(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိုလှုပ်ရှားမှု ဆေးကုသခြင်းဆောင်ရွက်

 

နေပြည်တော်   ဒီဇင်ဘာ   ၁၆


(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော် များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲကို    ကြိုဆိုဂုဏ်ပြုသောအားဖြင့်   အကြို လှုပ်ရှားမှုဆေးကုသခြင်းကို ယနေ့တွင် နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်ရှိ   ခုတင်  (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ၊   ပြင်ပလူနာဌာနခွဲ၌   ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊  ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ၊    မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ အသင်း(ဗဟို)ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များ ကြည့်ရှုအားပေးကြပြီး အမျိုးသား ပရဆေးဥယျာဉ်အတွင်း       စိုက်ပျိုးထားရှိသည့် ဆေးဖက်ဝင်ပရဆေးပင်များကို      လှည့်လည် ကြည့်ရှုကြသည်။
အဆိုပါ   အကြိုလှုပ်ရှားမှုဆေးကုသခြင်းတွင် ခုတင် (၁၀၀)ဆံ့  တိုင်းရင်းဆေးရုံ၊  နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချို ဦးဆောင်သော တိုင်းရင်း ဆေးပညာရှင်များက   သွေးတိုး၊  ဆီးချို၊   လေငန်း၊ လေဖြန်း၊ ပါးရွဲ့ရောဂါများ၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်း ရောဂါများ၊   အဆစ်ရောင်၊   အဆစ်နာရောဂါများ၊ မီးယပ်ရောဂါများ၊   ကလေးသူငယ်နာရောဂါများ၊ လိပ်ခေါင်း၊    ဂရင်ဂျီနာနှင့်   အနာပေါက်ရောဂါများ၊ ရာသီတုပ်ကွေးနှင့် အဖျားရောဂါစသဖြင့် စုစုပေါင်း လူနာ ၂၇၀ ကို လိုအပ်သောကျန်းမာရေး စောင့်ရှောက် မှုများအဖြစ် သောက်ဆေး၊ လိမ်းဆေး၊ အကြောပြင် ကုသခြင်း၊   ကြပ်ထုပ်ထိုးကုသခြင်းနှင့်  ဆေးစည်း ဆေးကပ်ခြင်းစသည့် ကုသမှုများ ဆောင်ရွက်ပေး ခဲ့ကြပြီး  နေပြည်တော်တိုင်းဒေသကြီး  တိုင်းရင်း ဆေးပညာဦးစီးဌာနမှူး၊      ခရိုင်တိုင်းရင်းဆေး ပညာဦးစီးဌာနမှူးတို့   ပူးပေါင်းပါဝင်   ဆောင်ရွက် ခဲ့ကြသည်။
(၂၂)ကြိမ်မြောက်  မြန်မာ့တိုင်းရင်းဆေးသမား တော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၂  ရက်အထိ ကျင်းပမည်ဖြစ်ပြီး တိုင်းဒေသကြီး၊  ပြည်နယ်များမှ တိုင်းရင်းဆေးဆရာကြီးများ   တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။                        

သတင်းစဉ်