နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုအားပေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှုအားပေး

 

နေပြည်တော်   ဒီဇင်ဘာ   ၁၆


နိုင်ငံတော်       စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ    ဒုတိယတပ်မတော်ကာကွယ်ရေး    ဦးစီးချုပ်၊     ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း သည်   ဇနီး ဒေါ်သန်းသန်းနွယ်၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊   အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်  တာဝန်ရှိသူများ လိုက်ပါ၍  ယနေ့    နံနက်ပိုင်းတွင်     ရှမ်း ပြည်နယ်   (မြောက်ပိုင်း)  လားရှိုး မြို့ရှိ      နယ်မြေခံတပ်မတော် ဆေးရုံ၌    တက်ရောက်ကုသမှု     ခံယူလျက်ရှိသည့်    နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များ  ထမ်းဆောင်စဉ်   ထိခိုက် ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည် များ၊   မြန်မာနိုင်ငံ    ရဲတပ်ဖွဲ့ဝင် များနှင့်      ပြည်သူ့စစ်တပ်ဖွဲ့ဝင် များအား    သွားရောက်    ကြည့်ရှု        ဂုဏ်ပြုအားပေးစကား  ပြောကြား သည်။


ကြိုဆိုနှုတ်ဆက်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်   ကာကွယ်ရေးဦးစီး ချုပ်၊      ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်  ဇနီး၊    ခရီးစဉ်တွင် လိုက်ပါလာသည့်     တပ်မတော် အရာရှိကြီများသည်    လားရှိုးမြို့ ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိကြရာ    ဆေးရုံတပ်မှူး နှင့်    တာဝန်ရှိသူများက    ကြိုဆို နှုတ်ဆက်ကြသည်။


အားပေးစကားပြောကြား


 ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)နှင့် ဇနီးနှင့် အဖွဲ့ဝင် များသည်  လားရှိုးမြို့ရှိ  နယ်မြေခံ တပ်မတော်ဆေးရုံတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များ    ထမ်းဆောင်စဉ်    ထိခိုက် ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည် များ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်  ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေ များ၊ ဆေးဝါးကုသမှုပေးထားသည့် အခြေအနေများ၊     ရောဂါကုသ ပျောက်ကင်းသက်သာမှု    အခြေ အနေများ၊   ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့်   အခြေ အနေများနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှု အခြေအနေများကို လိုက်လံကြည့်ရှု မေးမြန်းအားပေး စကားပြောကြားပြီး     အရာရှိ၊ စစ်သည်များ၏   တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း   ဖြည့်ဆည်းဆောင်ရွက် ပေးကာ     ဂုဏ်ပြုချီးမြှင့်ငွေများ၊ စားသောက်ဖွယ်ရာများနှင့် အနွေး စောင်များ ပေးအပ်သည်။


ထို့အပြင်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)သည် ဆေးရုံတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ကျန်းမာ ရေးဝန်ထမ်းများအတွက် ချီးမြှင့် ငွေများကို ပေးအပ်ရာ ဆေးရုံအုပ် ကြီးက လက်ခံရယူသည်။


တွေ့ဆုံနှုတ်ဆက်


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် ဇနီးတို့သည် အဖွဲ့ဝင် များနှင့်အတူ လားရှိုးမြို့ရှိ နယ်မြေခံ       တပ်ရင်း/တပ်ဖွဲ့များတွင် ရောက်ရှိ နေသည့်  ရဲမေများနှင့် မိသားစုဝင် များအား  ရင်းရင်းနှီးနှီး  လိုက်လံ တွေ့ဆုံနှုတ်ဆက် အားပေးစကား     ပြောကြားပြီး   မိသားစုဝင်များ ၏ တင်ပြချက်များအပေါ်  လိုအပ် သည်များ       ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း   ဆောင်ရွက်ပေးကာ နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်    တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က   ပေးအပ်လိုက်သည့် အဝတ်အထည်များ၊   မီးဖိုချောင် သုံးပစ္စည်းများ၊ ထောက်ပံ့ငွေများ နှင့်   စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြကြောင်း    သတင်း ရရှိသည်။                      


  သတင်းစဉ်