
ဝါရှင်တန် ဒီဇင်ဘာ ၁၄
နာဆာ (အမေရိကန်အမျိုးသား အာကာသနှင့် လေကြောင်းဦးစီး ဌာန) သည် ပင်လယ်သမုဒ္ဒရာများ နှင့် တိမ်တိုက်များကို စူးစမ်း လေ့လာရန် ကမ္ဘာ့စူးစမ်းလေ့လာရေးခရီးစဉ်အသစ် (မစ်ရှင်) တစ်ခု ကို မကြာမီစတင်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၃ ရက်က ကြေညာလိုက်သည်။
လွှင့်တင်သွားမည်
ပေ့စ်ဟု အမည်ပေးထားသော ယင်းမစ်ရှင်ကို ဖလော်ရီဒါရှိ ကိတ်ပ်ကာနာဗီရယ် အာကာသ စခန်းရှိ စပေ့စ်လန့်ချ်ကွန်ပလက် အိတ်စ် ၄၀ မှ ဂြိုဟ်ပတ်လမ်းထဲ သို့ ဖေဖော်ဝါရီ ၆ ရက်ထက် နောက်မကျစေဘဲ လွှတ်တင်သွား မည်ဖြစ်သည်။
ပေ့စ်မစ်ရှင်သစ်သည် နာဆာ ၏ နှစ် ၂၀ ကြာ ကမ္ဘာ့သမုဒ္ဒရာ ဇီဝဗေဒ၊ လေဖိအားနှင့် တိမ် တိုက်ဆိုင်ရာ ဂြိုဟ်တုလေ့လာ စူးစမ်းမှုမှတ်တမ်းများကို ဆက် လက် ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ကြောင်း နာဆာက ပြောသည်။
ကူညီသွားမည်
ကမ္ဘာ့စူးစမ်းလေ့လာရေးခရီး စဉ်မှ ပေးပို့သောအချက်အလက် များက နာဆာကို ပင်လယ် သမုဒ္ဒရာများနှင့် လေထုများ က ကာဗွန်ဒိုင်အောက်ဆိုက်နှင့် မည်သို့ ပြောင်းလဲဖလှယ်သွား သလဲဆိုသည့်အချက်ကို နားလည် စေမည်ဖြစ်သလို ပင်လယ် သမုဒ္ဒရာ ကျန်းမာရေးအခြေအနေ ကိုလည်း စောင့်ကြည့်စစ်ဆေးရာ တွင် ကူညီသွားမည်ဖြစ်သည်။
ဆင်ဟွာ