ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်၍ စွမ်းအင်ဖူလုံရေးနှင့် သဘာဝဓာတ်ငွေ့ရည်၏အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ   ၁၅ 


နိုင်ငံတော်၏ စွမ်းအင်ဖူလုံစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ သဘာဝဓာတ် ငွေ့ရည် (Liquefied Natural Gas – LNG) အသုံးပြု ခြင်းနှင့်စပ်လျဉ်း၍    ကျယ်ပြန့်စွာ    သိရှိနားလည် နိုင်စေရန်နှင့် LNG ကို အကျိုးရှိစွာအသုံးချခြင်းဖြင့် နိုင်ငံတော်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စက်မှု ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍတို့  ဖွံ့ဖြိုးတိုးတက်လာစေရန် ကို   ရည်ရွယ်ကာ   စွမ်းအင်ဖူလုံရေးနှင့်   သဘာဝ ဓာတ်ငွေ့ရည်၏အခန်းကဏ္ဍ (Energy Security and The Role of Liquefied Natural Gas – LNG) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စွမ်းအင် ဝန်ကြီးဌာန ရုံးအမှတ်(၆)ရှိ ရတနာခန်းမ၌ ကျင်းပ သည်။   
အခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင် အမြဲတမ်းအတွင်းဝန်၊  ဦးစီး ဌာန/   လုပ်ငန်းများမှ   ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြင်ပပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ    ပြည်ထောင်စုဝန်ကြီးက   နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်        စွမ်းအင်ဖူလုံရေး (Energy Security) သည်  အရေးကြီးပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ရေတို၊ ရေရှည်စီမံချက်များ ချမှတ်ရန် ပြင်ဆင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ လက်ရှိမိမိတို့နိုင်ငံတွင် သဘာဝ ဓာတ်ငွေ့၊ ရေအား၊ ကျောက်မီးသွေး၊ နေရောင်ခြည်နှင့် ဇီဝလောင်စာတို့ကိုအသုံးပြုနေကြောင်း၊ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုတွင် အဓိကစွမ်းအင်အရင်း အမြစ်ဖြစ်သည့် သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အစားထိုးသုံးစွဲရန်နည်းလမ်း များ စဉ်းစားရန်လိုအပ်ကြောင်း၊ သဘာဝဓာတ်ငွေ့ ရည် (LNG)ကို Energy Mix အနေဖြင့် အချိုးအစား တစ်ခု ရောစပ်အသုံးပြုခြင်းဖြင့် မိမိတို့နိုင်ငံ၏ စွမ်းအင် လုံခြုံမှုကို  အထောက်အကူပြုနိုင် မည့်အခြေအနေများ ကို   တက်ရောက်လာသူများက   ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးမြှင့်စေရေး၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ    တိုးတက်လာစေရေးအတွက် အားပေးအားမြှောက်ပြုလျက်ရှိရာ အနာဂတ်ကာလ တွင် မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ လိုအပ်ချက်မှာ အရှိန်အဟုန်ဖြင့် တိုးမြှင့်လာမည်ဖြစ်သဖြင့် သဘာဝ ဓာတ်ငွေ့ရည်(LNG)သည်   နိုင်ငံတော်၏  သဘာဝ ဓာတ်ငွေ့လိုအပ်ချက်ကို အချိန်တိုအတွင်း ဖြည့်ဆည်း ရန် အရေးပါသည့်အခန်းကဏ္ဍအဖြစ် ရောက်ရှိလာ မည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် လိုအပ်သည့်မူဝါဒများ၊ အခြေခံအဆောက်အဦများ   လုပ်ငန်းအစီအမံများ ကြိုတင်ပြင်ဆင်ချမှတ်နိုင်ရန်လိုအပ်ကြောင်း ဆွေးနွေး ပြောကြားသည်။ 
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့်   ပညာရှင်များက    နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက်လိုအပ်သော LNG ကို တင်သွင်း အသုံးပြုရာတွင် လိုက်နာရမည့် Standard Code များ   သတ်မှတ်သင့်သည့်အခြေအနေ၊   အနာဂတ် LNG   demand  &  Supply    အခြေအနေ  LNG  တင်သွင်းနိုင်ရေး  ဖြစ်နိုင်ခြေနှင့်ပတ်သက်၍  GDP နှင့် စွမ်းအင်သုံးစွဲမှုချိတ်ဆက်မှုအခြေအနေ၊ ရင်းနှီး မြှုပ်နှံမှုနှင့် အခြေခံအဆောက်အဦများ (Infrastru-cture)  လိုအပ်မှုအခြေအနေ၊ ကမ္ဘာ LNG  ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ၊  ဒေသတွင်း LNG ဈေးကွက် အခြေအနေ၊    မြန်မာနိုင်ငံတွင် LNG တင်သွင်းပါက Market Rule နှင့် Price Mechanism သတ်မှတ်ရန် လိုအပ်မှုအခြေအနေ၊   မိမိတို့နိုင်ငံအတွင်း   LNG Infrastructure  များ  တည်ဆောက်ထားရှိမှုအခြေ အနေ၊  LNG  မှ Cold Energy (အအေးစွမ်းအင်)ကို အကျိုးရှိထိရောက်စွာ  အသုံးပြုနိုင်မှုအခြေအနေ၊ လျှပ်စစ်ဓာတ်အား      တိုးမြှင့်ထုတ်လုပ်နိုင်မှုနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးကို အထောက်အကူပြု နိုင်မည့် အခြေအနေ၊ မော်တော်ယာဉ်သုံးဖိအားမြှင့် သဘာဝဓာတ်ငွေ့ (Compressed Natural Gas – CNG) များတိုးမြှင့်သုံးစွဲနိုင်ရန် အထောက်အကူပြုမှု အခြေအနေ၊ မြန်မာနိုင်ငံ၏ အနာဂတ်စွမ်းအင်စီမံ ခန့်ခွဲမှုတွင် LNG ကဏ္ဍ၏ အရေးပါနိုင်မည့်အခြေအနေ များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ ပညာရှင်က LNG သုံးစွဲခြင်းကြောင့် ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက် နိုင်မှုအခြေအနေ၊ အကျိုးအပြစ်များနှင့် ပတ်သက်၍ ကဏ္ဍအလိုက် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များနှင့်   ထည့်သွင်းစဉ်းစားသင့်သည့် အချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
ဆွေးနွေးတင်ပြချက်များနှင့်         စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက   အနာဂတ်မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင်    သဘာဝဓာတ်ငွေ့ရည်(LNG) တင်သွင်းအသုံးပြုခြင်းသည် အရေးပါသည့် လုပ်ငန်း တစ်ရပ်ဖြစ်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ LNG နှင့်ပတ်သက်သည့် နည်းပညာနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို  သက်ဆိုင်ရာဌာနများအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာထားရန်လိုပါကြောင်း၊ ဆက်စပ်လုပ်ကိုင်ရမည့်ဌာနများနှင့်လည်း စဉ်ဆက် မပြတ် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ နိုင်ငံ၏ ပထဝီအနေအထားကို အသုံးချ၍ စွမ်းအင် ဆိုင်ရာ ရေရှည်အစီအမံများ ချမှတ်သွားရမည်ဖြစ် ကြောင်း မှာကြားပြီး တက်ရောက်ဆွေးနွေးသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ   ချီးမြှင့်ခဲ့ကြောင်း   သိရ သည်။                                              

သတင်းစဉ်