
ရန်ကုန် ဒီဇင်ဘာ ၁၅
မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှု အသင်း(ရန်ကုန်)မှ ကြီးမှူး ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာငြိမ်းချမ်းရေးနေ့ Belt and Road(၁၀)နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ရွှေတိဂုံစေတီတော်မြတ် ကြီးအား ဆီမီးတစ်သောင်း ထွန်းညှိပူဇော် ဆုတောင်းပွဲအခမ်း အနားကို ယနေ့ညနေ ၅နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်အရှေ့ဘက်ရှိ ရေကြည်တော် ဝတ် အသင်း တန်ဆောင်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့် တက်ရောက် အားပေးသည်။
အခမ်းအနားတွင် မြန်မာ့ အနုပညာနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဒေါ်အေးသဉ္ဇာသူ၊ အပြည် ပြည်ဆိုင်ရာ Belt and Road ဥက္ကဋ္ဌ Mr. Chen Entian ၊ မြန်မာ့ အနုပညာနှင့် ယဉ်ကျေးမှုအသင်း အထွေထွေအတွင်းရေးမှူး ဦးသန်း ထွန်းစိုးတို့က ဆုတောင်းမေတ္တာ ပို့သစကား ပြောကြားကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် အခမ်းအနား သို့ တက်ရောက်လာကြသူများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆီမီးတစ်သောင်းကို စေတီတော် ရင်ပြင်ပတ်လည်ရှိ ဆီမီးခုံများ၌ ထွန်းညှိပူဇော်ဆက်ကပ်လှူဒါန်းကြပြီး (ယာပုံ) ဆုတောင်းမေတ္တာ ပို့သကြသည်။
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့(International Day Of the Belt and Road)နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း နှင့် သက်ဆိုင်သည့်နိုင်ငံများ တွင် နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။ ယနေ့ ရွှေတိဂုံစေတီတော် မြတ်ကြီးရင်ပြင်တော်၌ ဆီမီး တစ်သောင်း ထွန်းညှိပူဇော် ဆုတောင်းပွဲသည် အပြည်ပြည် ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ Belt and Road (၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လည်း ကောင်း၊ မြန်မာနိုင်ငံ အေးချမ်း သာယာဖွံ့ဖြိုး တိုးတက်ရေးနှင့် ကမ္ဘာတစ်ဝန်း အေးချမ်းသာယာ ရေးအတွက် လည်းကောင်း ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ အကယ်ဒမီ ဒါရိုက်တာ ပန်းချီဦးစိုးမိုး၊ မြန်မာ နိုင်ငံ ဗုဒ္ဓကလျာဏယုဝအသင်း (ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် ရန်ကုန် တိုင်းဒေသကြီး သာသနာရေးမှူး ဦးဇော်ဦးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းစဉ်