ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ကြီးမှူး၍ (၂၆) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများအစည်းအဝေး မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် အောင်မြင်စွာလက်ခံကျင်းပ

 

နေပြည်တော်  ဒီဇင်ဘာ   ၁၅ 


(၂၆)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ဝန်ကြီးများအစည်းအဝေးကို  မြန်မာနိုင်ငံဆိုင်ရာ ဂျီအမ်အက်စ်ဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်က   သဘာပတိအဖြစ် ဦးဆောင်၍ နေပြည်တော်ရှိ Grand Amara Hotel ၌ ယနေ့ ကျင်းပသည်။


အဆိုပါအစည်းအဝေးကို    အလွတ်သဘော အစည်းအဝေးနှင့် မျက်နှာစုံညီအစည်းအဝေး အပိုင်း နှစ်ပိုင်းဖြင့် ကျင်းပခဲ့ပြီး အလွတ်သဘောအစည်းအဝေး ၌ ဂျီအမ်အက်စ်ဒေသခွဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်တီထွင်မှုမဟာဗျူဟာရေးဆွဲရေးနှင့် ဒေသခွဲ အတွင်း   ဒေသန္တရအစိုးရအချင်းချင်း    ချိတ်ဆက် ဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေး စသည့်ခေါင်းစဉ် နှစ်ခုအပေါ် တက်ရောက်လာသည့်နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ခေါင်းဆောင်များက ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးကြသည်။


ဦးဆောင်ဆွေးနွေး


ပထမခေါင်းစဉ်ဖြစ်သည့်    ဆန်းသစ်တီထွင်မှု မဟာဗျူဟာရေးဆွဲရေး (Preparation of a Innova-tion Strategy for GMS 2030) နှင့်စပ်လျဉ်း၍ သဘာ ပတိဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဦးဆောင်ဆွေးနွေးပြီး အဖွဲ့ဝင်နိုင်ငံ  ကိုယ်စားလှယ် များက မဟာဗျူဟာအတွက် လျာထားသည့်ရည်မှန်း ချက်များ၊ လုပ်ဆောင်မည့်နယ်ပယ်နှင့်  ဦးစားပေး ကိစ္စရပ်များအပေါ် လမ်းညွှန်အကြံပြုမှုများနှင့် ဂျီအမ် အက်စ်မဟာဗျူဟာအနေဖြင့် နိုင်ငံအလိုက်ဆောင်ရွက် နေသည့် ဆန်းသစ်တီထွင်မှု မဟာဗျူဟာများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်  အချက်များကို ဆွေးနွေးကြသည်။


ထို့နောက်  ဒုတိယခေါင်းစဉ်ဖြစ်သည့်     ဂျီအမ် အက်စ်ဒေသခွဲအတွင်း ဒေသန္တရအစိုးရအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေး (Str-engthening the Engagement of  the   Local Government in GMS) နှင့်စပ်လျဉ်း၍ သဘာပတိ ဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မိတ်ဆက်ရှင်းလင်းတင်ပြသည်။ 


အဆိုပါ ခေါင်းစဉ်နှင့်စပ်လျဉ်း၍ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ခေါင်းဆောင်များက အမြင်ချင်းဖလှယ် ဆွေးနွေးကြရာတွင် ဂျီအမ်အက်စ်အစီအစဉ်ကို Local Government များအပါအဝင် အခြားပါဝင်ဆက်နွှယ် သူများ (Stakeholders) အားလုံးပါဝင်သော ပွင့်လင်း သည့်ပုံစံ (Inclusive and Open Platform) အဖြစ် ဖော်ဆောင်ရေးနှင့်    ပိုမိုတက်ကြွသည့်ပူးပေါင်း ဆောင်ရွက်မှုဖြစ်စေရေးအတွက် ဂျီအမ်အက်စ်အစီ အစဉ်အောက်တွင် လက်ရှိဒေသန္တရအစိုးရအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေများကို အကဲဖြတ် သုံးသပ်ခြင်းဖြင့်    ပိုမိုအားကောင်းခိုင်မာစေမည့် နည်းလမ်းများ  ရှာဖွေ‌ဆောင်ရွက်ကြရန်    လိုအပ် ကြောင်း အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ 


ဂျီအမ်အက်စ်အစီအစဉ်သည် ဆယ်စုနှစ် သုံးခု ကျော် ကာလတိုင်အောင် ပေါင်းစည်းလုပ်ဆောင်မှု များဖြင့် လက်တွဲဆောင်ရွက်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံများ ၏ အားကောင်းခိုင်မာပြီး စည်းလုံးညီညွတ်မှုအင်အား တို့ကို ရည်ညွှန်းဖော်ဆောင်သည့်အနေဖြင့်  ယခုနှစ် အစည်းအဝေးကို “အနာဂတ်ကာလတွင် မျှဝေခံစားမှု နှင့်အတူ ခံနိုင်ရည်ရှိသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်ရေးအတွက်ခိုင်မာပြီး စည်းလုံးညီညွတ်သည့် မဲခေါင်ဒေသခွဲအသိုက်အဝန်းတစ်ရပ် တည်ဆောက် ခြင်း”  ခေါင်းစဉ်ဖြင့်   ကျင်းပရန်ရွေးချယ်ခဲ့ခြင်းဖြစ် သည်။ 


ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား


ဖွင့်ပွဲအခမ်းအနားတွင်     သဘာပတိဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ကြိုဆို နှုတ်ခွန်းဆက်စကားနှင့် အခြားဂျီအမ်အက်စ်အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အမှာစကားများ ပြောကြားကြသည်။ 


အစည်းအဝေးတွင်   ဂျီအမ်အက်စ်အစီအစဉ်၏ လတ်တလော  ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ယခုကျင်းပသည့်    ဝန်ကြီးများအစည်းအဝေး၌ အတည်ပြုရန်နှင့် မှတ်တမ်းတင်ရန်ရှိသည့်အကြောင်း အရာများပါဝင်သည့် အဆင့်မြင့်အရာရှိများအစည်းအဝေးအစီရင်ခံစာကို မဟာမဲခေါင်ဒေသခွဲအဆင့်မြင့် အရာရှိများကိုယ်စား    မြန်မာနိုင်ငံဆိုင်ရာ   ဂျီအမ် အက်စ်ညှိနှိုင်းရေးမှူးဖြစ်သူ နိုင်ငံခြားစီးပွားဆက်သွယ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာ မျိုးညွန့်က   ဝန်ကြီးများနှင့်     နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ခေါင်းဆောင်များထံ ဖတ်ကြားတင်ပြ ခြင်း၊ ဂျီအမ်အက်စ်စီးပွားရေးကောင်စီများအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၏တိုးတက်မှု နှင့်   လက်ရှိဆောင်ရွက်မှုများပါဝင်သည့်  အစည်း အဝေးအစီရင်ခံစာကို    ဂျီအမ်အက်စ်စီးပွားရေး ကောင်စီ သဘာပတိကဝန်ကြီးများနှင့် နိုင်ငံကိုယ်စား ပြုကိုယ်စားလှယ်ခေါင်းဆောင်များထံ   ဖတ်ကြား တင်ပြခြင်းတို့ ဆောင်ရွက်ကြသည်။ 


ထို့နောက် အစည်းအဝေးတက်ရောက်လာကြ သည့် ဂျီအမ်အက်စ်ဝန်ကြီး/ဒုတိယဝန်ကြီးများနှင့် နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်ခေါင်းဆောင်များက ဂျီအမ်အက်စ်ဒေသခွဲ    ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်တီထွင်မှုမဟာဗျူဟာ    ရေးဆွဲရေးဆိုင်ရာ သဘောတရားစာတမ်းကို အတည်ပြုကြပြီး ဒေသခွဲ အတွင်း    ဒစ်ဂျစ်တယ်စနစ်အသွင်ကူးပြောင်းရေး တိုးမြှင့်ဆောင်ရွက်ခြင်းဆိုင်ရာလေ့လာချက်၊ ဂျီအမ် အက်စ်အစီအစဉ်တွင် ပုဂ္ဂလိကကဏ္ဍနှင့်   ချိတ်ဆက် ဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရေးဆိုင်ရာ လေ့လာချက် နှင့်  ဂျီအမ်အက်စ်ဒေသခွဲတွင်    ဒေသန္တရအစိုးရ အချင်းချင်း   ချိတ်ဆက်ဆောင်ရွက်မှု    အားကောင်း ခိုင်မာရေးဆိုင်ရာလေ့လာချက်တို့ကို အသိအမှတ်ပြု မှတ်တမ်းတင်ကြသည်။ 


အစည်းအဝေးအတွင်း ဂျီအမ်အက်စ်ဝန်ကြီးများ ပူးတွဲကြေညာချက် (Joint Ministerial Statement) အပေါ်   အပြီးသတ်ဆွေးနွေး   အတည်ပြုခဲ့ကြပြီး အစည်းအဝေးအပြီးတွင်   တက်ရောက်လာသည့် ကိုယ်စားလှယ်များအား      ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကာ   မြန်မာ့ရိုးရာယဉ်ကျေးမှုအက အလှများဖြင့် ဖျော်ဖြေဧည့်ခံသည်။


ဂျီအမ်အက်စ်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ
မာရဝိဇယဘုရားသို့ သွားရောက်ဖူးမြော်


ထို့နောက်    ဂျီအမ်အက်စ်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် နေပြည်တော်တွင် တည်ထား ကိုးကွယ်သည့်  မာရဝိဇယဘုရားသို့    သွားရောက် ဖူးမြော်ခြင်း၊ ကျောက်မျက်ပြတိုက်သို့   သွားရောက် လေ့လာခြင်း၊ ရန်ကုန်မြို့တွင် ရွှေတိဂုံစေတီတော်နှင့် ဗိုလ်တထောင်ဘုရားတို့သို့ သွားရောက်ဖူးမြော်ခြင်း တို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


(၂၆)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများမျက်နှာစုံညီအစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့မှ ဒုတိယအတွင်းရေးမှူးချုပ် ဖြစ်သူ Mr. Nut Unvoanra ဦးဆောင်ပြီး အဖွဲ့ဝင် သုံးဦး၊ တရုတ်နိုင်ငံ  ဘဏ္ဍာရေးဝန်ကြီးဌာနမှ  ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Lu Jin ဦးဆောင်ပြီး အဖွဲ့ဝင် ခုနစ်ဦး၊ လာအိုနိုင်ငံ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံ မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ Mme. Phone-vanh Outhavong ဦးဆောင်ပြီး အဖွဲ့ဝင်  လေးဦး၊ ထိုင်းနိုင်ငံ အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှု ကောင်စီရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်ဖြစ်သူ Mr. Wanchat Suwankitti ဦးဆောင်ပြီး အဖွဲ့ဝင် ၁၁ ဦး၊ ဗီယက်နမ်နိုင်ငံ   စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီးဖြစ်သူ Mr. Tran Quoc Phuong ဦးဆောင်ပြီး အဖွဲ့ဝင် ငါးဦးပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့များ၊ မဲခေါင်သိပ္ပံအမှုဆောင်ညွှန်ကြားရေးမှူး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊   သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ် များနှင့်   ပုဂ္ဂလိကကဏ္ဍမှ    ကိုယ်စားလှယ်များ စုစုပေါင်း ၈၀ ပါဝင်တက်ရောက်ခဲ့ကြသည်။


အွန်လိုင်းစနစ်ဖြင့် ကျင်းပ


(၂၆)ကြိမ်မြောက်    ဂျီအမ်အက်စ်ဝန်ကြီးများ အစည်းအဝေးကျင်းပရေးနှင့်စပ်လျဉ်းသည့် အဆင့်မြင့် အရာရှိများ၏    ညှိနှိုင်းအစည်းအဝေးများကိုလည်း ယခုနှစ် ဧပြီ၊ အောက်တိုဘာနှင့်  နိုဝင်ဘာတို့တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကြီးမှူးလျက် အွန်လိုင်း စနစ်ဖြင့် ကျင်းပခဲ့သည်။


မြန်မာနိုင်ငံသည်   ဂျီအမ်အက်စ်အစီအစဉ်နှင့် စပ်လျဉ်း၍  ၂၀၁၁ ခုနှစ်တွင်  စတုတ္ထအကြိမ် ဂျီအမ် အက်စ်ထိပ်သီးအစည်းအဝေး၊   ၂၀၁၂   ခုနှစ်တွင် စတုတ္ထအကြိမ် ဂျီအမ်အက်စ်စီးပွားရေးစင်္ကြံများဖိုရမ်၊ ၂၀၁၅ ခုနှစ်တွင် အကြိမ်(၂၀)မြောက် ဂျီအမ်အက်စ် ဝန်ကြီးများအစည်းအဝေးနှင့်   ၂၀၁၈   ခုနှစ်တွင်  (၁၀)ကြိမ်မြောက် ဂျီအမ်အက်စ်စီးပွားရေးစင်္ကြံများ ဖိုရမ်တို့ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပသည်။ 


ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် ဇွန်လတွင် (၆)ကြိမ်မြောက် ဂျီအမ်အက်စ်မြို့ပြဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် နိုဝင်ဘာတွင် (၅၂) ကြိမ်မြောက်    ခရီးသွားလုပ်ငန်းအဖွဲ့အစည်း အဝေးတို့ကိုလည်း   အိမ်ရှင်အဖြစ်   လက်ခံကျင်းပခဲ့ ကြောင်း သိရသည်။                                

သတင်းစဉ်