
မန္တလေး ဒီဇင်ဘာ ၁၆
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန် နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင်ရှိ ၃၃/၁၁ ကေဗွီ, ၁၀ အမ်ဗွီအေ အောင်ဆန်း ဓာတ်အားခွဲရုံကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် မြို့နယ် လျှပ်စစ် အင်ဂျင်နီယာက ဓာတ်အားခွဲရုံဆိုင်ရာ အချက် အလက်များနှင့် ဓာတ်အားဖြန့်ဖြူး ပေးနေမှုအခြေအနေကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက ဓာတ်အားခွဲရုံ ကြံ့ခိုင်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ပုံမှန်ထိန်းသိမ်းစစ်ဆေး ဆောင် ရွက်သွားရန်မှာကြားပြီး မီးဘေး အန္တရာယ်ကာကွယ်ရေး ကြိုတင် ပြင်ဆင်ထားမှုကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာခရိုင် လျှပ်စစ် မန်နေဂျာရုံးသို့ ရောက်ရှိပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု နှင့် ငွေကောက်ကောင်တာတွင် မီးသုံးစွဲသူပြည်သူများ ဓာတ်အားခ လာရောက် ပေးဆောင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် ခရိုင်/မြို့နယ် လျှပ်စစ် မန်နေဂျာရုံး ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်သူများ လျှပ်စစ် ဓာတ်အား အပြည့်အဝရရှိစေရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ မီတာများ ပုံမှန်ဖတ်ရှုရေးနှင့် ဓာတ်အားခများ ပုံမှန်ကောက်ခံ ရရှိရေး အလေးထားဆောင်ရွက် ကြရန်၊ ဓာတ်အားခငွေများ အလွဲ သုံးစားမှု မဖြစ်ပေါ်စေရေးနှင့် အပြည့်အဝ ကောက်ခံရရှိရေး ကြပ်မတ် ဆောင်ရွက်သွားရန်၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ကျဆင်းရေး၊ ဓာတ်အားပြတ် တောက်မှု နည်းပါးစေရေးအတွက် ဓာတ်အားလိုင်းနှင့် မလွတ်ကင်း သည့် သစ်ပင်သစ်ကိုင်းများ ပုံမှန်ရှင်းလင်း ခုတ်ထွင်သွားရန်၊ ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ် ပစ္စည်းများကို ပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင် ခြင်းလုပ်ငန်းများ ဆောင်ရွက် ကြရန်၊ ထရန်စဖော်မာများ လောင်ကျွမ်းမှု မဖြစ်ပေါ်စေရေး ဝန်အားပြည့်နေသည့် ထရန် စဖော်မာများကို အချိန်မီအစားထိုး လဲလှယ် တည်ဆောက်သွားရန်၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ထားကြရန်၊ ပြည်သူ များ လျှပ်စစ်အန္တရာယ် ကင်းရှင်း ရေးအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ကြရန် မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေး၍ ဝန်ထမ်း အိမ်ရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်