ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပုဗ္ဗသီရိမြို့နယ် အောင်သာယာရပ်ကွက်ရှိ အထည်ချုပ်စက်ရုံလုပ်သားများနှင့် ဒေသခံပြည်သူများ ကိုယ်ရေးအချက်အလက်များကောက်ယူ၍ e-ID စနစ် လုပ်ငန်းဆောင်ရွက်နေမှုကြည့်ရှုအားပေး

 

နေပြည်တော်   ဒီဇင်ဘာ ၁၅


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယ ဝန်ကြီး ဦးဌေးလှိုင်နှင့်အတူ ယနေ့ နံနက်ပိုင်းက     ပြည်ထောင်စု နယ်မြေ (နေပြည်တော်)   ပုဗ္ဗသီရိ မြို့နယ် အောင်သာယာရပ်ကွက်ရှိ မိုးသီရိအထည်ချုပ်နှင့်  ဖြန့်ချိရေး လုပ်ငန်းသို့သွားရောက်၍  အဆိုပါ လုပ်ငန်း ကုမုဒြာဆောင်၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက  အထည် ချုပ်လုပ်ငန်းဝင်းအတွင်းရှိ မိသားစု ဝင်များနှင့်    အနီးပတ်ဝန်းကျင် ရပ်ကွက်အတွင်း နေထိုင်ကြသည့် ပြည်သူများအနက်    နိုင်ငံသား ကတ်ပြားမရရှိသေးသည့် ပြည်သူ များအား    ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး    ကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကိုဆောင် ရွက်ပေး၍  e-ID   စနစ်အတွက် ကိုယ်ရေးအချက်အလက် (Bio-graphic) နှင့် ဇီဝဆိုင်ရာအချက် အလက်   (Biometric)  များ ကောက်ယူခြင်းလုပ်ငန်း  တစ်ပါ တည်း   ဆောင်ရွက်ပေးနေမှုကို လည်းကောင်း၊   နိုင်ငံသားကတ် ရှိပြီးသူ   စက်ရုံလုပ်သားများနှင့် ပြည်သူများအား ကိုယ်ရေးအချက် အလက် (Biographic) နှင့်    ဇီဝ ဆိုင်ရာအချက်အလက်     (Bio- metric)   များကောက်ယူကာ e-ID စနစ်အတွက်   ဂဏန်း     ၁၀ လုံးပါ    Unique  ID     နံပါတ်   ထုတ်ပေး    ဆောင်ရွက်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှု          ကြသည်။ (အပေါ်ပုံ)
ထို့နောက် လုပ်ငန်းဆောင်ရွက် မှုအခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြရာ  ပြည်ထောင်စုဝန်ကြီးက မြို့နယ်အတွင်း  မည်သည့်နေရာ ဒေသတွင်      နေထိုင်စေကာမူ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင် နိုင်ရေးအတွက်    ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေးနှင့်   ရွှေ့ ပြောင်းနေထိုင်သူများအတွက် အိမ် ထောင်စုလူဦးရေစာရင်း   ရှိ/ မရှိ မေးမြန်းစိစစ်ကာ မရှိသေးသူများ အတွက် မြို့နယ်အဆင့်ဖွဲ့စည်းထား သည့် ငါးဦးကော်မတီဖြင့်  စိစစ် ဆောင်ရွက်ပေးနိုင်ရေး   မှာကြား ကာ         လုပ်ငန်းလိုအပ်ချက် များ   ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည် ဒေသခံပြည်သူများ အား   လုပ်ငန်းဆောင်ရွက်ပေးမှု အခြေအနေများအပေါ် တွေ့ကြုံရ သည့်အခက်အခဲများကို မေးမြန်း ဆွေးနွေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိ မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားသင်တန်းကျောင်း သို့သွားရောက်၍ သင်တန်းကျောင်း ခန်းမ၌  အကြမ်းဖက်ဖြစ်စဉ်များ မဖြစ်ပွားမီ        ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ဒေသအသီးသီးသို့ သွားရောက် တာဝန်ထမ်းဆောင် ရန် ပြောင်းရွှေ့မိန့်ထုတ်ပြန်ထားသည့်ဝန်ထမ်းများနှင့် အကြမ်းဖက် ဖြစ်စဉ်များဖြစ်ပွားနေသည့် ရှမ်း ပြည်နယ်(မြောက်ပိုင်း‌)     ဒေသ အသီးသီးရှိ ခရိုင်နှင့် မြို့နယ်ဦးစီး မှူးရုံးများမှ    နေပြည်တော်သို့ ယာယီစစ်ဘေးရှောင်ရောက်ရှိလာ သည့်ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီးအား   ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက      သင်တန်း ကျောင်းသို့ ယာယီစစ်ဘေးရှောင် ရောက်ရှိနေသည့်    ဝန်ထမ်းများ အခြေအနေနှင့်       ၎င်းတို့အား နေထိုင်စားသောက်ရေး     စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေ များကို      ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တည်ငြိမ် အေးချမ်းမှု    ရှိသည်နှင့်အညီ သက်ဆိုင်ရာရုံးများသို့ ပြန်လည် စေလွှတ် တာဝန်ထမ်းဆောင်နိုင် ရေးအခြေအနေတို့နှင့် စပ်လျဉ်း၍ မှာကြားကာ    ဝန်ထမ်းများ၏ တင်ပြချက်များကို   လိုအပ်သည် များ    ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ဆန်အိတ် များနှင့် စားသုံးဆီတို့ကို ထောက်ပံ့ ပေးအပ်သည်။
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးသည် အဆိုပါဝန်ထမ်းများ နေရာချထားသည့် အိပ်ဆောင်များ အခြေအနေ၊   ရေ/ မီး   ရရှိမှုနှင့် စားရိပ်သာ    အခြေအနေတို့ကို လှည့်လည်ကြည့်ရှု   စစ်ဆေးကာ တာဝန်ရှိသူများကို လုပ်ငန်းလိုအပ် ချက်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်