်ရမည်၊” ၃၁။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၄၈ နည်းဥပဒေခွဲ (စ) ကို ပယ်ဖျက်ရမည်။ ၃၂။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာနည်းဥပဒေများ၊ နည်းဥပဒေ ၅၇ ကို အောက်ပါအတိုင်း အစားထိုးရမည်- “၅၇။ အမှုစစ်အရာရှိသည်- (က) ဥပဒေပုဒ်မ ၁၆ မှ ၂၁ အထိ ပြဋ္ဌာန်းထားသော ပြုလုပ်မှုတစ်ခုခုကို ကျူးလွန်သူသည် ယခင်က ၎င်းပုဒ်မများအနက် ပြစ်မှုတစ်ခုခုဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ပြစ်ချက်ဟောင်းရှိ သည့်အတွက် အများဆုံးပြစ်ဒဏ် ချမှတ်နိုင်ရန် အလို့ငှာ ဥပဒေပုဒ်မ၂၃ ကို ပူးတွဲ၍တရားစွဲဆိုရမည်။ (ခ) ဥပဒေပုဒ်မ ၁၆ မှ ၂၁ အထိ ပြဋ္ဌာန်းထားသော ပြုလုပ်မှုတစ်ခုခုအတွက် ယခင်က ပြစ်မှုထင်ရှား စီရင်ခြင်းခံခဲ့ရသော်လည်း ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့လျှင် သော်လည်း ကောင်း၊ အယူခံ သို့မဟုတ် ပြင်ဆင်မှုတွင် တရား သေလွှတ်လျှင်သော်လည်းကောင်း ဥပဒေပုဒ်မ ၂၃ ဖြင့် ပူးတွဲ၍ တရားစွဲဆိုခြင်းမပြုရ။ ရှင်းလင်းချက်။ ပြစ်မှုထင်ရှားစီရင်ခြင်းခံရဖူးသည့် ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း မဟုတ်ဘဲ ပြစ်ဒဏ်တချို့တစ်ဝက်ကို ကျခံပြီး ကျန်ရှိသည့်ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပေးခြင်း နှင့် သက်ဆိုင်ခြင်းမရှိစေရ။ (ဂ) တရားရုံးသို့ တရားစွဲဆိုတင်ပို့ခြင်းမပြုမီ ပြစ်ချက် ဟောင်းရှိကြောင်း စုံစမ်း၍ မရရှိသဖြင့် ဥပဒေပုဒ်မ ၂၃ ဖြင့် ပူးတွဲ၍ စွဲဆိုခြင်းမပြုနိုင်စေကာမူ တရား စွဲတင်ပို့ပြီးနောက် စီရင်ချက်မချမီ ပြစ်ချက်ဟောင်း ရှိကြောင်း စုံစမ်း၍ရရှိလျှင် ဥပဒေပုဒ်မ ၂၃ ဖြင့် ထပ်မံ၍ စွဲချက်တင်နိုင်ရန်တရားရုံးသို့ တင်ပြရမည်။ (ဃ) ဥပဒေပုဒ်မ ၂၃ ဖြင့် ပူးတွဲ၍စွဲဆိုလျှင်- (၁) ယခင်က ပြစ်မှုထင်ရှားစီရင်ခဲ့သော ပြစ်မှု၏ မှန်ကန်ကြောင်း သက်သေခံလက်မှတ် ရေးထိုးထားသော စီရင်ချက်မိတ္တူမှန်ဖြစ်စေ၊ ထောင်ကျဝရမ်းစာ မိတ္တူဖြစ်စေ၊ ပြစ်ဒဏ်ကို အတည်ပြုခဲ့သည့် အကျဉ်းထောင်တာဝန်ခံ၏ သက်သေခံလက်မှတ် (ရဲပုံစံ-၃၁) ဖြစ်စေ ပူးတွဲပါရှိရမည်။ (၂) ရဲစွဲချက်လွှာပုံစံတွင် သိသာထင်ရှားစေရန် ပြစ်မှုကျူးလွန်သူ၏ အမည်နှင့်ယှဉ်တွဲလျက် ယခင်က ပြစ်မှုထင်ရှားစီရင်ခြင်း ခံရဖူး ကြောင်း မင်နီဖြင့် ရေးသားဖော်ပြရမည်။” ၃၃။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၅၈ နည်းဥပဒေခွဲ (ဂ) တွင် ပါရှိသော “အလားတူ” ဆိုသည့် စကားရပ်များကို “ဥပဒေပုဒ်မ ၁၆ မှ ပုဒ်မ ၂၁ အထိ ပြဋ္ဌာန်းထားသော” ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။ ၃၄။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၆၀ နည်းဥပဒေခွဲ (ခ) ပါ “အသက် ၁၆ နှစ်အောက်ရှိသူကလေးသူငယ်” ဆိုသည့် စကားရပ်ကို “အသက် ၁၈ နှစ်အောက်ရှိသူကလေးသူငယ်” ဆိုသည့်စကားရပ်ဖြင့် အစား ထိုးရမည်။ ၃၅။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၆၁ နည်းဥပဒေခွဲ (င) ပါ “အသက် ၁၆ နှစ်အောက်ရှိကလေးသူငယ်” ဆိုသည့် စကားရပ်ကို “အသက် ၁၈ နှစ်အောက်ရှိကလေးသူငယ်” ဆိုသည့် စကားရပ်ဖြင့် အစား ထိုးရမည်။ ၃၆။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ အခန်း (၁၂) ၏ နောက်တွင် အခန်း (၁၂-က)၊ အခန်းခေါင်းစဉ်၊ နည်းဥပဒေ ၆၂-က၊ ၆၂-ခ နှင့် ၆၂-ဂ တို့အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်- “အခန်း(၁၂-က) ရန်ပုံငွေထူထောင်ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း ၆၂-က။ ဗဟိုအဖွဲ့သည် ဥပဒေပုဒ်မ ၂၅-က ပုဒ်မခွဲ (က) ပါ ရငွေများဖြင့် ထူထောင်ထားသည့် ရန်ပုံငွေကို ထိန်းသိမ်း ရန်နှင့် ဥပဒေပုဒ်မ ၂၅-က ပုဒ်မခွဲ (ခ) အရ ရရှိသည့် လှူဒါန်းပစ္စည်းများကို စီမံခန့်ခွဲရန် စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းပေးရမည်။ ၆၂-ခ။ ရန်ပုံငွေ ထိန်းသိမ်းစီမံခန့်ခွဲရေးအဖွဲ့သည်- (က) ရန်ပုံငွေထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနှင့် စီမံခန့်ခွဲ ခြင်းတို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးနှင့် ညှိနှိုင်းသတ်မှတ်ထားသည့် လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြုလုပ်ဆောင်ရွက်ရမည်။ ( ခ ) နိုင်ငံတော်က ထောက်ပံ့သော ပစ္စည်းများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ စေတနာရှင်များက လှူဒါန်း ထားသော ပစ္စည်းများကို ဗဟိုအဖွဲ့၏ ခွင့်ပြုချက် ဖြင့် လက်ခံခြင်း၊ စီမံခန့်ခွဲခြင်းများ ပြုလုပ်ရမည်။ ( ဂ ) မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ နိုင်ငံခြား ငွေဖြင့်လည်းကောင်းရရှိမည့် ရန်ပုံငွေများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ခွင့်ပြုသောဘဏ်တွင် စာရင်းဖွင့်လှစ် အပ်နှံ၍ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့် အညီ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနှင့် စီမံခန့်ခွဲ ခြင်းတို့ ပြုလုပ်ရမည်။ (ဃ) ရန်ပုံငွေစာရင်းများကို ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၏ စစ်ဆေးမှု ခံယူရမည့်အပြင် စာရင်း စစ်ဆေးရာတွင် ကူညီဆောင်ရွက်ရမည်။ ( င ) ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ စေတနာရှင်များက လှူဒါန်း သော ငွေကြေးနှင့် ပစ္စည်းများ သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ လှူဒါန်းထောက်ပံ့သည့် အဖွဲ့ အစည်းများ၊ အလှူရှင်များ ပွင့်လင်းမြင်သာစွာ သိရှိစေရန် စာရင်းစစ်အစီရင်ခံစာကို ထုတ်ပြန် ကြေညာပေးရမည်။ ၆၂-ဂ ။ ဗဟိုအဖွဲ့သည် ဥပဒေပုဒ်မ ၂၅-က ပုဒ်မခွဲ (က) အရ ထူထောင်ထားသည့် ရန်ပုံငွေမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် အသုံးစရိတ်နှင့် ဆုငွေချီးမြှင့်ခြင်းများကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ သုံးစွဲနိုင်သည်။ ၃၇။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၆၄ ကို အောက်ပါအတိုင်း အစားထိုးရမည်- “၆၄။ တရားရုံးသည်- (က) ကလေးသူငယ်က ပြစ်မှုတစ်ခုခုကို ကျူးလွန် သည့်အချိန်တွင် အသက် ၁၈ နှစ် မပြည့် သေးပါက ၎င်းအား ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေးစီရင်ရမည်။ ( ခ ) ပြစ်မှုနှင့်အကျုံးဝင်သော ဆေးဝါး၊ ဓာတု ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို လိုအပ်သလို စီမံခန့်ခွဲရန်အလို့ငှာ တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့သို့ ပေးပို့ရန် အမိန့်ချမှတ် ရမည်။” ၃၈။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၆၅ ကို အောက်ပါအတိုင်း အစားထိုးရမည်- “၆၅။(က) ဥပဒေပုဒ်မ ၂၅-ဂ ပုဒ်မခွဲ (က) အရ ပေးသွင်းခဲ့သည့် ရန်ပုံငွေ၏ ရာခိုင်နှုန်းတစ်ရပ်ကို ဗဟိုအဖွဲ့သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ကာကွယ်တားဆီးနှိမ်နင်းရေးလုပ်ငန်း များအတွက် အသုံးပြုရန် အောက်ပါအတိုင်း ခွင့်ပြု နိုင်သည်- (၁) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ကာကွယ်တားဆီးနှိမ်နင်းရေး ဆိုင်ရာ လုပ်ငန်းများ ၅၀% (၂) ပြစ်မှုနှင့်စပ်လျဉ်း၍ သတင်းပေးသူအား ချီးမြှင့်ငွေ ၃၀% (၃) ဖမ်းဆီးရေးအဖွဲ့အား ဆုချီးမြှင့်ငွေ ၂၀% (ခ) ဗဟိုအဖွဲ့သည် နည်းဥပဒေခွဲ (က) ပါ နှုန်းထားများကို အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်နိုင်သည်။” ၃၉။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ နည်းဥပဒေများတွင် ပါရှိသော ပုံစံ (၁) နှင့် ပုံစံ (၂) တို့ကို ပယ်ဖျက်ရမည်။ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန