
နေပြည်တော် ဒီဇင်ဘာ ၁၅
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် ဘောလုံး ပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဝင်များ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ကြသည်။
ကြည့်ရှုအားပေး
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ဒေါက်တာ မှုထန်နှင့် ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူ များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားအဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများနှင့် ဘောလုံး ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ရှေးဦးစွာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစား ပွဲတော် ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသ ကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသ ကြီးအသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနား ကို ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေက အကောင်းဆုံး ရှေ့တန်းကစားသမားဆု၊ အကောင်းဆုံး အလယ်တန်း ကစားသမားဆု၊ အကောင်း ဆုံး နောက်တန်းကစားသမားဆု၊ အကောင်းဆုံး ဂိုးသမားဆုနှင့် ပွဲစဉ် တစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိကြသူများကို တစ်ဦးချင်းအကောင်း ဆုံး ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ပေးအပ်ချီးမြှင့်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသ ကြီးအသင်းကိုလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန် ကျော်က ဒုတိယဆုရရှိသည့် ကရင် ပြည်နယ်အသင်းကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာမှုထန်က ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို လည်း ကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်များ နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြ သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက ပထမ ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းအား အမျိုးသားတံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။
ပါဝင်ယှဉ်ပြိုင်
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံ ပညာကျောင်းသား အားကစားပွဲတော်ကို ဒီဇင်ဘာ ၄ ရက်မှ ၁၅ ရက်အထိ အားကစား နည်းများအလိုက် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ လေ့ကျင့်ရေးဘောလုံးကွင်းများနှင့် အားကစားရုံများ၌ ကျင်းပ ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် များမှ အဖွဲ့ခေါင်းဆောင်များ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ စုစုပေါင်း ၁၈၅၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်