ပေကျင်း၌ မြေအောက်ရထား မတော်တဆဖြစ်မှုကြောင့် ဒဏ်ရာရရှိသူ ၁၀၂ ဦးရှိ

 

ပေကျင်း   ဒီဇင်ဘာ     ၁၅


ပေကျင်းမြို့ရှိ ချန်းဖင်လမ်းပိုင်းတွင် ဒီဇင် ဘာ ၁၄ရက်    ညနေပိုင်းက   မြေအောက်ရထား မတော်တဆမှုဖြစ်ပွားခဲ့ရာ လူပေါင်း ၅၁၅ ဦး ကို ဆေးရုံသို့ပို့ဆောင်ကာ   ဆေးစစ်စေခဲ့ပြီး ၎င်းတို့ထဲမှ  ၁၀၂ ဦးမှာ  ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု  ဒေသခံအာဏာပိုင်များက   ဒီဇင်ဘာ ၁၅ ရက်တွင်  ပြောသည်။  လူသေဆုံးမှုမရှိဟု လည်း သိရသည်။ 


ကနဦး  စုံစမ်းစစ်ဆေးမှုများအရ  နှင်းများ ကြောင့်    လမ်းချော်ကာ   အရှေ့ရထားမှာ သံလမ်းတွင် ဘရိတ်အုပ်ရပ်တန့်သွားခြင်းဖြစ် ကာ   ကုန်းဆင်းပိုင်းရှိ  အနောက်ရထားမှာ လည်း    ထိရောက်စွာ   ဘရိတ်မအုပ်နိုင်ခြင်း ကြောင့် ရထားတိုက်မှု      ဖြစ်ပွားရခြင်း ဖြစ်သည်ဟု   ပေကျင်းမြူနီစီပယ်   သယ်ယူ ပို့ဆောင်ရေးကော်မရှင်က ပြောသည်။ 


ဒီဇင်ဘာ   ၁၅ ရက်   နံနက်ပိုင်းတွင် လူပေါင်း ၄၂၃ ဦးဆေးရုံမှဆင်းသွားပြီး ၂၅ ဦးကို     ဆေးဘက်ဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်ပေးနေ  သည်။  နောက်ထပ် ၆၇ ဦး ကိုမူ  ဆေးရုံတင်ထား ရကြောင်း အဆိုပါကော်မရှင်က ပြောသည်။ အခင်းဖြစ်ပွားရခြင်းအကြောင်းကို     ထပ်မံ စုံစမ်းစစ်ဆေးရန်နှင့်   အရေးပေါ်တုံ့ပြန်ရေး အကဲဖြတ်  စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားသည်။  တရုတ်နိုင်ငံ   ပေကျင်းမြို့၌ ဒီဇင်ဘာ  ၁၄ ရက်က   နှင်းများ ထူထပ်စွာ ကျဆင်းခဲ့သည်။ ယခုသီတင်းပတ်အစောပိုင်းမှ   စတင်ကာ    ပေကျင်း၌    နှင်းများထူထပ်စွာ ကျဆင်းနေခြင်းဖြစ်သည်။          

ဆင်ဟွာ